NEWS

Myanmar Gigi Leather အိပ်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒမပါဘဲ စက်ရုံ အပြောင်းအရွှေ့လုပ်

CoverLogo
896 Views

သဘောဆန္ဒမပါဘဲ စက်ရုံ အပြောင်းအရွှေ့ ပြုလုပ်နေလို့ လုပ်ငန်းခွင်အတွင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေ ရတယ်ဆိုပြီး Myanmar Gigi Leather Goods Manufactory Company Limited ရဲ့ ရုံ ၄ (MK) အိပ်ချုပ်စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံ ပြောင်းရွှေ့ လုပ်ကိုင်ခိုင်းတာ တနှစ်ကို အနည်းဆုံးတကြိမ် ပြုလုပ်တယ်လို သိရပါတယ်။ 

“ ခြောက် လတခါ၊ တနှစ်တခါ ပုံမှန် သွားလုပ်ရတယ်။ တခါသွားလုပ်ရင် ၂လကနေ ၃ လလောက်အထိ ကြာတယ်။ ညီမတို သဘောဆန္ဒလည်း မမေးဘူး၊ အလုပ်ဖို့လာတာတော့ မှန်တယ်။ ဒါပေမဲ့ ပြောင်း လာတဲ့ အလုပ်သမားတွေကို အဲ့စက်ရုံက ခေါင်းဆောင်တွေက စပြီး ခွဲကြားဆက်ဆံတယ်။ နောက်ဆုံး ချုပ်ဖိုအတွက် ခုံတောင် မပေးဘူး။” လို အလုပ်သမားတဦးက သူ့ အတွေ့အကြုံကို ပြောပြပါတယ်။

 Myanmar Gigi Leather Goods Manufactory  အိပ်ချုပ် စက်ရုံမှာ P1 , P2 နဲ့ P4 ဆိုတဲ့ စက်ရုံ၃ ရုံရှိပြီး အဲ့ဒီ စက်ရုံ ထဲက P4 စက်ရုံက အလုပ်သမားတွေကို P 2 စက်ရုံကို ပြောင်းရွှေ့ခိုင်းစေနေတာ လို့ အလုပ်သမား တွေက ပြောပါတယ်။

“တခါပြောင်းတိုင်း တခါလက်မှတ်ထိုးရတာ။ P 2  ရုံမှာ သွားလုပ်ဖို HR က ခေါ်ပြောရင်တော့ ချောနေတာပဲ။ P 2 ရုံလည်း ရောက်ရော P4ရုံ MK ပိတ်ပြီဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။ ၂လ ၃လ ကြာလို P4 ရုံ ပြောင်းခိုင်းပြန်  တယ်။ အဲ့ကြ စက်ရုံ ပြန်ဖွင့်ပြီဆိုပြီး လက်မှတ်ထိုးခိုင်းပြန်တယ်။ လုပ်သက်တွေတော့ ဘယ်လိုတွေ တွက်နေလဲ မသိဘူး။” လို ပြောပါတယ်။

P4 အလုပ်သမားတွေ စက်ရုံပြောင်းဖို HR ဌာနက ခေါ်ပြောပြီး စက်ရုံတွေက Myanmar Gigi Leather Goods Manufactory Company Limited ရဲ့ စက်ရုံတွေ ဖြစ်တယ်လို ပြောဆိုပြီး ပြောင်းခိုင်းခဲ့တာလို အလုပ်သမားတွေ က ပြာပါတယ်။  စက်ရုံပြောင်းရပေမဲ့ တစုတစည်းတည်း လုပ်ကိုင်ရတာ မဟုတ်ဘဲ P2 ရုံ မှတော့ တယောက်တနေရာစီ ဖြန့်ခွဲပြီး ဝင်ရောက် လုပ်ကိုင်ရတာလို အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် P4မှာ အလုပ်မရှိဘူးဆိုပြီး P2 စက်ရုံကို မကြာခဏ ပြောင်းရွှေ့တာကြောင့် စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ ဖြစ်နေရတယ်လို သိရပါတယ်။

“မတ်တပ်ရပ် လုပ်ခိုင်းတယ်၊ ဆဲဆိုတာတွေရော ၊ အဲ့စက်ရုံက ခေါင်းဆောင်တွေက ဆိုးဆိုးဝါးဝါး ဆက်ဆံတယ်။  ပြောင်းလာတဲ့ အလုပ်သမားတွေကို ဦးတည်ပြီး ဖိအားပေးတာ၊ အဲစက်ရုံက အလုပ်သမားတွေ အားလုံး ထိုင်ခုံတွေနဲ့ လုပ်နေတာ။ ပြောင်းတဲ့ အလုပ်သမားတွေပဲ ခွဲခြားခံရတာပါ။ ညီမတိုက MK မှာပဲ အလုပ်လုပ်ဖို အင်တာဗျူးဝင်ခဲ့တာ၊ တခြားနေရာ ပြောင်းဖိုလည်း မဟုတ်ဘူး၊ ပြောင်းရမယ်ဆိုတိုင်း လိုင်းသားတွေမှာ ငိုကြယိုကြနဲ့ ၊ ဒီမှာ အသားကျနေတာကို တခြားပြောင်းခိုင်းပြီး ဖိအားပေးတယ်၊ ခွဲခြားဆက်ဆံဆိုတော့ စိတ်ပိုင်းဆိုင်ရာ ဘယ်လိုမှ အဆင်မပြေဘူး။ ” လို ပြောပါတယ်။ 

ဒါ့အပြင် P4 မန်နေဂျာက တရုတ်နိုင်ငံသားတဦး ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ဖိအားပေးစံချိန်တောင်းတွေလည်း ပြုလုပ်နေတယ်လို အလုပ်သမားတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ တလုံး စနေနေ့ အပါအဝင် နေ့စဉ် ည ၈ နာရီခွဲအထိ အချိန်ပိုလုပ်ကိုင်ခဲ့ရပြီး နိုဝင်ဘာ ၂၄ ရက် တနင်္ဂနွေနေ့ကလည်း အချိန်ပို လုပ်ကိုင်ပေးခဲ့ရတယ်လို အလုပ်သမားတွေက ပြောပါတယ်။လက်ရှိ P 4 စက်ရုံမှာ WCC အဖွဲဝင်အလုပ်သမား ကိုယ်စားလှယ်တွေ မရှိတော့လို့ အလုပ်သမားတွေ အကူအညီတောင်းဖို ခက်ခဲနေတယ်လို သိရပါတယ်။ 

Myanmar GiGi Leather Goods Manufactory စက်ရုံ ကတော့ ရန်ကုန်မြို၊ ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန် မှာ ရှိပြီး စက်ရုံက တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို သိရပါတယ်။ စက်ရုံက Michel Kors အမှတ်တံဆိပ် လည်သာ ပိုက်ဆံအိတ်ကို  အလုပ်သမား ၄၀၀ ဝန်းကျင်နဲ့ ချုပ်လုပ်နေတယ်လို အလုပ်သမားတွေက ပြောကြား ထားပါတယ်။

 #MyanmarLabourNews


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026