NEWS

Myanmar Huasheng Kefu Fashion စက်ရုံမှာ အချိန်ပိုမဆင်းလို့အလုပ်ထုတ်

CoverLogo
689 Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန်၊ မြခတ္တာလမ်း အမှတ်- မှာ  ဖွင့်လှစ်ထား တဲ့ Myanmar Huasheng Kefu Fashion စက်ရုံက အလုပ်ရှင်ဟာ အထည်စံချိန်အလွန်အကျွံတောင်းခံတာ၊ နေ့စားသမားတွေကို ၃ လပြည့်ပေမယ့် အတည်ပြုမခန့်တာ၊ ကလေးလုပ်သားတွေကို အရွယ်ရောက်လုပ်သားတွေနဲ့ တန်းတူလုပ်ကိုင်ခိုင်းတာ၊ စက်ရုံမှာ သန့်ရှင်းတဲ့ သောက်ရေနဲ့ ဆေးဝါး ပံ့ပိုးပေးခြင်းမရှိတာ၊ ဆဲဆိုပြီး ဖိအားပေးခြိမ်းခြောက်ခိုင်းစေတာနဲ့    အချိန်ပိုခေါ်လို့အချိန်ပိုမဆင်းပါက  အလုပ်ကနေထုတ်ပယ်တာတွေပြုလုပ်တာကြောင့် အခက်အခဲဖြစ်ပေါ်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၄၅၀ ကျော်နဲ့ sinsay တံဆိပ် ကုတ်အင်္ကျီတွေ ချုပ်လုပ်နေတဲ့စက်ရုံဖြစ်တယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်မှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ လည်း သိရပါတယ်။

"အလုပ်ရှင်ဘက်က အချိန်ပိုအိုတီခေါ်လို့ အလုပ်သမားတွေကမဆင်းရင် ဥပဒေမဲ့အလုပ်တာတွေ ဘယ်သူ့မှဂရုမစိုက်ဘူး ထုတ်ချင်လို့ထုတ်တာလို့ကို ပြောပြီးအလုပ်ထုတ်နေတာတွေ နေထိုင်မကောင်းလို့အလုပ်တစ် ရက်ပျက်ဖို့နေနေသာသာ အချိန်ပိုအိုတီမဆင်းနိုင်တာနဲ့ အလုပ်ကတန်းထုတ်ပစ်လိုက်တာမျိုးတွေ  အလုပ်ရှင်ကလုပ်ဆောင်နေပါတယ်"လို့ အဲ့ဒီစက်ရုံမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲမှာလည်း  နေ့စားအလုပ်သမားတွေ ကို  ၃ လပြည့်ပေမဲ့ အတည်ပြု၀န်ထမ်းမခန့်အပ်ပဲ နေ့စားအလုပ်သမားများအဖြစ်သာ ခိုင်းစေနေသလို ကျန်းမာရေး ကောင်းမွန်ကြောင်းဆရာဝန် ထောက်ခံစာမပါဘဲ အသက်၁၄၊ ၁၅၊ ၁၆နှစ်အရွယ် လူငယ်၊ လူရွယ်ဖြစ်တဲ့ ကလေးအလုပ်သမား ၅၀ ဦးခန့်မှာ လူကြီးအလုပ်သမားများကဲ့သို့ တန်းတူလုပ်ကိုင်ရတာကြောင့်  လုပ်ငန်းမကျွမ်းကျင်လို့ တစုံတရာ အမှားအယွင်းဖြစ်ပေါ်ပါက ဖိအားကြောင့် ငိုနေရတယ်လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် အလုပ်သမားတွေခံစားခွင့်ရှိတဲ့  ရှောင်တစ်ခင်ခွင့်လည်း အလုပ်ရှင်ဘက်မှမပေးဘဲ  အလုပ်တစ် ရက်ပျက်ပါက ဒေးကြေး+ထောက်ပံ့ကြေး ၈၀၀၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၅၀၀၀၀ ကျပ်ဖြတ်တောက် ပစ်ခြင်းကြောင့် အလုပ်သမား တွေ နစ်နာမှုရှိနေတာပါ။

