NEWS

Longhuan DEPlN Garment Limited တွင် ကျွမ်းကျင်ကြေးများ အကြောင်းမဲ့ လျှော့ချပြီး အချိန်ပိုနာရီများကို အခမဲ့ခိုင်းစေနေ

CoverLogo
457 Views

တရုတ်ပြည် လုံချမ်းခရိုင်၊ ကျန်ဖုံမြို့မှာ ဖွင့်လှစ်ထားတဲ့ Longhuan DEPlN Garment Limited  အလုပ်ရှင်က အလုပ်သမားတွေရဲ့ ကျွမ်းကျင်ကြေးတွေကို အကြောင်းမဲ့ လျှော့ချသလို အောလင်းတွေ၊ အောနိုက်တွေ ကို လည်း အလုပ်သမားတွေရဲ့ဆန္ဒမပါဘဲ အခမဲ့အတင်းအကြပ် ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါ တယ်။ 

ဒီစက်ရုံကိုတော့ တရုတ်နိုင်ငံသား ပိုင်ဆိုင်တာဖြစ်ပြီး လူဦးရေ (၄၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာပါ။ 

အလုပ်သမားတွေက allblu အမှတ်တံဆိပ် အနွေးထည်အင်္ကျီတွေ ချုပ်လုပ်ရတာဖြစ်ပြီး အလုပ်ခေါ်ယူစဉ်က ပြောဆိုထားတဲ့ အချက်အလက်တွေကို အလုပ်ရှင်ဘက်က ချိုးဖောက်နေတာ ဖြစ်ပါတယ်။

“အလုပ်ခေါ်တုန်းက တစ်လကို မြန်မာငွေ (၁၂) သိန်းကနေ (၁၃) သိန်းထိရမယ်လို့ ပြောပါတယ်။ 
လုပ်ငန်းခွင်ထဲ ရောက်တော့ အလုပ်ခေါ်တုန်းကလို မပေးပါဘူး။ အရင်ကဆို ကျွမ်းကျင်ကြေးကို (A)ဆို ၁၈၀၀၊ (B)ဆို ၁၇၀၀၊ (C)ဆို ၁၆၀၀ ပေးပါတယ်။ အခုကျတော့ ကျွမ်းကျင်ကြေးတွေလည်း လျှော့လိုက်ပါတယ်။ (A) ဆို ၁၇၀၀၊ (B)ဆို ၁၆၀၀၊ (C)ဆို ၁၅၀၀ ပဲ ပေးပါတယ်။ နောက်ပြီး အလုပ်ရှင်က ကျွန်မတို့ မချုပ်နိုင်တဲ့ အထည်စံချိန်တွေ တိုးတောင်းပါတယ်။ စက်လိုင်းတစ်လိုင်းမှာ အလုပ်သမားက (၃၅) ကနေ (၃၇) ဦးလောက်ပဲ ရှိပါတယ်။ လူတစ်ယောက်ကို လေးပွိုင့်၊ ငါးပွိုင့်ထိ ချုပ်ရပါတယ်။ ချုပ်ရတာက အနွေးထည်တွေဆိုတော့ လက်ဝင်ပါတယ်။ အခက်အခဲတွေရှိတယ်။ အဲဒါကို အလုပ်ရှင်က လိုင်းပေါက်အထည် (၅၀) ထိ တောင်းနေပါတယ်”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုံတွင်းမှာ အလုပ်ချိန်ကို နံနက် (၈) နာရီမှ ည(၁၁) နာရီထိ ခေါ်ယူနေပြီး အောလင်းတွေ၊ အောနိုက်တွေကိုလည်း အခမဲ့ ခိုင်းစေနေပါတယ်။ ဒါ့အပြင် အလုပ်သမားတွေကို ခွင့်ခံစားခွင့်တွေ မပေးသလို မြန်မာနိုင်ငံကို ပြန်ချင်တဲ့ အလုပ်သမားတွေကို အကြောင်းအမျိုးမျိုးပြပြီး ပြန်ခွင့်မပေးဘူးလို့ သိရပါတယ်။

“အလုပ်ရှင်ဘက်က သူတို့အဆမတန် သတ်မှတ်ထားတဲ့ တစ်ကဒ်ကို ပြည့်အေင်မချုပ်နိုင်ရင် အောလင်း၊ အောနိုက်တွေကော တနင်္ဂနွေနေ့တွေကော အချိန်ပိုအိုတီတွေ အလကားဆင်းခိုင်းပါတယ်။ ကျွန်မတို့က အချိန် ပိုတွေ လုပ်ပေးနေရပေမယ့် ပိုက်ဆံမရပါဘူး။ နောက်ပြီး အချိန်ပိုတွေ မတရားဖြစ်လာတော့ အလုပ်သမားတွေ လည်း ကျန်းမာရေး ထိခိုက်လာပါတယ်။ အခုဆို စက်ရုံမှာ ပြည်တွင်းကိုပြန်ချင်တဲ့ အလုပ်သမားတွေ အများကြီး ရှိပါတယ်။ အလုပ်ရှင်က မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင် တရုတ်ပြည်ကို လာတုန်းက လမ်းစရိတ်တွေ ပြန်တောင်းပါတယ်။ နောက်ပြီး တော်ရုံနဲ့ ပြန်မလွှတ်ပါဘူး။ အကြောင်းပြချက်တွေပေးပြီး ဆွဲထားပါတယ်”လို့ သူက ပြောပါတယ်။

Longhuan DEPlN Garment Limited မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင် တွင်းကနစ်နာမှုတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီတောင်းခံထားတာဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာ သမဂ္ဂလည်း မရှိဘူးလို့ သိရပါတယ်။။

စက်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ဘက် အရင်ကပေးချေခဲ့တဲ့ ကျွမ်းကျင်ကြေးတွေကို ပြန်ပေးရေး၊ အလုပ်သမားတွေကို ဖိအားပေးပြီး အချိန်ပိုအိုတီတွေ အလကားမဆင်းခိုင်းရေး၊ အလုပ်သမားတွေ သဘောဆန္ဒ မပါဘဲ အောနိုက်၊အောလင်းတွေ မခေါ်ရေးနဲ့ အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့စံချိန်ကိုသာ တောင်းခံရေးတို့ကို လိုလားနေတာ ဖြစ်ပါတယ်။


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026