NEWS

LITA MYANMAR အထည်ချုပ် လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုရှိဟုဆို

CoverLogo
783 Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန် ၄ မှာဖွင့်လှစ်ထားတဲ့ LITA MYANMAR အထည်ချုပ်လုပ်ငန်းခွင်မှာ အချိန်ပိုဆင်းရာမှာ တနင်္ဂနွေပိတ်ရက်ပါ ဆင်းပေးနေရသလို အထည်စံချိန်အလွန်အကျွံတောင်းခံတာ ၊ လုပ်ငန်းခွင်အတွင်း ရိုင်းစိုင်းစွာ ဆဲဆိုခိုင်းစေနေတာနဲ့ လုပ်ငန်းခွင်ဆိုင်ရာ ခံစားခွင့်အချို့ခံစားခွင့်မရဘဲ နစ်နာမှုတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး အလုပ်သမား ၁၀၀၀ ခန့်နဲ့ လုပ်ကိုင်နေပေမဲ့ လုပ်ငန်းခွင်အတွင်းအလုပ်ရှင်အလုပ်သမားအငြင်းပွာမှုဖြေရှင်းပေးရေး ယန္တရားဖြစ်တဲ့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ ပြောပါတယ်။

ချုပ်လုပ်တဲ့ အမှတ်တံဆိပ်အနေနဲ့ GLACIER၊ CONVERSE၊ heartgreen၊ BURTLE WW  တွေဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်မှာ အများပြည်သူပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာပါ အချိန်ပိုဆင်းရပြီး အောနိုက် အောလင်း ( ညလုံးပေါက် ) ဆင်းရတာတွေပါ ရှိနေပြီး အချိန်ပိုခေါ်ပါက အလုပ်သမားတွေကို ကြိုတင်အသိပေးခြင်းမရှိသလို  ငြင်းဆန်ခွင့်မရှိဘဲ မဖြစ်မနေ ဆင်းပေးနေရတာ အချိန်ပိုဆင်းရပါက ဖယ်ရီမစီစဉ်ပေးတာ အချိန်ပိုဆင်းရန်ငြင်းဆန်ပါက ဖိအားပေးခံရပြီး ခွဲခြားဆက်ဆံတာတွေ ပြုလုပ်နေလို့ အခက်အခဲတွေရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

"မကြာခဏဆိုသလို လုပ်နေကျမဟုတ်ပဲ မတူတဲ့ အခြားဌာနတွေမှာ သွားလုပ်ဖို့ ခိုင်းတာရှိတယ် မလုပ်ဖူးပေမဲ့ စံချိန်ကိုတန်းတူတောင်းတာမျိုးတွေလုပ်တယ်။အထည်စံချိန်တွေလည်း တနာရီကို အထည် ၃၅ ထည်လောက်တောင်းတာ သူတို့တောင်းတဲ့စံချိန်က ရေမသောက် အိမ်သာမသွားဘဲ ချုပ်ရတာမျိုးပါ။ စံချိန်တောင်းရင်လည်း ဆဲဆိုအော်ဟစ်ပြီးတောင်းတာ စံချိန်ပြည့်လဲ ဆဲခံရတာပဲ" လို့ အလုပ်သမားကပြောပါတယ်။

အထက်ပါ ကဲ့သို့ လုပ်ငန်းခွင်အတွင်း ဂုဏ်သိက္ခာမဲ့စွာ လုပ်ကိုင်နေရတာ အလုပ်သမားဥပဒေပါ ခံစားခွင့်တွေဖြစ်တဲ့ ခွင့်ခံစားခွင့်မရဘဲ တရက်ပျက်ပါက ဒေးကြေး ၄၈၀၀ ကျပ် ရက်မှန်ကြေး ၁၀၀၀၀ ကျပ် ဖြတ်တောက်ခံရတာ ကြောင့် နစ်နာမှုတွေရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်ဝင်ချိန် နံနက် ၇ နာရီ ၃၀ ကနေ ညနေ ၆ နာရီ ၃၀ အထိ သတ်မှတ်ထားပြီး အော်ဒါအရေးကြီးတယ်ဆိုပါက မိုးလင်းပေါက်ထိ ဆင်းရတာမျိုးတွေရှိနေသလို ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေးမရရှိပဲ လုပ်ကိုင်နေရတဲ့ ဌာနတွေရှိနေတယ်လို့ ဆိုပါတယ်။

"သောက်ရေဆို ရေဘူးစီစဉ်ပေးတာဆိုတော့ ရေကုန်သွားတာမျိုးရှိတယ် ပြီးတော့ အိမ်သာဆိုရင် အလုပ်နားချိန်မှာရေပိတ်ထားတယ် အလုပ်ချိန်မှ ရေဖွင့်ပေးတော့ အခက်အခဲတွေရှိနေတယ်၊ အလုပ်လုပ်ရတာလဲ အလုပ်ချိန်အတွင်းမှာ အိမ်သာသွားချိန်မရဘူး"လို့ ဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ အချိန်ပို ခေါ်ပါက အလုပ်သမားသဘောဆန္ဒကို အရင်မေးဖို့  အချိန်ပိုဆင်းတဲ့ အလုပ်သမားတွေအတွက် အပြန်ဖယ်ရီစီစဉ်ပေးရန် ရက်မှန်ကြေး ကျွမ်းကျင်ကြေးတွေကို တန်းတူပေးဖို့ အထည်စံချိန်ကို ချုပ်လုပ်နိုင်တဲ့ အရေအတွက်ကိုသာ တောင်းခံရန် အလုပ်သမားတွေအနေနဲ့ ခံစားခွင့်ရှိသော ရှောင်တခင်ခွင့်ခံစားခွင့်ပြုရန်  နိုင်ငံခြားသားများမှ အလုပ်သမားတွေကို တိုက်ရိုက်အုပ်ချုပ်ခြင်းမပြုရန် အလုပ်သမားတွေဆေးခန်းပြရာမှာ မချေမငံဆက်ဆံတာနဲ့ ဆေးဝါးမစုံလင်မှုတွေကို ဖြေရှင်းပေးရန် စတဲ့အချက်‌တွေ တောင်းဆိုလိုကြောင်းအလုပ်သမားတွေကပြောကြားပါတယ်။

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026