NEWS

MENGYUE GARMENT စက်ရုံ EC စာချုပ်မချုပ်ဘဲ ခိုင်းစေ အလုပ်ထွက်ပါက ငွေကြေးဖြတ်တောက်ဟုဆို

CoverLogo
721 Views

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ မြတောင်ဝန်ကြီးဦးမှိုလမ်း၊ အမှတ် - မှာဖွင့်လှစ်ထားတဲ့ MENGYUE GARMENT မှာ အီးစီစာချုပ် ချုပ်ဆိုထားခြင်းမရှိဘဲ ခိုင်းစေနေပြီး အခွင့်အရေးချိုးဖောက်နေတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၂၀၀ ကျော်နဲ့ လုပ်ကိုင်နေတာလို့ ဆိုပါတယ်။ ချုပ်လုပ်တဲ့အမှတ်တံဆိပ်ကတော့ PALLTEX အမှတ်တံဆိပ် စားဖိုမှူးဝတ်စုံတွေချုပ်တာလို့ ပြောပါတယ်။ 

စက်ရုံက ၂၀၂၄ ဇူလိုင်လမှာ စတင်ဖွင့်လှစ်တာဖြစ်ပြီး မန်နေဂျာ အပြောင်းအလဲ များစွာ ပြုလုပ်ခဲ့လို စည်းကမ်းပြောင်းလဲမှုတွေ မကြာခဏလုပ်ဆောင်နေလို့ အခက်တွေ့နေရတယ်လို့ အလုပ်သမားက ပြောပါတယ်။ 

" အလုပ်ခေါ်တုန်းက အင်တာဗျူးမှာ ဒေးကြေး ၆၈၀၀ ကျပ် ထောက်ပံ့ကြေး ၂၀၀၀ ကျပ် စုစုပေါင်း ၈၈၀၀ ကျပ်ပေးမယ် အိုတီကို ၁၄၀၀ ကျပ်ပေးမယ်လို့ ပြောထားပြီး အလုပ်အဆင်မပြေလို့ ထွက်လိုက်ရင် ဒေးကြေး နဲ့ အိုတီကြေးပဲပေးပြီး ထောက်ပံ့ကြေး  ၂၀၀၀ ကိုမရှင်းပေးဘဲ ဖြတ်တောက်လိုက်တယ် အလုပ်သမားတွေက တောင်းရင် ကြိုက်တဲ့နေရာသွားတိုင်ဆိုပြီးပြောတယ်"လို့ အလုပ်သမားကပြောပါတယ်။ 

လုပ်ငန်းခွင်မှာ အထည်စံချိန် အလွန်အကျွံတောင်းခံနေပြီး စက်လိုင်းတလိုင်းလျှင် အလုပ်သမား ၃၀ ခန့်သာရှိပြီး တနာရီလျှင် အထည် ၃၀ တောင်းခံပြီး မပြည့်ပါက အကြွေးမှတ်ထားကာ ပြည်လည်ဖြည့်ပေးရတယ်လို့ ပြောပါတယ်။

"တနာရီကို စားဖိုမှူးဝတ်တဲ့ဝတ်စုံ အထည် ၃၀ ပေးရတယ် စက်လိုင်းတလိုင်းကိုပါ။ အဲ့တာကို မပြည့်ဘူးဆိုရင် အလုပ်သမားကို အကြွေးမှတ်ထားပြီး ထမင်းစားနားချိန်မှာ ထမင်းအမြန်စားပြီး အထည်ပြည့်အောင်ချုပ်ပေးရတယ်"လို့ အလုပ်သမားကပြောပါတယ်။

စက်ရုံဘက်က သတ်မှတ်ထားတဲ့စံချိန်မပြည့်ပါက စူပါ အောစူပါ စက်ရုံမှူးစတဲ့ ကြီးကြပ်ရေးတွေက ရိုင်းစိုင်းစွာဆဲဆို ခိုင်းစေပြီး အရှက်ရအောင် ပြုမူပြောဆိုတာတွေပါ ပြု လုပ်နေတာလို့ ဆိုပါတယ်။

