NEWS

Lesmart (Myanmar) Apparel စက်ရုံမှ အလုပ်သမားများ၏ အိတ်ဖွင့်ပေးစာ

CoverLogo
502 Views
 
Myanmar Labour News က အကို အမ တို့ရှင့် ၊
 
ညီမတို့ဟာ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ Lesmart (Myanmar) Apparel Co., Ltd စက်ရုံက အလုပ်သမားတွေပါ။ ဒီစာကို ပေးပို့ရတာကတော့ ညီမတို့ နေ့စဉ်နဲ့အမျှ ခံစားနေရတဲ့ ဖိနှိပ်မှုတွေ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရမှုတွေကို အသိပေးချင်လို့ပါ။
 
အချိန်ပို အတင်းဆင်းခိုင်းခြင်းနှင့် လုပ်အားခေါင်းပုံဖြတ်ခြင်း
 
ညီမတို့ နေ့တိုင်း ည ၉:၃၀ အထိ အချိန်ပိုဆင်းရပါတယ်။ ဒါ့အပြင် စနေနေ့ဆိုရင် ညလုံးပေါက် (all-night) ဆင်းရတာတွေလည်း ရှိပါတယ်။ တနင်္ဂနွေနေ့ ပိတ်ရက်မှာတောင် အချိန်ပိုဆင်းခိုင်းပါတယ်။ တစ်လလုံးနီးပါးကို ဒီလိုမျိုး အချိန်ပိုတွေ ဆင်းရတဲ့အတွက် အနားယူချိန်မရှိဘဲ ပင်ပန်းဆင်းရဲနေရပါတယ်။
 
လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ချိုးဖောက်ခြင်း
 
ကိုယ်ပိုင်ပစ္စည်းတွေ သိမ်းဆည်းခံရပါတယ်။ အလုပ်သမားရုံးကို ဖုန်းဆက်တိုင်ကြားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မနက် ၇:၃၀ ကနေ ည ၇:၀၀ အထိ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေ စတဲ့ပစ္စည်းတွေကို မန်နေဂျာက သိမ်းယူထား ပါတယ်။ ထမင်းစားချိန်မှာတောင် ပြန်မပေးပါဘူး။ ဒါဟာ အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး ကျွန်မတို့ရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတာပါပဲ။
 
အလုပ်လုပ်နေတဲ့နေရာမှာ ရေသန့်ဗူးထားခွင့်မပေးဘဲ ရေသောက်ချင်ရင် အလုပ်လုပ်တဲ့နေရာနဲ့ အလှမ်းဝေးတဲ့ နေရာကို သွားသောက်ရပါတယ်။ အဲဒီလို ရေသောက်ဖို့ အချိန်ယူလိုက်ရင် အာဝါဒီ ကျတယ်ဆိုပြီး ဆူပူ ကြိမ်းမောင်းတာတွေ ခံရပါတယ်။ တစ်နေကုန် ရေမသောက်ရတဲ့ ရက်တွေတောင် ရှိပါတယ်။
 
စက်ရုံဝင်/ထွက်ချိန်တွေမှာ အမျိုးသမီးတွေရဲ့ ရင်ဘတ်အထိ စမ်းသပ်စစ်ဆေးတာမျိုးတွေ ရှိပါတယ်။ အမျိုးသမီးဝန်ထမ်းကပဲ စစ်ဆေးတယ်ဆိုပေမယ့် အမျိုးသားကြီးက ဘေးနားကနေ ကြည့်နေပြီး ဒါဟာ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိပါးတာပါပဲ။
 
ကျန်းမာရေး စောင့်ရှောက်မှု မရှိခြင်း
 
စက်ရုံမှာ ဆေးခန်းဆိုတာ ထားပေးထားပေမယ့် ဘာဆေးမှမရှိပါဘူး။ အရက်ပြန် (alcohol) ပဲ ရှိပါတယ်။ လက်ထိခိုက်ရင်တောင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆေးဝယ်ပြီး ကုသရပါတယ်။
 
ည ၉:၃၀ အထိ အချိန်ပိုဆင်းရလို့ အိမ်နဲ့ဝေးတဲ့ အလုပ်သမားတွေဟာ စက်ရုံအဆောင်မှာ အိပ်ရပါတယ်။ အဲဒီအဆောင်ဟာ ခြင်တွေထူထပ်ပြီး ခွေးချေးတွေနဲ့ မသန့်ရှင်းတဲ့အတွက် အိပ်ရေးမဝဘဲ ကျန်းမာရေးအတွက် အရမ်းဆိုးရွားပါတယ်။
Myanmar Labour News ရှင့်၊ ကျွန်မတို့ရဲ့ အသံတွေကို လူသိရှင်ကြားဖြစ်အောင် ကူညီဖော်ပြပေးဖို့ပါ။
 
သက်ဆိုင်ရာဌာနတွေကနေ တရားမျှတမှု ရရှိအောင် ကူညီပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
လေးစားစွာဖြင့်၊ Lesmart (Myanmar) Apparel Co., Ltd မှ အလုပ်သမားများ

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026