NEWS

LITA MYANMAR  အထည်ချုပ်စက်ရုံ အလုပ်သမားများ လုပ်ငန်းခွင် တောင်းဆိုမှုပြုလုပ်နေ

CoverLogo
556 Views

ရွှေပြည်သာစက်မှုဇုန် က LITA MYANMAR Co.,ltd ပိုင် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၂၅၀ ကျော်က လုပ်ငန်းခွင်အတွင်း တောင်းဆိုမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ Finishing နဲ့ စက်လိုင်းက အလုပ်သမားတချို့က လုပ်ငန်းခွင်အတွင်း လုပ်ခလစာ မညီမျှတွေအတွက် တောင်းဆိုမှုတွေ ပြုလုပ်နေတာလို့ အလုပ်သမားတွေက ပြောပါတယ်။ 

“စက်ရုံထဲမှာ လုပ်ခလစာ  ၈၈၀၀ ကို တပြေးညီ ပေးဖို့ တောင်းဆိုတာပါ။ စက်လှိုင်းတွေဘက်က ဒေးကြေးက ကျွန်တော်တို့ထက်မြင့်ပါတယ်။ ဌာနထဲမှာကို ဒေကြေး လေးငါးမျိုး ဖြစ်နေလို့ ညီညီမျှမျှပေးဖို့ တောင်းဆိုနေတာပါ” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊စက်မှူဇုန်(၄)မှာရှိပြီး စက်ရုံလုပ်သား ၉၀၀ ကျော်လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က ဒေးကြေး ၈၈၀၀ ကို မည်သူ့ကိုမျှ မပေးဘဲ ငြင်းဆိုထားပေမဲ့ အချိန်ပိုကြေးတွေမှာ ဘာကြောင့် ကွာခြားမှုရှိတယ်ဆိုတာ ရှင်းမပြဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

“တောင်းဆိုမှုတွေက ဒီနေ့ ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းက စတာပါ။ HR က လာပြောတာက စက်ရုံက ၈၈၀၀ ဘယ်သူ့မှ မပေးဘူးတဲ့။ အလုပ်သမားလိုလို့ အဲ့ဈေးပြောပြီး အလုပ်ခေါ်တာလို့ ပြောတယ်။ ဒါပေမဲ့ အချိန်ပိုကြေးတွေမှာ ခွဲခြားပေးတာကို မြင်ထားတယ်။ သိထားတယ်။ ဒါကိုတော့ ရှင်းမပြပါဘူး။” လို့ ပြောပါတယ်။ 

လက်ရှိ အလုပ်သမားတွေ ကတော့ “ ၁။ အလုပ်ရှင်မှ အလုပ်သမားများ  အားလုံးကို တန်းတူ ဒေးကြေး ၈၈၀၀ကျပ်ပေးရဖို့ ၊ ၂။ ရက်မှန်ကြေး နောက်ထပ် ၃၀၀၀၀ ထပ်တိုးပေးဖို့ ၊ ၃။ စက်ရုံတွင် အလုပ် လုပ်တာကြာပြီ ဖြစ်တာကြောင့် နှစ်ကြေးပေးဖို့နဲ့ တစ်နှစ်ကို ၁၀၀၀၀မှ စတင်ပေးဖို့ ၊ ၄။ အလုပ်ရှင် ဘက်မှ ဥပဒေပါ ခံစားခွင့် ဖြစ်သော ရှောင်တခင်ခွင့် ပေးရန်၊ ၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ မချုပ်လုပ်နိုင်သောစံချိန်တွေကို မတောင်းဖို့ ၊ ၆။ အောစူပါ၊ စူပါတွေက  အထည်စံချိန်တောင်းခံရာမှာ ဆဲဆိုပြီး မတောင်းဖို့ ၊ ၇။ အလုပ်ရှင်ဘက်က လူမှုဖူလုံရေးမှပေးတဲ့ ဆေးခွင့်ခံစားခွင့်ကို အလုပ်ရှင်ဘက်က ဒေကြေးခံစားခွင့်ပေးဖို့” တောင်းဆိုထားပါတယ်။

LITA MYANMAR အထည်ချုပ်စက်ရုံက TSDESIGN , FORK& SPOON , GLACIER , GoldenBear နဲ့ BULTLE စတဲ့ တံဆိပ်တွေ ချုပ်လုပ်နေတဲ့ အပြင် ရွှေသံလွင်စက်မှုဇုန် ဆိုလာမိုလာအထည်ချုပ်စက်ရုံက တံဆိပ်တချို့လည်း ချုပ်လုပ်ပေးနေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။  

#MyanmarLabourNews


Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026