NEWS

Mengyue Garment အထည်ချုပ် ဆဲဆိုခိုင်းစေ၊ သီတင်းကျွက် ကန့်တော့ဖို့ဆိုပြီး ကျပ် တစ်သောင်းခွဲ ကောက်

CoverLogo
491 Views
 
သမီးကတေ့ာ မှုံရွတ်အထည်ချုပ် (Mengyue Garment) ကပါဆရာ။
 
လက်ရှိ စက်ရုံမှာ စနေနေ့တိုင်းလိုလို အောလင်း၊ အောနိုက်တွေ ဆင်းပေး နေရတယ်။ အောနိုက် ခေါ်တဲ့နေ့တွေဆိုလည်း တိတိကျကျ မရှိဘူး။ အောနိုက်ဆိုပြီး အောလင်းလည်း ခေါ်တတ်တယ်။
 
အခုတော့ ဆင်းပေးနေရရုံမကတေ့ာဘူး။ ညဘက် အောလင်း ၊ အောနိုက်ခေါ်ရင် တစ်နာရီတစ်ခါ အာဝါရီတွေ မဟားဒရားတောင်း နေတယ်။ ညဘက် အချိန်ပို otဆင်းတဲ့အချိန် အာဝါရီတွေ အရမ်းတောင်းနေတေ့ာ အလုပ်သမားတွေက ဘယ်လိုလုပ်နိုင်မှာလည်း ဆရာ။
 
အောစူပါနဲ့ စူပါတွေက အချိန်ပို မှာ အာဝါရီ(အထည်စံချိန်) တွေ မဟားဒရားတောင်းလို့ မရရင် ညီမတို့ ဆဲဆိုခံထိပါတယ်။ ဒါတွေက ဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေပါတယ်။
 
အလုပ်သမားတွေကို ဆဲဆိုတဲ့ စူပါနာမည်ကတေ့ာ (တင်တင်ခိုင်)ပါ ဆရာ။ ပိတ်ရက်တွေဆိုလည်း ပိုက်ဆံမရဘဲ ဆင်းပေး နေရတယ်။
 
ဒါက အလုပ်သမားတွေအတွက် အဆင်မပြေဘူးဆရာ။
တစ်ကဒ်ကြေးနဲ့ ရှင်းတယ်ဆိုပေမဲ့ အောစူပါနဲ့ စူပါ(တင်တင်လှ)က သူတို့နဲ့ အဆေင်ပြေသူတွေကို တစ်ကဒ်ကြေး မြင့်ပေးထားပြီး အမှန်တကယ် ပွိုင့်နှစ်ပွိုင့်၊ သုံးပွိုင့်ကိုင်နေရတဲ့သူတွေ ကိုတော့ ပွိုင့်စျေးက ဘာမှ မပေးပါဘူး ဆရာ။
 
အခု တခါ တရုတ်ဆရာတွေကို ကန့်တော့ဖို့ ဆိုပြီး ၅၀၀၀၊ အောစူပါအတွက် ၅၀၀၀ ၊ စူပါ အတွက် ၅၀၀၀ ဆိုပြီး ကောက်ပါတယ် ဆရာ။ အဲဒီ ၁၅၀၀၀ ကို အလုပ်သမားတွေ ကြည်ဖြူလား၊ မကြည်ဖြူလား မမေးဘဲ ပိုက်ဆံကောက်သွားတာပါ။
 
အဲလိုကန်တော့ဖို့ ကောက်ပေမဲ့ အောစူပါနဲ့ စူပါတင်တင်လှဆိုသူက အလုပ်သမားတွေနေထိုင်မကောင်းလို့ ခွင့်ယူမိရင် ဆဲဆိုကြိမ်းမောင်းခဲ့သူတွေပါ။
 
ကန်တော့ခံသူတွေ၊ စက်ရုံက မန်နေဂျာ၊ စကားပြန်တွေ ရဲ့ အလုပ်သမား စည်းမျဥ်းစည်းကမ်းတွေနဲ့ မညီတဲ့ ပြောဆိုဆတ်ဆံမှုတွေ၊ ဆဲဆိုကြိမ်းမောင်းမှုတွေ၊ ပြီးတော့ သူတို့ စကားနားမထောင်တဲ့သူ အလုပ်ထွက် ဆိုပြီး ပြောဆိုမှုတွေက နေ့စဥ်နဲ့အမျှပါ။
 
