NEWS

LAT WAR (3) အထည်ချုပ်စက်ရုံက အလုပ်သမား၂၀၀၀ ကျော် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
1.2K Views

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဆိပ်ကမ်းသာလမ်း ရှိ  LAT WAR (3) အထည်ချုပ် စက်ရုံက အလုပ်သမား၂၀၀၀ ကျော်ဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။ 

အထည်ချုပ် စက်ရုံ ကို လွန်ခဲ့တဲ့  (၁) နှစ်ကျော်က ဖွင့်လှစ်ထားပြီး  အလုပ်ချိန် မနက် (၈) နာရီမှ ည ၆း၃၀ မှာ  အချိန်ပို (၂)နာရီဆင်းရတဲ့ ရက်များရှိသလို မနက် မနက် (၈) နာရီမှ ည ၇း ၄၅  အချိန်ပို (၃)နာရီဆင်းရတဲ့ ရက်များရှိပြီး အထည်များအရေးကြီးလို့ဆိုကာ All Night/ All Lin ( ညလုံးပေါက်) ဆင်းရတဲ့ ရက်များစွာရှိတယ်လို့ သိရပါတယ်။ 

" All Lin ဆင်းရရင် နောက်နေ့ မနက်အလုပ်ချိန်မီ ဆင်းရတာ တခါဆင်းရင် အနည်းဆုံး (၄) ရက်က (၅) ရက်ထိဆက်တိုက် အနားမပေးဘဲ ဆင်းခိုင်းတဲ့အတွက် ကျန်းမာရေးထိခိုက်တာ တွေဖြစ်တယ် လုပ်ငန်းခွင်ထဲ မူးလဲတာအော့အန်တာတွေနဲ့ ကျန်းမာရေးထိခိုက်တဲ့အထိလုပ်နေရတယ်"လို့ အလုပ်သမားကပြောပါတယ်။

အဆိုပါစက်ရုံကို တရုတ်လူမျိုးပိုင်ဆိုင်ပြီး အလုပ်သမားဦးရေ(၂၀၀၀ ) ကျော်နဲ့  REGATTA, KAPALUA စတဲ့  အမှတ်တံဆိပ်  ချုပ်လုပ်နေပြီး အလုပ်သမားသမဂ္ဂအဖွဲ့အစည်းမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ  (WCC) ဖွဲ့စည်းထားတယ်လို့  သိရပါတယ်။ 

အချိန်ပိုခေါ်ယူတဲ့အခါ  အလုပ်သမားများဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ် စေ လုပ်ကိုင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အချိန်ပိုဆင်းရသူများအတွက် နားနေဆောင်များ လုပ်ပေးခြင်းမရှိသလို  အထည်စံချိန်များကို ချုပ်လုပ်နိုင်တဲ့စံချိန်ထက် ပိုတိုးတောင်းတာ  သတ်မှတ်ပမာဏကို ရအောင်ချုပ်ပါက ၂ ဆ ထပ်မံတိုးတောင်းပြီး ပုံမှန်မရှိဘူးလို့ ဆိုပါတယ်။

လိုင်းထဲတွင် စူပါ၊ လီတာ၊ လိုင်းစာရေးမ တွေက ဆဲဆိုတာ၊ ရိုင်းစိုင်းစွာ အော်ဟစ်ပြောဆိုတာ ခံရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းက ကိုယ်ဝန်ဆောင်အလုပ်သမား များကိုလဲ သက်သာစေတဲ့အလုပ်များမခိုင်းသလို သာမန်အလုပ်သမားများနှင့် နည်းတူ စံချိန်များကို တောင်းခံမှုများပြုလုပ်ပြီး  ကိုယ်ဝန်ဆောင်များ အနေဖြင့် လုပ်ငန်းခွင်အတွင်း နေမကောင်းလို့ ဂိတ်ပတ် တောင်းလျှင်တောင်ပြန်မလွှတ်ဘဲ  ပြောဆိုတာတွေခံနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း  ဥပဒေပါ ခံစားခွင့် ဖြစ်တဲ့ ခွင့်ရက်များကို ယူခွင့်မရရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

"အလုပ်သမား  ၂ ထောင်ကျော်ရှိတဲ့ နေရာမှာ ဆေးပေးခန်းထားထားပြီး ချောင်းဆိုးပျောက်ဆေးတောင် လုံလောက်အောင်မရပါဘူး စက်ရုံထဲမှာ အိမ်သာ အလုံး ၄၀ မှာ ၂၀ ကပျက်နေတာ ပြင်မပေဘူး အိမ်သာသွားရင်လည်း ကြီးကြပ်သူတွေက အော်ငေါက်နေကြတာ"လို့ လုပ်ငန်းခွင်အတွင်းအလုပ်လုပ်နေတဲ့အလုပ်သမားကပြောပါတယ်။

