NEWS

LZS Apparel စက်ရုံတွင် အလုပ်သမားများကို အဓမ္မခိုင်းစေမှုများ လုပ်ဆောင်နေ

CoverLogo
732 Views

တရုတ်နိုင်ငံသားပိုင် LZS Apparel အထည်ချုပ်စက်ရုံမှာ အလုပ်သမားဥပဒေပါခံစားခွင့်တွေကိုမပေးတဲ့အပြင် အဓမ္မခိုင်းစေတာတွေကို လုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်လမ်းမကြီး၊ သံလွင်လမ်းမှာ ဖွင့်လှစ်ထားတာပါ။လက်ရှိမှာလုပ်သားအင်အား(၈၀၀)ကျော်နဲ့လုပ်ငန်းလည်ပတ်နေပြီးတော့နေ့စားအလုပ်သမားတွေကိုလည်းခေါ်ယူခိုင်းစေနေပါတယ်။

အလုပ်သမားတွေကိုနေ့စဉ်အလုပ်ချိန်နံနက်၇နာရီခွဲကနေည၇နာရီခေါ်ယူနေပြီးလုပ်သားတစ်ဦးရဲ့လုပ်နိုင်စွမ်းထက်ကျော်လွန်ပြီးအထည်စံချိန်တွေကိုတောင်းခံနေတယ်လို့အလုပ်သမားတွေကပြောပါတယ်။ချုပ်လုပ်ရတာကတော့ဂျပန်ထည်နဲ့ဂျာကင်ထည်တွေဖြစ်ပြီးချုပ်ရတာခက်ခဲတယ်လို့သိရပါတယ်။

"စက်ရုံဘက်ကအထည်စံချိန်တွေကိုမတရားတောင်းတယ်။စက်လိုင်းတလိုင်းကိုစူပါ၊ဟက်ပါအပါမှလူ(၆၀)ရှိတယ်။တစ်နာရီကိုလိုင်းပေါက်အထည်(၇၀)ထိပေးရတယ်။ညနေပြန်ချိန်နားနီးလို့မှအလုပ်ရှင်ဘက်ကသတ်မှတ်တဲ့အထည်စံချိန်မရရင်မန်နေဂျာလက်ထောက်က‌ေအာ်ဟစ်ပြီးရိုင်းရိုင်းစိုင်းစိုင်းပြောတယ်။နောက်အလုပ်ရှင်ဘက်ကစက်ရုံမှာဘယ်ခွင့်ရက်မှခံစားခွင့်မပေးဘူးပြောတယ်။တစ်ရက်လောက်ခွင့်ယူမိရင်ဒေးကြေး၊ထောက်ပံ့ကြေး၊ ရက်မှန်ကြေး၊ ABCကျွမ်းကျင်ကြေးအကုန်လူံအချိုးနဲ့အဖြတ်ခံရတယ်"လို့စက်ရုံလုပ်သားတစ်ဦးကပြောပါတယ်။

အလုပ်တစ်ရက်ပျက်ပါက ရှောင်တခင်ခွင့်မရဘဲ  စက်ရုံမှဒေးကြေး(၆၈၀၀ ကျပ်၊ ထောက်ပံ့ကြေး(၁၀၀၀ကျပ်၊ ရက်မှန်ကြေး(၄၀၀၀၀)ကျပ်၊ ABCကျွမ်းကျင်ကြေးပေးထားပြီး အလုပ်တစ် ရက်ပျက်လျင် အချိုးကျဖြတ်တောက်တာလို့ သိရပါတယ်။

စက်ရုံလုပ်ငန်းခွင်ထဲမှာလည်းခွဲခြားဆက်ဆံတာတွေရှိနေပြီးကျွမ်းကျင်မှုအဆင့်သတ်မှတ်တာကိုလည်းအော်စူပါ၊စူပါတွေဲ့အဆင်ပြေသူတွေကိုပဲဂရိတိအမြင့်တွေပေးနေတယ်လို့သိရပါတယ်။ဒီအခြေအနေကြောင့်လည်းအမှန်တကယ်ကျွမ်းကျင်မှုရှိတဲ့အလုပ်သမားတွေမှာနစ်နာမှုတွေဖြစ်ပေါ်နေပါတယ်။

"ဖယ်ရီကားတွေလည်းအရမ်းကြပ်တယ်။စီးတဲ့သူနဲ့ကားမဆန့်တာများလို့အလုပ်သမားတိုင်းဖယ်ရီမစီးရဘူး။နောက်နေ့စားအလုပ်သမားတွေဆိုလည်းတနင်္ဂနွေနေ့တောင်ခံစားခွင့်မရဘူး။ဒီအခြေအနေတွေကိုအမြန်ဆုံးအဆင်ပြေစေချင်တယ်"လို့ သူက ပြောပါတယ်။

စက်ရုံအလုပ်သမားတွေအနေနဲ့ဖယ်ရီတွေကိုလူတိုင်းစီးနိုင်ဖို့၊ဥပဒေအတိုင်းခွင့်ခံစားခွင့်တွေရဖို့၊ကျွမ်းကျင်မှုဂရိတ်တွေကိုလုပ်‌ေဆာင်ချက်အတိုင်းခွဲခြားပေးဖို့၊လုပ်ငန်းခွင်တွင်းဆဲဆိုတာတွေ၊ရိုင်းစိုင်းစွာအော်ဟစ်တာတွေမလုပ်ဖို့နဲ့အထည်စံချိန်ကိုညှိနှိုင်းသတ်မှတ်တာတွေလုပ်ဆောင်ဖို့လိုလားနေတယ်လို့ အလုပ်သမားတွေကပြောဆိုထားပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026