ဒါတွေမကျေနပ်လို့ လှိုင်သာယာအရှေ့ပိုင်းမြို့နယ် အလုပ်သမားဦးစီးမှူးတွေကို တိုင်ကြားပြန်တေ့ာလည်း ထိထိရောက်ရောက် အရေးမယူပါဘူး။ စက်ရုံကို သတိပေးတာ၊ တားမြစ်တာမျိုးတွေ ဘာမှမရှိဘူး။ တနည်းအားဖြင့် ဒီဦးစီးမှုးတွေက လာဘ်စားနေသလားလို့ ထင်မိပါတယ်။
 
ဒေးကြေးတွေဆိုလည်း အခြားစတ်ရုံတွေမှာ ၁၁၀၀၀ ၊ ၁၂၀၀၀ ဖြစ်နေပါပြီ။ သမီးတို့စတ်ရုံမှာ အခုထိ ၉၈၀၀ က မတက်ဘူး။ ဒီ ၉၈၀၀ ဆိုတာကလည်း တစ်လလုံး အပြည့်အဝမရပါဘူး။ ပိတ်ရက်တိုင်းအတွက် ၆၈၀၀နှုန်းနဲ့ပဲ လစာမှာ ရှင်းပေးပါတယ်။
 
အချိန်ပိုotကြေးတွေဆိုလည်း လှိုင်သာယာမှာ စတ်ရုံတိုင်းက တနာရီ ၂၀၀၀/ ၂၂၀၀/ ၂၅၀၀ တွေ ဖြစ်ကုန်ပြီ။ အနိမ့်ဆုံး otကြေးက ၂၀၀၀ ပေးကြပေမဲ့ သမီးတို့ စက်ရုံက ၁၇၀၀ က တက်မလာဘူး။ အလုပ်သမားတွေ ကို otကြေး နည်းနည်းပေးပြီး အလုပ်တွေ များများ ဖိခိုင်းနေတယ်ဆရာ။
 
လက်ရှိ စက်ရုံက ပေးတဲ့လုပ်ခလစာဟာ ကုန်စျေးနှုန်းရဲ့ အောက်မှာပဲ ရှိတယ် ဆိုတာ သိစေချင်တယ်။ အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ ပိတ်ဆို့ခံထားရတယ်။ ခွင့်ဆိုရင် ဘယ်လိုခွင့်နဲ့ ယူယူ အကြိမ်းမောင်း ခံရတယ်။
 
အလုပ်သမားတွေကို အာဝါရီ ဘယ်လောက်တောင်းသလည်း ဆိုရင် အပေါ့အပါးသွားချိန်တောင် မရှိဘူးဆရာ။
အလုပ်သမားတွေရဲ့ လုပ်နိုင်တဲ့ အနေအထားထက် ပိုပြီးခိုင်းနေတယ်။
 
သူတို့ပေးတဲ့ လုပ်ခလစာက နည်နည်းဖိအားပေးခိုင်းစေမှုတွေ များလာတေ့ာ စိတ်ညစ်ပြီး အလုပ်သမားတွေက အလုပ် ထွက် သွားကြတယ်။
 
ဒါကြောင့် အရှေ့ပိုင်းမြို့နယ်က အလုပ်သမားဦးစီးမှူးတွေ အလုပ်ကို သေချာ လုပ်ဖို့ အသိတရားလေး ပေး ပေးပါဆရာ။
Mengyue Garment လိပ်စာက လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မြတောင်ဝန်ကြီး ဦးမှိုလမ်း၊ ခြံအမှတ်၃၉၆ မှာပါ။
 
ကျေးဇူးတင်ပါတယ်။
Myanmar Labour News လည်း ဒီထက်မက အောင်မြင်ပါစေ၊ အလုပ်သမားတွေကို ကူညီ နိုင်ပါစေနော် ။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026