NEWS

Myanmar Bestex Garment Co,Ltd စက်ရုံအတွင်း ဥပဒေ ချိုးဖောက်မှု အမြောက်အများ ရှိနေ

CoverLogo
1.1K Views

ဝန်ထမ်းနဲ့ အလုပ်သမားတွေရဲ့ လူမှုဖူလုံရေး ပေးသွင်းငွေတွေကို ၃ လကျော်ကြာ မပေးသွင်းဘဲ အလွဲသုံးတာ ၊ ခွင့်ပြုချက်မဲ့ အချိန်ပို ခေါ်ယူမှုတွေ၊ ခွင့်ခံစားခွင့်ကို ငွေကြေးနဲ့ လဲလှယ်တာ၊ အချိန်ပိုကြေး မပေးတာ၊ စက်ရုံမှူး နဲ့ ကျွမ်းကျင်ပညာရှင်ဆိုသူ တရုတ်နိုင်ငံသားက အလုပ်သမားနဲ့ ဝန်ထမ်းတွေကို ဆဲဆိုတာတွေ ပြုလုပ်နေတယ်လို့ Myanmar Bestex Garment Co,Ltd အလုပ်သမားတွေက ပြောပါတယ်။ 

 

ဥရောပ EU ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ Myanmar Bestex Garment Co,Ltd စက်ရုံဟာ ဝန်ထမ်းတွေအပေါ် ကာလရှည်ကြာ ဆိုးရွားတဲ့ ချိုးဖောက်မှုတွေကြောင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ အလုပ်သမားရေးရာ ဌာနက လူကြီးတွေကို အသိပေး အကူညီတောင်းရတာလို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောတာပါ ။

 

Myanmar Bestex Garment Co,Ltd အထည်ချုပ်စက်ရုံ တာဝန်ရှိသူဟာ အလုပ်ထွက်စာမတင်တဲ့ အလုပ်သမား လစာကို ကျပ် ၃၆၀၀ နဲ့ပဲ တွက်ချက်ပေးတယ်လို့ ပြောပါတယ်။  

 

“ထွက်စာတင်လည်း ပြဿနာ တမျိုးမဟုတ် တမျိုး ရှာကြံပြီး အလုပ်က ထွက်အောင်လုပ်တာပါပဲ၊ ခေါင်းဆောင်တွေကို ထွက်စာမတင်ရင် သူတို့ရဲ့လစာကို ၄၈၀၀နဲ့ တွက်ပေးပါတယ် ” လို့ အလုပ်သမား အမျိုးသမီးတဦးက ပြောပါတယ်။ 

 

အလုပ်ထွက်တဲ့ နောက်ဆုံးလစာကို စက်ရုံအများစုက လကုန်ပြီး ၁၀ ရက်နေ့မှာ ပေးချေကြပေမဲ့ Myanmar Bestex Garment Co,Ltd စက်ရုံကတော့ သုံးပတ်အကြာ ၂၂ ရက် တရက်တည်း ထုတ်ပေးတယ်လို့ အဲဒီ အမျိုးသမီးက ပြောပါတယ်။ ဒါ့အပြင် အထည်စံချိန် မပြည့်ဘူးဆိုရင် အချိန်ပိုလုပ်ခ မရတဲ့အပြင် တနင်္ဂနွေ နေ့ အလုပ်မဆင်းပါက Grade ကြေး မရဘူးလို့လည်း သိရပါတယ်။  

 

Myanmar Labour News ရဲ့ ၂၀၂၂ ခုနှစ် အနှစ်ချုပ် မှတ်တမ်းမှာ Myanmar Bestex Garments Co.,Ltd ပါဝင်ပြီး အချိန်ပိုခေါ် လုပ်ခမခဲ့ပေးလို့ အလုပ်သမားတွေက တိုင်ကြားထားတာပါ ။ 

 

တိုင်ကြားထားတဲ့ မှတ်တမ်းအရဆို ၂၀၂၂ ခုနှစ် မတ်လအတွင်းက ဖြစ်ပွားပြီး အဲဒီကတည်းကဆို တနှစ်ခွဲကျော်ကြာအောင် အလုပ်သမားတွေကို အချိန်ပို လုပ်ခ မရနေတာ ဖြစ်ပါတယ်။ 

 

