NEWS

Myanmar GiGi Leather စက်ရုံ အလုပ်သမားများအား ခွဲခြားဆက်ဆံ

CoverLogo
1.1K Views

#ပေးစာ

Myanmar GiGi Leather Goods Manufactory ပိုက်ဆံအိတ် စက်ရုံပါရှင့်။ စက်ရုံကတော့  ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန် မှာပါ။ Myanmar Gigi Leather မှာ စက်ရုံ ၃ ရုံရှိပါတယ်။ ရုံ ၁ ၊ ၂၊ ၄ ဆိုပြီး ရှိတာပါ ။ အခု အကူညီတောင်းတာက ရုံ ၄  (P-4) ကပါ။ 

စက်ရုံထဲမှာ တရုတ်နိုင်ငံသားတဦးက  အလုပ်သမားတွေကို တိုက်ရိုက်ခိုင်းနေပြီး ခွဲခြားဆက်ဆံ ပါတယ်။ စံချိန်တောင်းတာလည်း အလွန်အကျွံပါ။ ကိုယ်ဝန်သည် အလုပ်သမားတွေလည်း တန်းတူ တောင်းနေတာပါ။ 

စက်ရုံထဲမှာ စုစုပေါင်း စက်လိုင်း ၃လိုင်းနဲ့  အခြားဌာနက၂ခုရှိပါတယ်။ စက်လိုင်း တလိုင်းကို ၆၅ ယောက် ရှိ ပါတယ်။ စုစုပေါင်း အလုပ်သမား ၄၀၀ ဝန်းကျင်  ရှိပါတယ်။ 

လုပ်ငန်းခွင်ထဲက တရုတ်နိုင်ငံသားက မျက်နှာပေးတဲ့ လိုင်းတလိုင်းက လွဲပြီး တခြားလိုင်းတွေကို ခွဲခြားဆက်ဆံ နေတာပါ။ 

စံချိန်နည်းတာတို့၊ မရတာတို့၊ ပစ္စည်းပျောက်တာတို့ဆိုရင် တမင်ကို အညှိုးထား ပြောဆိုတာပါ။ အဲဒီ တရုတ်နိုင်ငံ သား မျက်နှာသာပေးတဲ့ လိုင်းဆိုရင် ဘယ်လောက်မှားမှား၊ ဘာပစ္စည်းပျောက်ပျောက်၊ မအော်ပါဘူး။ မဆူပါဘူး။ သူကိုယ်တိုင်တောင်  ရှာပေးပါတယ် ။ 

တခြားဘယ်ဌာနပဲ ဖြစ်ဖြစ် ပစ္စည်းပျောက်တာတို့၊ စံချိန်မရတာတို့ဆိုရင် လိုင်းသားကိုရော ခေါင်းဆောင်တွေပါ လူကြားသူကြားထဲ အအော်ခံ၊ အဆူခံရပါတယ်။ မျက်ရည်ကျရလောက်တဲ့အထိကို ပြောပါတယ်။

တရုတ်စကားနဲ့ အော်ဟစ်ပြောတော့ ဆဲနေလား မဆဲဘူးလားဆိုတာ မသိပါဘူး။ စကားပြန်က အဲ့အချိန်ဆို ဘာသာမပြန်ပေးလို့ ဆဲနေတယ်လို့ ယူဆပါတယ်။ 

အဲ့ဒီတရုတ်နိုင်ငံသားရဲ့ အပြုအမှုက တစ်ခါတလေဆို လူကြားထဲ အရှက်ရစေတယ်။ လက်ညိုးထိုးပြောတယ်။ ပစ္စည်းတွေကို လွှတ်ပစ်ပြီး အော်ပြောတာပါ။ 

အဲဒီတရုတ်နိုင်ငံသားက ရုံ ၄  တရုံလုံးကို အုပ်ချုပ်နေတာပါ။ သူ့အောက်မှာတော့ မြန်မာနိုင်ငံသား ခေါင်းဆောင်တွေ  တွေရှိပါတယ်။ ဌာနအကုန်လုံး သူ ပဲကိုင်ပါတယ်။ 

လိုင်းတလိုင်းနဲ့  တလိုင်း  စံချိန်မတူသလို၊ အော်ဒါ  အိတ်ပုံစံလည်း မတူပါဘူး။ 

လိုင်းရဲ့ထိပ်မှာမဖြစ်နိုင်တဲ့ အရေအတွက်ကို တောင်းပါတယ်။ တစ်နာရီကို ၅၀လောက်ပဲ ရနိုင်တာကို ၇၀/၈၀  အထိ  ပိုတောင်းပါတယ်။ ပုံမှန်ချုပ်နေတာက ၅၀/ ၅၅ ပါ။ ဒါကလည်း အရင်ကတည်းကပါ။ 
 
