NEWS

MOHITO အမှတ်တံဆိပ်ချုပ်လုပ်တဲ့ စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုရှိနေ

CoverLogo
1.2K Views

နိုင်ငံတကာ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ MOHITO အမှတ်တံဆိပ်ချုပ်လုပ်တဲ့ Jun Sheng Garment Factory မှာ ဉပဒေပါ အလုပ်သမားအခွင့်အရေးတွေ မရရှိတဲ့အတွက်ကြောင့် ဆောင်ရွက်ပေးစေချင်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဝက်မစွတ်ဝန်ထောက်လမ်းမှာ ဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံမှာ အလုပ်သမား ၄၀၀ ဝန်းကျင်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေရသင့်ရထိုက်တဲ့ ခွင့်ခံစားခွင့်တွေ နဲ့ ကျန်းမာရေး လူမှုရေးဆိုင်ရာ အခြေအနေတွေ ဆိုးဝါးစွာ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။


လုပ်ငန်ခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ အလုပ်သမားရေးဆိုင်ရာ ပြသနာရပ်တွေကို ဖြေရှင်းပေးတာမရှိဘူးလို့ လည်းသိရပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဉပဒေပါ ခံစားခွင့်တွေမရရှိတာ တနင်္ဂနွေနေ့တွင် အလုပ်သမားသဘောဆန္ဒမပါဘဲ အချိန်ပို အဓမ္မ ဆင်းခိုင်းတာ အထည်စံချိန်တွေကို အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက်ပိုတောင်း ပြီး စံချိန်မပြည့်ပါက ညဘက်ထိ ညလုံးပေါက်နီးပါး ခိုင်းစေတာ နဲ့ နားချိန်မရဘဲ တဆက်တည်း ဆင်းခိုင်းတာတွေကြောင့် အခက်အခဲကြုံနေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"အောလင်း အောနိုက်တွေဆင်းရတယ် ညလုံးပေါက်ပေါ့ ပြီးတော့ နောက်နေ့မနက်ရောက်တာနဲ့ အလုပ်ပြန်ဆင်းရတယ် ဘယ်အချိန် ဘယ်လိုသွားအိပ်ရမလဲ ထမင်းတစ်နပ်စားဖို့အတွက် အိပ်တောင်မအိပ်ဘဲ အလုပ်လုပ်နေရတာ မဟုတ်သေးဘူးလေ"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။၏

အဲ့ဒီလို နားချိန် နဲ့ အိပ်ချိန်လုံလုံလောက်မရရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ ကျန်းမာရေးယိုယွင်းလာတာတွေ ရှိပြီး တိုင်ကြားဖို့လည်း မဖြစ်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ ကြီးကြပ်သူတွေဖြစ်တဲ့ စူပါ တွေနဲ့ လိုင်းခေါင်းဆောင်တွေရဲ့ ညစ်ညမ်းစွာဆဲဆို ခိုင်းစေတာတွေလည်း ကြုံတွေ့နေရပြီး လုပ်ငန်းခွင်ထဲမှာ အရေးပေါ်ထွက်ပေါက်မရှိတာ ဆေးပေးခန်းမရှိတာ ထမင်းစားနားနေဆောင်မရှိတာ အိမ်သာ အဆင်မပြေတာတွေကြောင့်လည်း အခက်တွေ့နေရတယ်လို့ သိရပါတယ်။

"အလုပ်တက်ချိန်က မနက် ၈ နာရီပါ ဒါပေမယ့် ဆင်းတဲ့အချိန်က သတ်မှတ်မထားဘူး ၆ နာရီ ၇ နာရီ ၈ နာရီ လွှတ်ချင်တဲ့အချိန်မှ လွှတ်ပေးတာ အလုပ်တစ်ရက်ပျက်ရင် ဒေးကြေး ရက်မှန်ကြေး ဂရိတ်ကြေးတွေ အဖြတ်ခံရလို့ နေမကောင်းလို့ တစ်ရက်ပျက်မိရင် လစာက တော်တော်လေး ထိခိုက်သွားတယ် တစ်နေ့လုပ်ခက ၄၈၀၀ ဆိုတော့ မတော်မတရားအဖြတ်ခံရတယ်"လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောဆိုပါတယ်။

စက်ရုံမှာနေ့စား အလုပ်သမားတွေခန့်ထားတာရှိပြီး ၄၈၀၀ ကျပ်အောက်သာရရှိသလို ၃ လပြည့်ပါက အတည်ပြုခန့်အပ်တာလည်း မရှိဘဲ အလုပ်သမားတွေကို အကြောင်းမဲ့အလုပ်ထုတ်တာတွေ (EC) စာချုပ်ပါ အချက်တွေအတိုင်းဆောင်ရွက်ခြင်းမရှိလို့ အခက်အခဲတွေ ကြုံတွေ့နေရပြီး တာဝန်ရှိသူတွေဖြေရှင်းဆောင်ရွက်ပေးစေချင်တယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

ဓါတ်ပုံ- ပုံဟောင်း 

#MyanmarLabourNews

 

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026