NEWS

LUCKY FORTUNE GARMENT စက်ရုံအလုပ်သမားတွေ အထည်ကြေးထက်ဝက်မက လျှော့ချခံရ

CoverLogo
1.1K Views

အမှတ် (-)၊ ဆရာဦးထွန်းလမ်း၊ ရွှေပြည်သာစက်မှုဇုန်(၄)၊ အင်းစိန်မြို့နယ်အပိုင်ထဲတွင်ဖွင့်လှစ်ထားသော LUCKY FORTUNE GARMENT  စက်ရုံကအလုပ်သမားတွေဟာ အထည်ကြေးတွေထက်ဝက်မကရှော့ချခံနေရတယ်လို့  အလုပ်သမားတွေထံက သိရပါတယ်။  

အဆိုပါစက်ရုံဟာ  တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ကာ အလုပ်သမား(၁၀၀၀)ကျော်ဖြင့် FieldCore၊ Inextenso အမည်ရှိတဲ့ကုန်အမှတ်တံဆိပ်ဘောင်းဘီ၊ အင်္ကျီများချုပ်လုပ်တယ်လို့သိရပါတယ်။

၎င်းစက်ရုံမှာ အထည်ကြေး စနစ်နဲ့ချုပ်ရတာဖြစ်ပြီးယခင်က ဘောင်းဘီတစ်ထည်ကို ၂၂ကျပ်ချုပ်လုပ်ခရရှိတာဖြစ်ပြီး တစ်နေလုံးစာကိုဘောင်းဘီအထည်စံချိန်၄၅၀ ပေးရတာဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ ဒေးကြေးတွေတိုးပေးရ လို့ဆိုတဲ့အကြောင်းပြချက်နဲ့  အထည်ကြေးတွေကို ယခင်လို၂၂ကျပ်မပေးဘဲ ၁၀ ကျပ်သာပေးပြီးလျော့ချပစ်ကာ အလုပ်ချိန်၁၀နာရီအတွက် အထည်စံချိန်ကိုလည်း ၄၅၀မဟုတ်တော့ဘဲ ၅၇၀ တိုးတောင်းလာခြင်းဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။

သတ်မှတ်ထားသော စံချိန်မပြည့်ပါက ထမင်းမစားရခြင်း၊ ရေသောက်ချိန်မရခြင်း၊ ယခင်က တစ်နေ့လုံးစာ အထည်စံချိန် တစ်ပတ်လုံးပြည့်ပါက  တစ်ပတ်စာဘောနပ်ပေးပြီး ယခုမှာမူ  တစ်နေ့စံချိန်ပြည့်ပါက  စက်လိုင်း မန်နေဂျာနဲ့ အောစူပါနဲ့ စူပါတွေသာ ဘောနပ်ရကာ အထည်ရအောင်ချုပ်လုပ်ပေးသော အလုပ်သမားတွေကို မပေးတော့သလို စက်လိုင်းမန်နေဂျာ  နဲ့ စူပါတွေ အောစူပါတွေက တစ်ပတ်စာဘောနပ်ရသည့်အတွက် အလုပ်သမားများကို ဆဲဆိုကာ ဖိအားပေးပြီးနေ့စဉ်နဲ့မျှခိုင်းစေနေတယ်လို့ ဆိုပါတယ်။ 

“ဒေးကြေးတိုးပေးထားပြီး အထည်ကြေးတွေဖျက်ချခံနေရတော့ အရင်လစာနဲ့ တူတူဘဲ ပိုပင်ပန်းတာဘဲ အဖတ်တင်တယ် အရင်အတိုင်း မဖူလုံတာပဲရှိတယ် အများအမြင်မှာတော့ အလုပ်ရှင်ကဒေးကြေးတိုးပေးတယ်သာ မြင်တာ ဖြတ်တောက်ခံရတာတွေရှိပြီး အထည်စံချိန်တွေပိုတောင်း လာပြီး အလုပ်ရှင်သာ အကျိုးအမြတ်ပိုရပြီး အလုပ်သမားကတော့ ဘာမှပိုရတာရှိမနေဘူး” လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲတွင် အလုပ်သမားတစ်ဦးမချုပ်လုပ်နိုင်သော စံချိန်ကိုတောင်းခံနေတာဖြစ်ပြီး  စက်လိုင်းတစ်လိုင်းကို စူပါအပါ၅၅ယောက်အတွက် အလုပ်ချိန်၁၀နာရီမှာ အထည်၅၇၀အထိတောင်းခံနေတာလို့ ပြောပါတယ်။

