NEWS

Myanmar Jiale Fashion ပိုင်ရှင် အပြောင်းအလဲ ပြုလုပ်၊ ကလေး လုပ်သားများအား ခိုင်းစေပြီး ၃ လတခါ အလုပ်ဖြုတ်

CoverLogo
433 Views
 
စက်ရုံက မေလမှာ လစာကို နောက်ကျမှ ပေးပြီးနောက်ပိုင်းမှာ ပိုင်ရှင် အပြောင်းအလဲ ဖြစ်ပါတယ်။
 
ပိုင်ရှင်ပြောင်းသွားတာက ညီမတို့ အရမ်းကို စိုးရိမ်မိတယ်။ စက်ရုံက လစာပေးရက်က မမှန်တာနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ပိုင်ရှင် အပြောင်းအလဲ ကြုံပြီး အလုပ်သမားတွေ လိုင်းလုံးကျွတ် အလုပ်က အနားပေးတယ်။ လုပ်သက်နု ၂ နှစ်အောက် အလုပ်သမားတွေမှာ ဘာခံစားခွင့်မှ မရခဲ့ဘူး။ ညီမတို့က လုပ်သက်ရင့် နှစ်ကြီးသမား တွေမို့ အဲ့လို အလုပ်ဖြုတ်ပြီး နစ်နာကြေး မရမှာမျိုး စိုးရိမ်တယ်။ စက်ရုံံက ဒါကို ဖုံးထားပြီး ပွင့်ပွင့်လင်းလင်း ပြောတာ မရှိဘူး။
 
အသက် ၁၄၊ ၁၅ နှစ်အရွယ် ကလေးလုပ်သား တွေကိုလည်း ကွန်တိန်နာတင်ချိန် မီဖို့ ၊ အထည်ရဖို့ အရေးပေါ်လိုလို့ ဆိုပြီး Mr. Kevin To စက်ရုံ နှစ်ရုံရဲ့ အထွေထွေမန်နေဂျာ နဲ့ စက်ရုံမှူး ၂ ယောက်က အတင်းအကျပ်အလုပ်ခန့်ပါတယ်။ LPP audit (ကုန်အမှတ်တံဆိပ်ကိုယ်းစားလှယ်) လာစစ်တဲ့ ၂ ရက်ကို အလုပ်မဆင်းခိုင်းပဲ အိမ်မှာ ရှောင်နေခိုင်း ထားတယ်။ မဖြစ်မနေ ဆင်းရတဲ့သူတွေကို အိမ်သာထဲ ပုံန်းခိုင်း ဖွက်ခိုင်းထားခဲ့တယ်။
 
စက်ရုံ ၂ မှာ ၄၀/၄၅ ယောက်၊ စက်ရုံ ၁ မှာ အယောက် ၃၀ ယောက်ကို အလုပ်မလာခိုင်းဘဲ လစာမဲ့ပျက်ရက် အဖြစ် သတ်မှတ်တယ်လို့ ပြောကြပါတယ်။ audit က ရုံ (၁) မှာအရင်ဝင်ပြီး၊ (၂) မှာနောက် ၂ လအကြာ ဝင်ပါတယ်။
အသက် ၁၆ / ၁၇ အရွယ်တွေဆိုရင်တော့ တချို့ကို လစားခန့်ကြတယ် ။ အသက် ၁၄/၁၅ တွေကို နေ့စား ခန့်ထားပါတယ်။
 
ကလေး လုပ်သားတွေကို အလုပ်က ၃ လ လုပ်၊ တစ်ပတ်နား။ နောက် ၃ လလုပ်နဲ့ပဲ လုပ်ခိုင်းပါတယ်။ ဒီအပတ်အတွင်းမှာ iron က နေ့စားကို ဘာအကြောင်းမှမရှိပဲ တောက်လျှောက် လုပ်လာခဲ့ပြီးမှ နားမယ်ဆိုပြီး ခေါ်ပြောပါတယ်။
 
နေ့စားလုပ်သားတွေနဲ့ အမြဲတမ်းခန့်လုပ်သားတွေရဲ့ အဓိက ကွာခြားတာက ခွင့်ရက်နဲ့ ခွင့် ခံစားခွင့်မရဘူး၊ လူမှုဖူလုံရေး ပေးသွင်းမရဘူး၊ ခံစားခွင့်လည်း မရဘူး။
 
နေ့စား အလုပ်သမားတွေကို လစားပြောင်းတာမျိုး တခါပဲ လုပ်ပေးဖူးပါတယ်။ အလုပ်သမားရုံးက လာစစ်လို့ မတတ်သာလို့ နဲနဲ့ ပြောင်းပေးတာပါ။
 
အထွေထွေလုပ်သားတွေဆို အကုန် နေ့စားဘဝနဲ့ပဲ နှစ်ရှည်လများလုပ်ရတာ။ လစားခန့်ပေးဖို့ တောင်းဆိုပေမဲ့ Kevin က မပြောင်းပေးဘူးပဲ ပြောခဲ့တယ်။
 
စက်ရုံ အလုပ်ချိန်က မနက် ၈ ၊ ညနေ ၆:၃၀။ စနေနေ့မှာ မနက် ၈ ၊ ညနေ ၄:၃၀ ပါ။ တနင်္ဂနွေက မနက် ၈ ကနေ ညနေ ၄:၃၀ အထိလုပ်ရပါတယ်။ တနင်္ဂနွေနေ့တွေမှာ တစ်လကို ၂ ရက် ၃ ရက် ဆင်းရပါတယ်။ နားရက်က တလ နှစ်ရက်လောက်ပဲ ရတာပါ။
 
လက်ရှိ စက်ရုံ ချုပ်နေတဲ့ brand အမည် LPP, Sinsay, Amisu, Defacto, Punt Roma တွေပါ။ ဂျပန်အော်ဒါ တွေလည်း ချုပ်ရပါတယ်။
 
Myanmar Jiale Fashion အထည်ချုပ်စက်ရုံမှာ မြန်မာဂျူလီ (၁) (၂ ) ဆိုပြီး နှစ်ရုံရှိပါတယ်။ (၁) မှာက ၁၀၀၀ ဝန်းကျင်၊ (၂) မှာ လုပ်သား ၈၀၀ ကျော်ဝန်းကျင်စီ လုပ်ကိုင်နေကြပါတယ်။ လှိုင်သာယာမြို့နယ်၊ မင်းဧရာလမ်းမ၊ ရွှေသံလွင်စက်မှုဇုန်၊ အမှတ် ၁၃မှာ မြန်မာဂျူလီ (၁)၊ ဗန်းမော်အတွင်းဝန်လမ်း၊ ရွှေလင်ဗန်းစက်မှုဇုန်၊ အမှတ် ၄၄ မှာ မြန်မာဂျူလီ (၂)တို့ ရှိ ပါတယ်။

Related posts

Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026