NEWS

Myanmar Jiale Fashion အလုပ်ရှင်မှ အထည်ကြေးများ ဖြတ်တောက်ရယူထား

CoverLogo
854 Views

Myanmar Jiale Fashion Co., Ltd အထည်ချုပ် စက်ရုံ ပိုင်ရှင်က (တစ်ကဒ်) အထည်ကြေးငွေ တွေကို ဖြတ်တောက် ရယူထားပြီး အဲ့ဒီငွေတွေကို ပြန်လည်ထုတ်ပေးဖို့အတွက် ရက်အတိအကျ သတ်မှတ်မပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 

“အာဏာသိမ်းပြီး သိပ်မကြာဘူး ငွေအသွင်းအထုတ် အဆင်မပြေလို့ဆိုပြီး အလုပ်သမားတွေရတဲ့ တစ်ကဒ်ကြေးထဲက တလ တစ်သောင်း စဖြတ်ထားတယ်။ နောက် တလလုံး တစ်သိန်းရရင် သူက ၅၀ ရာခိုင်နှုန်းလောက် ဖြတ်ထားတယ်။ တဖြည်းဖြည်းနဲ့ အလုပ်သမားက ၄၀  ရာခိုင်းနှုန်းလောက်ပဲ ရတော့တယ်။ အခု အဲလို ဖြတ်တာ  ၃ နှစ်ရှိပြီ။ ရထားတဲ့ ငွေကို အလုပ်သမားတွေက ပြန်လိုချင်နေပြီ”  လို့ ပြောပါတယ်။ 

တစ်ကဒ်ကြေးငွေတွေ ဖြတ်တောက်နေတာ ၃နှစ်ကျော်ရှိလာလို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်မှာ ပေးဖို့ရှိနေတဲ့ တစ်ကဒ်ကြေးတွေကို အလုပ်ရှင်က ပြန်ပေးမယ်ဆိုပြီး  လက်မှတ်ထိုးခိုင်းခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ဒါပေမဲ့ အလုပ်ထွက်မဲ့ အလုပ်သမားတွေ ရဖို့ရှိနေတဲ့ တစ်ကဒ်ကြေးကို လွှဲစာနဲ့ ထုတ်ယူခွင့်မပြုတဲ့အပြင် ဘယ်နေ့ ထုတ်လို့  ရမယ်ဆိုတာ အတိအကျ မပြောဘူးလို့ ပြောပါတယ်။

 “ဘယ်ချိန်  လာထုတ်လိုရလည်း၊ လွှဲစာနဲ့ လူစားထုတ်လို့ရမလား မေးတော့  နိုင်ငံခြားသွားတာ မဟုတ်လို့လွှဲ စာနဲ့ ထုတ်မပေးဘူးလို့ စက်ရုံဘက်က ပြောတယ် ။  ဘယ်တော့ ထုတ်လို့ ရမလဲမေးတော့ ရမဲ့ရက်  ဖုန်းဆက်ပြောမယ် ပြောပြန်တယ်။ တိတိကျကျလည်း  မပြောဘူး။  အလုပ်သမားတွေ ရရှိမဲ့ ပိုက်ဆံက များနေပြီ၊  အချိန်ကြာနေပြီ၊ အမြန်လည်း လိုချင်တယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။  

စက်ရုံဘက်ကပေးတဲ့ တစ်ကဒ်ကြေးကို  အော်စူပါ၊ စူပါတွေနဲ့ အဆင်ပြေတဲ့ အလုပ်သမားတွေကိုပဲ ဘက်လိုက်  ခွဲခြား ပေးနေတယ်လို့လည်း သိရပါတယ်။ 

Myanmar Jiale Fashion Co..Ltd အထည်ချုပ် စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊  ရွှေသံလွင်စက်မှုဇုန်၊ ချင်းတွင်းလမ်းမှာ ဖွင့်လှစ်ထားပြီး  အလုပ်သမား ၅၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပါတယ်။ တရုတ်နိုင်ငံသား ပိုင်ဆိုင်ပြီး  AMISU  တံဆိပ် အထည်တွေချုပ်လုပ်နေတယ်လို့ သိရပါတယ်။   

လုပ်ငန်းခွင်အတွင်းမှာ  တရုတ်အမျိုးသမီးတဦးက  တိုက်ရိုက်အုပ်ချုပ်နေပြီး  အထည်စံချိန်မပေးနိုင်ပါက ဆဲဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“အလုပ်သမားတွေ မချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ကို မတရားတောင်းတယ်၊ စက်လိုင်းထဲက အော်စူပါ၊ စူပါများတွေက အထည်စံချိန် မပြည့်ဘူးဆိုတာနဲ့  အော်ဟစ်ဆဲဆိုနေတော့တာပဲ” လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောပါတယ်။ 

Myanmar Jiale Fashion အလုပ်သမားတွေမှာ ထောက်ပံကြေး အပါ ဒေကြေး  ၇၀၀၀ ၊ အချိန်ပို အိုတီကြေး ၁၇၀၀ သာရရှိပြီး တခြားခံစားခွင့်မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် အလုပ်သမား ဥပဒေပါ   ခွင့်ရက်တွေမရတဲ့ အပြင် အလုပ်  ရက်ပျက်ပါက တစ်ကဒ်ကြေးအပါ ကျပ် ၄၀၀၀၀ ဝန်းကျင်ဖြတ်ထောက်ခံနေရတယ်လို့လည်း အလုပ်သမားတွေက ပြောကြားထားပါတယ်။  

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026