"အလုပ်ရှင် တောင်းခံတဲ့စံချိန်ကို အသဲသန်ရေမသောက်၊ အိမ်သာမသွားပဲချုပ်လုပ်လို့ စံချိန်ပြည့်ရင် နောက်နေ့ အဲ့ထက်ပိုပို၍တောင်းခံပါတယ်။ စက်ရုံမှူး ဒေါ်ဇင်ဇင်စိုးကလဲ တစ်နာရီတစ်ခါ မိုက်နဲ့အော်ပြီး အထည်မရ တဲ့လိုင်းတွေကို အော်ဟစ်ပြောဆိုနေပါတယ်။ ပြီးရင် စက်လိုင်းထိပ်ထိပြီး ဆဲဆိုပါတယ်။ အထည်ကြေးတွေ လျော့ပစ်လို့ စက်လိုင်းအလုပ်သမားတွေစုပြီး အလုပ်မလုပ်ဘဲ ဖြေရှင်းပေးဖို့ပြောတော့ အလုပ်ရှင်ဘက်က wcc ကိုအားလုံးပြောပြီးပြီ လက်မှတ်လဲထိုးခိုင်းပြီးပြီဆိုပြီးပြောပါတယ်။ wcc ကို အလုပ်သမားတွေကမေးတော့ ပြန်လဲမပြော ဘာမှလဲ ရေရေရာရာမသိရပါဘူး အလုပ်ကိုသာဖိအားပေးပြီး ပြန်လုပ်ခိုင်းပါတယ်။ wccဆိုတာလဲ အလုပ်ရှင်ဘက်ကရွေးပြီးတင်ထားတဲ့ wccတွေဖြစ်သောကြောင့် ဘာမှဖြေရှင်းပေးတာ မရှိခြင်းဖြစ်နေတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။ 

"လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့် ဆေးခွင့်တွေ မရဘူး နေမကောင်းဖြစ်လို့ ဆေးခွင့် တရက်ယူရင် အပြောအဆိုခံရပါတယ်။ ရှောင်တခင်ခွင့်ဆိုလုံးဝ ယူလို့မရဘူး ဖုန်းဆက်ပြီးခွင့်တိုင်လဲ မပေးဘဲ ဒေးကြေး ဖြတ်ပစ်တာ စူပါအောစူပါတွေက သူတို့အလုပ်သွင်းပေးထားတဲ့သူတွေ အမျိုးတွေဆိုရင် ရက်ဘယ်လောက်ပျက်ပျက် ဘာမှမပြောဘဲ အေးဆေးဖြစ်နေတာပါ ကျန်အလုပ်သမားတွေကတော့ ရှောင်တခင်ခွင့်တိုင်ရင် ဒေးကြေး ၆၀၀၀ နဲ့ ရက်မှန်ကြေး ၂၀၀၀၀ ဖြတ်ခံရတယ်"လို့ ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း ဆေးပေးခန်းဖွင့်ထားပေမဲ့ ဆေးဝါးလုံလောက်အောင်မရှိလို့ ကိုယ်ဘာသာဝယ်သုံးနေရတယ်လို့ ဆိုပါတယ်။

"သတင်းမီဒီယာတွေကနေ ချိုးဖောက်မှုတွေဖော်ပြလို့ အလုပ်သမားရုံးက လာစစ်လည်း ရှောင်တခင်စစ်တာမဟုတ်ဘဲ စစ်ဆေးရေးတွေက အလုပ်ရှင်ကို ကြိုတင်အကြောင်းကြားထားလို့ ကြိုပြီး သင်ပေးထားတယ် လုပ်ငန်းခွင်ထဲမှာ ဘာချိုးဖောက်မှုမှ မရှိ အားလုံးကောင်းမွန်ကြောင်းတွေပဲ ဖြေရတယ်"လို့ အလုပ်သမားကဆက်ပြောပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026