"စက်ရုံမှူးတရုတ်မနဲ့ သူ့ရဲ့စကား ပြန်ကအလုပ်သမားတွေကို နေ့တိုင်းကိုဆဲဆိုနေတာ တရုတ်မက မြန်မာစကားနဲနဲတတ်ပြီး မပြီကလာပြီကလာနဲ့ကို အလုပ်ရှင်ဘက်က တောင်းခံတဲ့စံချိန်မရရင် ဆဲဆိုနေတာပါ ၊ စကားပြန်ကလဲစက်ရုံမှူး အတိုင်းဘဲ ဘယ်သူနဲ့မှလဲအဆင်မ ပြေဘဲတွေ့တဲ့လူတိုင်းကို ပြောဆိုလုပ်နေပြီး  အလုပ်သမားအချင်းချင်း စကားပြောတာကအစ လိုက်ကြည့်ပြီးပြောဆိုနေတာ"လို့ လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေတဲ့အလုပ်သမားကပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်မှာ မည်သည့်ခွင့်အမျိုးအစားမဆို ခွင့်တရက်ယူပါက ဒေးကြေး ၆၈၀၀ ကျပ် ထောက်ပံ့ကြေး ၂၀၀၀ ကျပ် ရက်မှန်ကြေး ၃၀၀၀၀ ကျပ် ဖြတ်တောက်ခံရပြီး လုပ်ငန်းခွင်အတွင်း နေမကောင်းဖြစ်ပြီး ဂိတ်ပက်ဖြင့်ပြန်ပါကလည်း ရက်မှန်ကြေး အကုန်ဖြတ်တောက်ခံရတာကြောင့် ရှောင်တခင်ခွင့် ၊ ကျန်းမာရေးဆေးခွင့်တွေခံစားခွင့်မရဘူးလို့ ပြောပါတယ်။

အဆိုပါ လုပ်ငန်းမှာ အီးစီစာချုပ် ချုပ်ဆိုထားခြင်းမရှိဘူးလို့ ပြောပါတယ်။

"ECစာချုပ်ချုပ်ဆိုထားတာမရှိပါဘူး  မန်နေဂျာကသူတို့ပြောတာ သူတို့စည်းကမ်းဖြစ်တယ်၊ ဒါကြောင့်အလုပ်သမားတွေ အားလုံး အလုပ်ရှင်ထုတ် ထားတဲ့တစ်ဖက်သတ် စည်းကမ်းကိုလိုက်နာရမယ်ဆိုပြီး အာဏာရှင်ပုံစံနဲ့  လုပ်ငန်းခွင်ထဲမှာ  လုပ်ဆောင်နေတာပါ ဘယ်လောက်ထိတောင်လဲဆိုရင် တရုတ်လူမျိုးတွေကတော့ စက်ရုံအထဲမှာတောင် ဆေးလိပ်သောက်တာ Hr မန်နေဂျာ ဘာမှမပြောဘူး အလုပ်သမားတွေနားချိန် သတ်မှတ်နေရာမှာ ဆေးလိပ်သောက်တာကျတော့ အာဏာပြပြီး ပိတ်ပင်ထားတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အခုလို အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေရှိနေတာကြောင့် အောက်ပါ အချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။ တောင်းဆိုချက်တွေကတော့ 

၁။ အလုပ်သမားများ နေထိုင်မကောင်းဖြစ်လို့ ဂိတ်ပတ်ယူလျင် ရက်မှန်ကြေး ၃၀၀၀၀ ကျပ်လုံး အလုပ်ရှင် ဘက်မှမဖြတ်တောက်ရန်။
၂။ အလုပ်ရှင် အလုပ်သမား နှစ်ဦးသဘောတူ EC စာချုပ်ချုပ်ဆိုရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများအပေါ် တစ်ဖက်သတ်စည်းကမ်းများထုတ်ပြီး အာဏာရှင်ဆန်ဆန် မအုပ်ချုပ်ရန်။
၄။ စက်ရုံမှူးတရုတ်အမျိုးသမီးနှင့် စကားပြန်မှ အလုပ်သမားများကို ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်းမပြု လုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံရန် စတာတွေဖြစ်တယ်လို့ သိရပါတယ်။ 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026