ယခုလာမယ့်  (၁၀) လပိုင်း သတင်းကျွတ်ပိတ်ရက်ကို ၂၈ ရက်၊ ၂၉ ရက်၊ ၃၀ ရက်၊ ပိတ်ရက်ဖြစ်ပေမဲ့  အလုပ်ရှင်က ၂၆ ရက်၊ ၂၇ ရက်၊ ၂၈ ရက်၊ ၂၉ ရက်၊ ၃၀ ရက်(၅) ရက်ပိတ်ပေးမည်ဖြစ်ပြီး တရားဝင်ပိတ်ရက်မပါတဲ့  ၂၆ ရက်၊ ၂၇ ရက်ကိုတော့ တနဂ်နွေပိတ်ရက်မှာ အချိန်ပိုဆင်းပေးထားရတဲ့စက်တင်ဘာလ၊ ၂၄ ရက်နေ့ တနင်္ဂနွေနေ့ နှင့် အောက် တိုဘာလ၊ ၁၅ ရက်နေ့ တနင်္ဂနွေနေ့ကို (၂) ရက်အစားထိုးဆင်းရမှာလို့ သိရပါတယ်။ 

တနင်္ဂနွေနေ့ ရက်အစားမဆင်းသူများကို ကျွမ်းကျင်ကြေးဂရိတ်အဆင့် (၂) ဆင့်အထိချမယ်လို့ အသိပေးထားပြီး ဂရိတ်   A သမားက  C အဆင့် ကိုသာရမှာဖြစ်တဲ့အပြင် စက်တင်ဘာလ၊ ၂၃ ရက်နေ့ရဲ့အချိန်ပို  (၆) နာရီထိ ဆင်းရတာကိုလည်း (၂) နာရီစာ သာ ပေးမည်ဖြစ်ပြီး ကျန်တဲ့ (၄) နာရီစာကို ရက်စားလို့ဆိုကာ အလုပ်သမားများကို လက်မှတ်ထိုးခိုင်းခြင်းနဲ့ လက်ဗွေလဲနှိပ်ခိုင်း တာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။ 

အထက်ပါ ချိုးဖောက်မှုများ ကြောင့် အလုပ်သမားများအနေဖြင့် အများကြီးနစ်နာမှုများရှိသလို အလုပ်သမားအခွင့် အရေများကို ချိုးဖောက်ခံနေရသလို၊ အဓမ္မခိုင်းစေမှုများ ခံစားနေရတာ​ကြောင့် အလုပ်သမားများက အောက်ပါ အချက်တွေကို တောင်းဆိုလိုတယ်လို့ဆိုပါတယ်။

တောင်းဆိုချက်တွေအနေနဲ့ 

၁။ အချိန်ပိုခေါ်ယူပါက အလုပ်သမားသဘောဆန္ဒကိုကောက်ယူပြီးမှသာ အချိန်ပိုလုပ်ရန်။ အချိန်ပိုမဆင်းလို သည့်အလုပ်သမားများကို ပြန်ခွင့်ပေးရန်။

၂။ အထည်စံချိန်များကို အလုပ်သမားချုပ်လုပ်နိုင်သည့်အထည်စံချိန်ကိုသာတောင်းခံရန်။

၃။ ကိုယ်ဝန်ဆောင်အမျိုးသမီးများကို သက်သာသည့် နေရာတွင်ခိုင်းရန်နှင့် အထည်စံချိန်မတောင်းရန်။ 

၄။ ခွင့်ရက်များကို ခံစားခွင့်ပြုရန်နှင့် ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စရှိပါက ဂိတ်ပတ်အလွယ်တကူပေးရန်။

၅။ စူပါ၊ လီတာများနှင့် စာရေးမများမှ အော်ဟစ်ဆဲဆိုခြင်းများကို မပြုလုပ်ရန်နှင့် ပြုလုပ်ပါက စက်ရုံစည်းမျဥ်းစည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်ပေးရန်။

၆။ အိမ်သာများကို ပြုပြင်ပေးရန်။

၇။ အလုပ်သမား (၂၀၀၀) ကျော်ရှိသည့်အတွက် စက်ရုံဆေးခန်းတွင် ဆရာဝန်ထားပေးရန်နှင့် ဆေးပြည့်စုံစွာ ထားပေးရန်။

၈။ သတင်းကျွတ်ပိတ်ရက်အတွက် ရက်အစား (၂) ရက်ကို တနင်္ဂနွေနေ့ ပေးသည်ဖြစ်တဲ့အတွက် စနေနေ့ ဆင်းခဲ့သည် အချိန်ပို (၄) နာရီစာကို အချိန်ပိုကြေးတွက်ချက်ပေးရန် စတာတွေ တောင်းဆိုလို တယ်လို့ သိရပါတယ်။

#MyanmarLabourNews 

 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026