NEWS

MOU လုပ်သား ၁၆ ဦးကို လုပ်ခလစာမပေးလို့ ဒုက္ခ​ရောက်

CoverLogo
405 Views

ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်း တွင် လုပ်ကိုင်ရန် MOU ဖြင့်စာချုပ်ချုပ်ဆိုကာ တရားဝင် လာရောက်ပေမယ့် ထိုင်းကိုရောက်ရှိ အလုပ် လုပ်ရာမှာ စာချုပ်ချုပ်ထားတဲ့ အလုပ် နေရာ မဟုတ်တဲ့ အပြင် လုပ်ခလစာ မရတဲ့ အတွက် မြန်မာအလုပ်သမား ၁၆ဦး အခက်ခဲ ဖြစ်နေတယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့နှင့် နစ်နာသူအလုပ်သမားတွေထံက သိရပါတယ်။ 

မြန်မာနိုင်ငံမှ GREAT SILVER LAND SERVICES CO.,LTD နှင့်ချိတ်ဆက်ကာ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ဟွေခွမ်ခရိုင်၊ လတ်ချဒါတွင်ရှိတဲ့ ကုမ္ပဏီ မှာ အလုပ် လုပ်ရန်အတွက် (၂ )နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ၎င်းတို့သည်  ၂၀၂၄ခုနှစ် ဇူလိုင် ၃၁ရက် မှာ ဘန်ကောက်မြို့၊ ဒွန်းမောင်းလေဆိပ်သို့ရောက်ရှိခဲ့ပြီး တောမောင်းရုံးတွင် လက်ဗွေနှိပ်၊ ဝါ့ပါမစ်ကတ်များပြုလုပ်ခဲ့ကာ ည ၇နာရီ အချိန်မှာတော့  ကား၂စီးဖြင့်လာရောက်ခေါ်ဆောင်သွားပြီးနောက် မနက်မိုးလင်းမှ ချင်းမိုင်မြို့ သို့ ရောက်လာသည်ကိုသိရတယ်အလုပ်သမားတွေက ပြောပါတယ်။ 

လေယာဉ်ကွင်း မှာ  လာကြိုတဲ့ သူဌေးမက၎င်းတွင် အလုပ်မရှိသေးတဲ့ အတွက် ယခု ချင်းမိုင်းမြို့ရှိ SMC-(ဆောက်လုပ်ရေးဆိုက်) မှာ ခဏလုပ်ရန်လာပို့ခဲ့တာဖြစ်တယ်လို့ ပြောခဲ့ကာ ဩဂုတ် ၃ရက် နေ့ မှာ    အလုပ်စဆင်းရပြီး ပထမ (၁၅ )ရက် တစ်ဝက်စာ လုပ်အားခကိုရှင်းပေးခဲ့ပေမယ့်  (၈)လပိုင်း လဝက်စာနဲ့  (၉)လပိုင်း (၁)လစာ လုပ်အားခကို တော့ ယနေ့အချိန်ထိ မရှင်းပေးတဲ့ အတွက်အလုပ်သမားတွေမှာ အခက်ခဲ ဖြစ်နေရတယ်လို့ ဆိုပါတယ်။ 

"စာချုပ် ချုပ်တုန်းက ဘန်ကောက် က ဆောက်လုပ်ရေးဆိုပြီးချုပ်လာတာ ဒီရောက်တော့ ချင်းမိုင် ကို လာလုပ်ရတဲ့ အပြင် လစာက ၄၅ ရက်ခ မထုတ်ပေးသေးဘူး အလုပ်လည်းပေးမဆင်းဘူး အခု စားသောက်ရေးအတွက် လက်ထဲ ငွေ လဲ မရှိနဲ့ ဒုက္ခရောက်နေတာ တစ်လပြည့်တော့မယ် အေဂျင်စီ ဘက်ကလည်း အခုထိ ဘာမှ မလုပ်ပေးသေးဘူး""လို့နစ်နာသူအလုပ်သမားအမျိုးသမီးတစ်ဦးကပြောပါတယ်။ 

ယခုကဲ့သို့ လုပ်အားခ မရခြင်း အလုပ်မဆင်းရတဲ့ အပေါ် သက်ဆိုင်ရာအေဂျင်စီက လာရောက် မဖြေရှင်းပေးတဲ့ အတွက်  ထိုင်းရောက် အလုပ်သမား အရေး ကူညီပေးနေတဲ့ WAG အလုပ်သမား မဟာမိတ်အဖွဲ့ ထံ နစ်နာသူအလုပ်သမားတွေက အောက်တိုဘာ၁၂ရက်က  အကူညီတောင်းခံ လာတဲ့ အတွက် အလုပ်သမားအဖွဲ့ အနေနဲ့ ကူညီ ဖြေရှင်းပေးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026