NEWS

Myanmar Fortress Wealth Garment စက်ရုံမှာ သင်္ကြန်ပိတ်ရက်တွေအစားထိုးဆင်းခိုင်းနေဟုဆို

CoverLogo
1.5K Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်၊ ပဒံရပ်ကွက်၊ အနော်ရထာလမ်းနှင့် ဧရာဝတီ လမ်းထောင့်လမ်း တွင်ဖွင့်လှစ်ထားသော Myanmar Fortress Wealth Garment Factory မှာ လာမဲ့သင်္ကြန်ရုံးပိတ်ရက်တွေအတွက် အစားထိုးဆင်းခိုင်းနေတာတွေရှိနေတယ်လို့ အဲ့ဒီစက်ရုံက အလုပ်သမားတွေကပြောဆိုပါတယ်။

" သင်္ကြန် မတိုင်ခင် ဧပြီ ၇ ရက်မှာ စက်ရုံစပိတ်မယ်  ၁၈ ရက်နေ့ထိ ကြားက ပိတ်ရက်တွေအတွက် အခုကတည်းက  အများပြည်သူအလုပ်ပိတ်ရက် တွေကိုအစားထိုးပြီးတော့ အချိန်ပိုကို အလုပ်သမားတွေရဲ့  သဘောဆန္ဒမပါဘဲ အတင်းအားဓမ္မခေါ်တာတွေ လုပ်တယ်"လို့ စက်ရုံလုပ်သားတစ်ဦးကပြောဆိုပါတယ်။

၎င်းစက်ရုံသည် တရုတ်လူမျိုးပိုင် ဖြစ်ပြီး အလုပ်သမား ၁၂၀၀ ကျော်နဲ့ လည်ပတ်ကာ  PORTAUTHORITY,  တံဆိပ်ကို ချုပ်လုပ်တင်ပို့တာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်ထဲမှာလဲ ရှောင်တခင်ခွင့်မပေးတာ အရေးပေါ်ကိစ္စကြောင့် ခွင့်တိုင်ပါက ခွင့်မပေးတာ အထည်စံချိန်တွေကို အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက်ပိုတောင်းတာ လုပ်ငန်းခွင်အတွင်းမှာ လုပ်ငန်းနဲ့မသက်ဆိုင်တဲ့ ညစ်ညမ်းသော စကားများပြောဆိုခိုင်းစေတာတွေ ကျူးလွန်နေတယ်လို့ လဲ အလုပ်သမားတွေကပြောဆိုပါတယ်။

"ဥပဒေပါခွင့်တွေခံစားခွင့်မပေးဘူး ဥပမာ ရှောင်တခင်ခွင့်ဆို လုပ်သက် ၆ လကျော်မှ ပေးတယ် ကြားကာလတွေမှာ အလုပ်သမားက အရေးအကြောင်းရှိလို့ စူပါကို ခွင့်တိုင်ရင်မပေးပါဘူး အထည်စံချိန်တွေကို လဲ ဒီနေ့ ၅၀ ရရင် နောက်နေ့ ၆၀ တောင်းတာမျိုးတွေ ရှိတယ် စက်ရုံထဲမှာ  သောက်သုံးရေ အဆင်မပြေတာတွေလဲရှိနေတယ် "လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အထည်စံချိန်တောင်းခံရာမှာ စက်လိုင်းတစ်လိုင်းလျင်  အထည်အရေအတွက်ပေါ်မူတည်ကာ တရက်လျင် အထည် ၄၈၀ နှုန်းတောင်းခံပြီး စနေနေ့ထိ  တပတ်လျင် အထည် ၂,၈၈၀ ပေးရပြီး စံချိန်ပြည့်မီပါက ဆုကြေး ၅၀၀၀၀ ကျပ်ကို လိုင်းတစ်လိုင်းလုံးခွဲဝေယူရတာဖြစ်တယ်လို့ ဆိုပါတယ်။

စက်ရုံအလုပ်သမားတွေအနေနဲ့ တစ်လလျင် ဒေးကြေး ၄၈၀၀ ကျပ်နှုန်း ရက်မှန်ကြေး ၁၆၀၀၀ ကျပ် နဲ့ အထည်ဆုကြေး ရရှိတာဖြစ်ပြီး အထည်စံချိန်မပြည့်တာနဲ့ ရက်ပျက်ပါက လုပ်ခ တစ်သိန်းကျော်သာ ရရှိတာဖြစ်တယ်လို့ သိရပါတယ်။

မည်သည့်ခွင့် အမျိုးအစားမဆို အလုပ်တစ်ရက်ပျက်ပါက တစ်ရက်ပျက်လျှင် ၅၀၀၀ ကျပ် ဖြတ်တောက်ခံရပြီး ၂ ရက်ပျက်ပါက ဒေးကြေး အချိန်ပိုကြေး ရက်မှန်ကြေး စတာတွေကအကုန်ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

ဒါ့အပြင် တနင်္ဂနွေနေ့ အချိန်ပိုများကို  အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ  အားဓမ္မခိုင်းစေခြင်း၊ အလုပ်ရှင်အနေဖြင့်  သင်္ကြန် ရုံးပိတ်ရက်များကို ဥပဒေတိုင်း မပိတ်ပေးဘဲ အလုပ်ပိတ်ရက် တွေကို ရက်စားထိုးကာ  အချိန်ပိုခေါ်ယူနေတယ်လို့ အခက်တွေ့နေတယ်လို့  အလုပ်သမားတွေထံက သိရပါတယ်။

ဓါတ်ပုံ- ပုံဟောင်း

#MyanmarLabourNews
 


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026