NEWS

KSHENG Myanmar အထည်ချုပ် ၈ နာရီဆက် လုပ်ကိုင်ခိုင်းပြီး ညလုံးပေါက် ထပ်မံ ခိုင်းစေ

CoverLogo
544 Views

ကူညီပေးပါရှင့် ။ အချိန်ပိုတွေ အလွန်အကျွံခိုင်းနေလို့ပါ ရှင့်။ KSHENG Myanmar အထည်ချုပ်စက်ရုံက အလုပ်သမားတွေပါ။  စက်ရုံက အချိန်ပိုတွေကို ဖိအားပေးပြီး ဆင်းခိုင်းပါတယ်။ နေတိုင်း ည ၈ နာရီအထိ ဆက်တိုက် ချုပ်ပေးရတာပါရှင့်။ ထမင်းစားပြီးကတည်းက တနေကုန် ချုပ်ပေးရ တာပါ။ 
တနေကုန်မှ နေ့လယ်စာ စားဖို့ နာရီဝက်ပဲ အနားရပါတယ်။ စနေ့နေ့လည်း ည ၆ နာရီမှ ပြန်ရပါတယ်။ တနင်္ဂနွေနေ့ဆိုလည်း ၄  နာရီအထိ လုပ်ရပါတယ်။ ဒီလို လုပ်ပေးရတာ ၃ လ ကျော်ရှိနေပါပြီ။  မနေ့က (ဇူလိုင် ၁၇) ရက် ဆို မိုးအလင်းအထိ လုပ်ခိုင်း ပါတယ်။ 
အချိန်ပိုတွေ လုပ်ရလွန်းလို့ အလုပ်သမားတွေ ပင်ပန်းနေပါပြီ။ နားချိန်နည်းလို့ ဖျားကြပါတယ်။ လန်းလန်း ဆန်းဆန်းလည်း မရှိကြတော့ပါဘူး။ အချိန်ပို မဆင်းချင်ဘူးဆိုလည်း လိုင်းခေါင်းဆောင်တွေက  နှစ်ပြားမတန် အောင် အပြော ခံရပါတယ်။ “အိုတီကြ မဆင်းချင်ဘူး၊ အလုပ်မချင် အစောကတည်းက မလောနဲ့” ဆိုပြီး ပြောတာပါ။ အများရှေ့မှာ စိတ်ထိခိုက်အောင် ပြောတာပါ။ တကယ်ဖျားလို့ ဖျားတယ်ပြောတာတောင် ပေးမပြန် ပါဘူးရှင့်။
WCC အဖွဲ့ဝင်က လိုင်းခေါင်းဆောင်ဆိုတော့ အလုပ်သမားတွေကို မကြည့်ပါဘူး။ အထည်စံချိန်ရဖို့ ပဲ ပြောနေ တာပါ။ ကျန်းမာရေးမကောင်းတဲ့သူတွေကိုတောင် စံချိန်မပြည့် ပြည့်အောင်ချုပ်ဖို့ ဘေးကလာပြီး ဖိအားပေး ပြောနေတာပါ ။ 
ကျွန်မတို အိုတီတွေ အလွန်အကျွံ  လုပ်ကိုင်ရလို့ ရွှေပြည်သာမြို့နယ် အလုပ်သမားရုံး (အလရ) ကို ဖုန်းနဲ့ ၄ ကြိမ်တင်ပြခဲ့ပါတယ်။ အလာတူ ရန်ကုန်တိုင်း အလုပ်သမားရုံးကို တကြိမ် တင်ပြပါတယ်။ လာရောက် ဖြေရှင်းပေးတာ၊ ကူညီတာ မရှိခဲ့ပါဘူး။ အလုပ်သမားတွေမှာ ကူရာမဲ့ ဖြစ်နေလို့ အကူညီတောင်းပါတာ ပါရှင့်။ 
KSHENG Myanmar စက်ရုံက ဧပြီလထဲမှာ ရက်စား ၂ ရက်ကို အလုပ် ဆင်းမပေးလို့ ဆိုပြီး (ပိတ်ရက်မှာ ထိပ်ပိတ်၊ နောက်ပိတ် မိတယ်ဆိုပြီး) လစာ ၁၁ ရက်စာ ဖြတ်ပါတယ်။ ရက်စားဆင်းခိုင်းတဲ့ရက်ဆိုတာ ကလည်း စက်ရုံဘက်က ပိတ်တာပါ။ အလုပ်သမားတွေဘက်က ပျက်ကွက်ခဲ့တာ မဟုတ်ပါဘူး။  အဲဒီလတွေ မတိုင်မီက ကတည်းက တနင်္ဂနွေ နားရက်တွေကို စက်ရုံက အလုပ်လုပ်ခိုင်းခဲ့တာပါ
ကျွန်မတို့ အလုပ်သမားတွေမှာ နစ်နာမှုတွေ အများကြီးမို့ အကူအညီတောင်းရတာပါရှင့် ။ 
(Myanmar Labour News က KSENG (Myanmar) Apparel  စက်ရုံနဲ့ ပတ်သက်ပြီး ဧပြီလက ရရှိထားတဲ့ အချက်အလက်တွေအရ စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန် မှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ Mataland , Clique , springfield , FB sister , GEM) စတဲ့ တံဆိပ်တွေကို အလုပ်သမား ၉၀၀ ဝန်းကျင်နဲ့ ချုပ်လုပ်နေပါတယ်။ )


Related posts

Cover
Myanmar Guotai Huasheng နှစ်ကြီး အလုပ်သမားများအား မှတ်ပုံတင်လုပ်ခိုင်းပြီး လုပ်သက် ဖြတ်တောက်
Nov 30, 2025
Cover
လာအို Honor Home စက်ရုံ တခြား အလုပ်ရုံတွင် လုပ်ကိုင်ခိုင်း၊ မလုပ်ပါက နေရပ်ပြန်ရန် ပြော
Nov 30, 2025
Cover
သမဂ္ဂဖွဲ့ရန် ကြိုးပမ်းသည့် SHENG TAI စက်ရုံလုပ်သားများ အလုပ်ထုတ်ခံရပြီး ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရ
Nov 22, 2025
Cover
DAMEI စက်ရုံတွင် အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရပြီး အရွယ်မရောက်သူများပါ အလွန်အကျွံ ခိုင်းစေခံရ
Nov 21, 2025
Cover
အပိုထောက်ပံ့ကြေး ၁၀၀၀ကျပ် မပေးသဖြင့်တိုင်ကြားခံရသည့် True Green City စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းပြေလည်မှုရရှိ
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
အလုပ်သမားအဖွဲ့စည်းများ လွတ်လပ်စွာ ဖွဲ့စည်း နိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးပြော
Nov 21, 2025
Cover
Myanmar Bestfortune Garment တစ်ပတ် ၇ ရက်နီးပါး အချိန်ပို ဖိအားပေးစေခိုင်း
Nov 21, 2025