စံချိန်တောင်းတာမရရင်လည်း အလုပ်နေရင်း အပြောခံရရင် ခေါင်းဆောင်တွေလည်းငို လိုင်းသားတွေလည်း ငို နဲ့ အဲလို ငိုရတဲ့ရက်တွေ  အများကြီးရှိနေတာပါ။ 

လုပ်ငန်းခွင်ထဲမှာ အဲ့ဒီ တရုတ်နိုင်ငံသားက တိုက်ရိုက်ခိုင်းနေတာပါ။ သူလို့ နိုင်ငံခြားသားတွေ ရုံ ၁ နဲ့ ၂ မှာလည်း ရှိပါတယ်။

စံချိန်တောင်းတာ လုပ်ခလစာတွေ တိုးပြီးတဲ့ အချိန်မှာရော တိုးမပေးသေးတဲ့ အချိန်ကပါ တောင်းနေတာပါ။ စံချိန်မရရင် မိုက်နဲ့ အော်ပါတယ်။ အမြဲတမ်း လိုလိုပါပဲ။

တခါတလေ HR ကို သွားပြောပါတယ်။ HR ကလည်း လုပ်ငန်းခွင် အဆင်မပြေဘူးဆိုပြီး လက်မှတ်ထိုး ခိုင်း ပါတယ်။

အဲဒီ တရုတ်နိုင်ငံသားက သူအော်တာ မှန်တဲ့အကြောင်း အလုပ်သမားတွေ စံချိန်မရတဲ့ အကြောင်းပဲ ပြော ပါတယ်။

စံချိန်မပြည့်ရင် ခေါ်ပြီး ပြောနေတော့  ညီမတို့လည်း အပြောခံရမှာ ကြောက်တော့ အိပ်တွေ အသည်းအသန် ချုပ်ရပါတယ်။ 

Myanmar Labour News မှာ အတိုင်ခံရပြီး နောက်ပိုင်း ပိုဆိုးပါတယ်။ 

ကိုယ်ဝန်ဆောင် အလုပ်သမားတွေဆိုလည်း စံချိန်တောင်းပါတယ်။ ကိုယ်ဝန်ဆောင် အလုပ်သမားတွေကတော့ ရုံ ၃ လုံးမှာ  ရှိပါတယ်။ 

စက်ရုံ၁ နဲ့ ၂ ကိုကိုင်ထားတဲ့ TPU Group Leader တအားရိုင်းပါတယ်။ ရုံ ၂ က စက်လိုင်း ၁ကနေ ၅ အထိကိုင်တဲ့ အောစူပါကလည်း ရိုင်းတယ်။ TPU Group Leader ဆိုရင် အလုပ်သမားတွေကို ချုပ်တဲ့ပစ္စည်းတွေနဲ့ ကောက် ပေါက် ပါတယ်။ 

ရိုင်းရိုင်းဆိုင်းဆိုင်း ဆဲတာက ေ-ာက်နဲ့ နှိုင်းတာပါ။ ချုပ်တဲ့ ပစ္စည်းတွေကို ခုံပေါ်ကို ပစ်တင်တာ၊ ဆောင့်အောင့် ချပေးတာတွေလည်းလုပ်ပါတယ်။ 

အဲဒီ စက်ရုံ ၂ ရုံ ကိုကိုင်တဲ့ တရုတ်နိုင်ငံသားကလည်း အခုလို ခွဲခြားတာတွေ လုပ်နေတာ ပါ။

အလုပ်သမားတွေက အခက်အခဲရှိလို့ လုပ်ကိုင်နေရတာပါ။ ခွဲခြားဆက်ဆံ အော်ဟစ်ခံရပြိး ဖိအားတွေနဲ့ အလုပ်တွေကို မလုပ်လိုပါဘူး။ 

ဒါကြောင့် ကူညီပေးဖို့ မေတ္တာရပ်ခံပါတယ်။ 

Myanmar GiGi Leather Goods Manufactory   စက်ရုံ ကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန် မှာ ရှိပြီး စက်ရုံက တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ သိရပါတယ်။ စက်ရုံက Michel Kors အမှတ်တံဆိပ် လည်သာ ပိုက်ဆံအိတ် ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။ 

 #MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026