"အခုစက် ရုံမှာအလုပ်သမားတွေ သောက်တဲ့ သောက်ရေက သံချေးနံ့ရနေပြီး ညစ်ပတ်နေလို့ လုံး၀သောက်လို့ အဆင်မပြေဘူး။ စက်ရုံဘက်က တာ၀မန်ရှိသူတွေကလည်း သိပေမဲ့ဆောင်ရွက်ပေးတာမရှိဘူး။ ဆေးခန်းကလဲရှိပေမဲ့ ဆေးကမရှိဘူး၊  ဆရာမကလဲအမြဲ လိုက်ရှာနေရတာ တစ်ခါမှဆေးခန်းထဲမရှိဘူး။ အထည်စံချိန်တွေလည်း အလုပ်သမားမချုပ်လုပ်နိုင်တဲ့အထိ မတရားတောင်းတာ၊  စက်လိုင်းတစ်လိုင်းကို လူ၃၅ယောက်လောက်ရှိပြီး တနာရီကို ဘောင်းဘီအထည်ကို ၇၀ လောက်တောင်းခံနေတာ။ အလုပ်ရှင် ဘက်က တောင်းတဲ့စံချိန်မရရင် တရုတ်အမျိုးသမီးကိုယ်တိုင် အထည်လိုက်တောင်းရင်း မြန်မာလိုမပီကလာ ပီကလာနဲ့ အလုပ်သမားတွေကိုအော်ဟစ်ပြီးပြောဆိုနေတာ"လို့ အလုပ်သမားဆိုပါတယ်။ 

စက်ရုံက အချိန်ပိုအိုတီကိုနေ့စဉ် ည၈နာရီမှ၉နာရီအထိဆင်းရပြီး စနေနေ့မှာလည်း ည ၈နာရီအထိခေါ်နေသလို တနင်္ဂနွနေ့ကိုပါနားရက် မပေးဘဲ အချိန်ပိုအိုတီ မဖြစ်မနေဆင်းခိုင်းတာတွေပြုလုပ်နေတာဖြစ်ပြီး  အလုပ်ရှင်ခေါ်တဲ့  အချိန်ပိုအိုတီမဆင်းတာနဲ့ အလုပ်ကနေထုတ်ပယ်တာတွေကြောင့် အလုပ်အကိုင်တည်မြဲရေး အာမခံချက်မရှိတာမျိုးတွေ ကြုံနေရတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို ခွင့်ရက်များခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ အောစူပါများ တရုတ်အမျိုးသမီးမှ အထည်စံချိန်တောင်းရာတွင် အလုပ်သမားများကို ဆဲဆိုခြင်းမပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်က အထည်စံချိန်များကို အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုတောင်းခံရန်။
၄။ အလုပ်ရှင်ဘက်မှ ၃လကျော်ပြီးသော အလုပ်သမားများကိုလည်းအတည်ပြု ဝန်ထမ်းများခန့်အပ်ရန်။ 
၅။ အလုပ်ရှင်ဘက်မှခေါ်သော အချိန်ပိုအိုတီကို မဆင်းနိုင်လျင် အလုပ်ရှင်ဘက်က အချိန်ပိုမဆင်းသော အလုပ်သမားများကို ဥပဒေမဲ့အလုပ်မှထုတ်ပစ်ခြင်း မပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်မှ အလုပ်သမားများအတွက် ဆေးပေးခန်းနှင့် အခြေခံထားရှိရမည့် ဆေးများထားပေးရန်စတဲ့တောင်းဆိုချက် ၆ချက်ကိုလည်း ဖော်ပြတောင်းဆိုလိုတယ်လို့ ပြောပါတယ်။

#MyanmarLabourNews


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026