NEWS

Mai Yi Bei Garment ပိတ်ရက်အပြန်နောက်ကျသည်ဆိုကာ ဒေကြေးမပေးဟု ပြောဆို

CoverLogo
591 Views

ရွှေလင်ဗန်းစက်မှုဇုန်က Mai Yi Bei Garment Manufacturing Co,.Ltd အထည်ချုပ်စက်ရုံက သီတင်းကျွတ်ပိတ်ရက် နေရပ်ပြန်အလုပ်သမားတွေကို အလုပ်ပြန်ဝင်တာ တစ်ရက်နောက်ကျလို့ ဆိုပြီး အလုပ်ရှင်ဘက်မှ သီတင်းကျွတ်ပိတ်ရက်အတွက် ဒေးကြေးကိုမပေးဘူးလို့ ပြောဆိုနေတယ်လို့ သိရပါတယ်။  

“သတင်းကျွတ်ပိတ်ရက် ရွာပြန်ကြတာ၊ ပြန်လာတော့ တရက် နောက်ကျတာ။ အဲ့ဒါကို ပိတ်ရက်အတွက် ဒေးကြေးမပေးဘူးလို့ ပြောနေတာ။ ပိတ်ရက် ငါးရက်ဆိုလည်း ရမဲ့ ဒေးကြေးက စားစာရိတ်ဆိုရင်  တပတ်စာမက ဘူး “ လို့ ပြောပါတယ်။  

လုပ်ခလစာအနေနဲ့ တောက်ပံကြေးအပါ ဒေးကြေး တရက် ၇၈၀၀  ဖြစ်ပြီး အချိန်ပို တနာရီလုပ်ခကတော့ ၁၅၀၀  ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ ဒီစက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာ ရှိပြီး  အလုပ်သမား ၁၂၀၀ကျော်နဲ့  ORIGINAL MARINES ၊ ALCOTTတံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။  

စက်ရုံဘက်က အလုပ်သမား ဥပဒေပါ ခွင့်ရက်တွေ မပေးဘဲ အထည်စံချိန်  တနာရီ အထည် ၄၀ အထိ ထောင်းခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။   အောစူပါ၊ စူပါတွေက  အထည်စံချိန်ကို ဆဲဆိုတောင်းပြီး  တစ်ရက် အတွက် စံချိန်မပြည့်ပါ အချိန်ပို အောလင်း၊ အောနိုက် အပြင် တနင်္ဂနွေ‌နေ့တွေမှာ  လုပ်ခမရဘဲ အချိန်ပို လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ အသက်မပြည့်တဲ့  လူရွယ်အလုပ်သမား အများအပြားကို ဆေးထောက်ခံချက်  မပါဘဲ သက်ပြည့် အလုပ်သမားတွေနဲ့ တန်းတူ ခိုင်းစေနေတယ်လို့လည်း သိရပါတယ်။ စက်ရုံကို အလုပ်သမား စစ်ဆေးရေးအဖွဲ့တွေနဲ့ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်တွေ လာရောက် စစ်ဆေးပါက လူရွယ်အလုပ်သမားတွေကို  စက်ရုံဘက်က အလုပ်နားခိုင်းထားတယ်လို့ သိရပါတယ်။    
 
“ စက်ရုံ ဖယ်ရီကားမှာက မတန်တစ တင်တော့ ကျပ်ကျပ်ညှပ်ညှပ် နဲ့ စီးနေရတာ၊ ဒါလည်း ဘာမှ မလုပ်ပေးဘူး၊ လက်ဆွဲကဒ် စက်ရိုက်လို့ မဝင်ဘူးဆို ၁၀၀၀ ပေးရတယ်။ ဆိုးတာကတော့  စက်ရုံအိမ်သာတွေ   ညစ်ပတ်နေတာထက်  အိမ်သာတံခါး ပျက်နေတာ၊ ဘာမှမလုံခြုံဘူး “ လို့ အလုပ်သမားတဦးက ပြောပါတယ်။  

Mai Yi Bei Garment  အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်ရတာ အဆင်မပြေလို့ အလုပ်ထွက်ပါကလည်း  ထောက်ပံကြေးထည့်မပေးဘဲ တရက် လုပ်ခ ၅၈၀၀ နဲ့ပဲ ရှင်းပေးတယ်လို့ လုပ်ခလစာ အပြည့်အဝ မရကြဘူးလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။ 

 #MyanmarLabourNews


Related posts

Cover
၂၀၂၆ ခုနှစ်တွင် အများပြည်သူ အလုပ်ပိတ်ရက် ၃၂ ရက် ရှိမည်
Dec 29, 2025
Cover
Sky Fashion Myanmar အထည်ချုပ် အလုပ်ထုတ်ထားသည့် ကလေးလုပ်သားများအား နေ့စားလုပ်ကိုင်ခိုင်း
Dec 29, 2025
Cover
RHEA WORKSHOP စက်ရုံ ဝင်ငွေခွန်ဆိုပြီး အထောက်အထားမပေးဘဲ ဖြတ်တောက်
Dec 29, 2025
Cover
Mai Yi Bei Garment အချိန်ပို လုပ်ကိုင်ခိုင်းလို့ ကျန်းမာရေးထိခိုက်၊ မဆင်းပါက အောစူပါက အများရှေ့မှာ ဆဲ
Dec 27, 2025
Cover
Myanmar Huasheng Kefu အထည်ချုပ် တစ်လ အချိန်ပို နာရီ ၁၀၀ ကျော် လုပ်ကိုင်ခိုင်း
Dec 26, 2025
Cover
Shun Yu Myanmar Garment စက်ရုံတွင် လုပ်သား ၃၀၀ အတွက် ကြိုပို့ယာဉ် တစ်စီးသာ စီစဉ်ပေးထား
Dec 25, 2025
Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025