စက်ရုံက အလုပ်သမား တစ်ရက်ပျက်ပါက ရက်မှန်ကြေး၊ နှစ်ကြေး၊ ဒေးကြေး စတဲ့ ခံစား ခွင့်တွေ မပေးတော့ ဘူးလို့ လည်း ဆိုပါတယ်။ 

 

“ စက်ရုံက ညနက် အချိန်ပို (အောအလင်း) တွေလည်း မကြာမကြာ ခေါ်ပါတယ် ။ မဆင်းရင် ဝန်ခံကတိ ထိုးရင် ထိုး၊ မထိုးရင် အလုပ်က ထွက်ရပါတယ် ။ အချိန်ပိုခေါ်တယ်ဆိုလည်း အလုပ်သမားတွေကို ဆင်းမလား၊ မဆင်းဘူး လားဆိုပြီး မေးမြန်းတာမရှိဘူး။ အခုဇူလိုင် ၂ ရက် တနင်္ဂနွေနေ့ကဆို အချိန်ပို ဆင်းခိုင်း တယ်၊ အလုပ်သမားရုံးကိုလည်း အကြောင်းကြားထာ မရှိဘူး ” လို့ လည်း စက်ချုပ် အမျိုးသမီး အလုပ်သမား တဦးက ပြောပါတယ်။ 

 

စက်ရုံအလုပ်သမားတွေဆီက လူမှုဖူလုံရေး အခကြေးငွေကို ဖြတ်တောက်နေပေမဲ့ ၄ နှစ်ကျော်ကြာတဲ့အထိ လူမှုဖူလုံရေးကတ် မရရှိဘူးလို့လည်း နောက်ထပ် အမျိုးသမီးလုပ်သား တဦးက ပြောပါတယ်။ 

 

Myanmar Bestex Garments စက်ရုံလုပ်သား အားလုံး လူမှုဖူးလုံရေးအတွက် အခကြေးငွေ ပေးဆောင်ထားပေမဲ့ အဲဒီ ငွေကြေးတွေ ကို ၃ လကျော်ကြာအောင် ပေးဆောင်တာ မရှိဘဲ အလွဲသုံးမှုတွေ ပြုလုပ်နေလို့ သက်ဆိုင်ရာက စစ်ဆေးမှုတွေ ပြုလုပ်ဖိုလည်း တိုင်ကြား ထားပါတယ်။ 

 

စက်ရုံအလုပ်သမားတွေမှာ ရှောင်တခင်ခွင့်လည်း ခံစားခွင့်မရသလို လုပ်သင်ခွင့် ၁၀ ရက်ကိုလည်း ပိုက်ဆံပေး လဲလှယ်ခဲ့တယ်လို့ Myanmar Bestex Garments အလုပ်သမားတဦးက ပြောပါတယ်။ 

 

စက်ရုံမှူး နဲ့ ကျွမ်းကျင်သူလို့ ဆိုတဲ့ တရုတ်လူမျိုးတွေဟာ စက်ရုံလုပ်သားတွေနဲ့ ဝန်ထမ်းတွေကို အော်ဟစ် ဆဲဆိုတာ ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက်တာ စတာတွေ ကိုယ်ထိလက်ရောက် ပြုနေလို့ ဥပဒေနှင့်အညီ အရေးယူ ဖြေရှင်းဖို့အတွက် တောင်ဆိုထားကြပါတယ်။ 

 

လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မူဇုန် ၊ မင်းဧရာလမ်းက Myanmar Bestex Garments Co.,Ltd အထည်ချုပ် စက်ရုံဟာ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး လုပ်သား အင်အား ၈၀၀ ခန့်နဲ့ လည်ပတ်နေတယ်လို့ Myanmar Labour News ရဲ့ ၂၀၂၂ ခုနှစ် အနှစ်ချုပ်မှာ ဖော်ပြထားပါတယ်။ 

 

မှတ်တမ်းတွေထဲမှာ MOHITO အမှတ်တံဆိပ်ကို ချုပ်လုပ်တယ်လို့ သိရှိထားရပေမဲ့ လက်ရှိ Sinsay ၊ OVS နဲ့ RBX စတဲ့ ဥရောပ EU ကုန်အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောကြားထားပါတယ်။

 

#MyanmarLabourNews


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026