KSENG (Myanmar) Apparel အထည်ချုပ် စက်ရုံက အလုပ်သမားပါ။ စက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပိုခေါ် တာ၊ သင်္ကြန်ပိတ်ရက်အတွက် ရက်အစား လုပ်ကိုင်ခိုင်းတာ၊ အဲဒီ သင်္ကြန်ရက်စားကိုလည်း အလုပ်သမားတွေရဆန္ဒကို မေးမြန်းတာမရှိပါဘူး။ ရက်စားတွက် တနင်္ဂနွေရက်တွေမှာ ဆင်းခိုင်းပြီး ညနေ (၅) အထိ လုပ်ကိုင်ခိုင်းပါတယ်။ အလုပ်သမားတွေ နစ်နာမှုတွေများလို့ ထပ်ပြီး လာရောက် စစ်ဆေး ပေးစေလိုပါတယ်။
လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ လုပ်ချုပ်နိုင်တဲ့ ပမာဏထက် အထည်စံချိန််တွေ ပိုတောင်းပါတယ်။ အထည်စံချိန် မပြည့်ရင်လည်း စူပါတွေ ခေါင်းဆောင်တွေက ဖိအားခိုင်းပါတယ်။ အဲ့ဒါကြောင့် အလုပ်သမား တွေ အိမ်သာ /ရေသောက် မလုပ်ရဘဲ စံချိန်ရအောင် ချုပ်ပေးရပါတယ်။
စက်ရုံဘက်က အချိန်ပိုကို ည (၉) အထိ ခေါ်တာပါ၊ အလုပ်သမားတွေက နိုင်ငံရေးအခြေအနေကြောင့် အချိန်ပို မဆင်းလိုပါဘူး။ အလုပ်ရှင်ဘက်ကိုလည်း အလုပ်သမားတွေက ပြောကြပါတယ်။ ဒါပေမယ့် စက်ရုံဘက်က အလုပ်သမားတွေရဲ့ ဆန္ဒကို အရေးမစိုက်ဘဲ အချိန်ပိုခေါ်နေတာပါ။
အလုပ်သမားရုံးကလည်း လာစစ်ပါတယ်။ လာစစ်လည်း လုပ်ငန်းခွင်အတွင်း အဖြစ်အပျက်နဲ့တွေကို ကိုက်ညီတာမမေးပါဘူး။ ဟန်ပြ စစ်ဆေးမှု ဖြစ်ပါတယ်။ အဲဒီလို လာစစ်တော့လည်း အလုပ်သမားတွေအတွက် ဘာမှ ပြောင်းလဲတာမျိုးမရှိပါဘူး။
ပြီးခဲ့တဲ့ မတ် ၂၇ ရက် တပ်မတော်နေ့ကလဲ စက်ရုံမှာ အလုပ်သမားတွေကို အချိန်ပိုဆင်းခိုင်းခဲ့ပါတယ်။ အဲ့နေ့မှာ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်တွေ ရှောင်တခင် ဝင်စစ်ဆေးမယ်ပြောလို့ အလုပ်သမားတွေ နေ့လည် နေပူပူ ၂ နာရီလောက်ကြီး အရေးပေါ် ပြန်လွတ်ပါတယ်။ ဖယ်ရီ စီစဥ်ပေးတာ မရှိပါဘူး။ အလုပ်သမာတွေမှာ နေ့လည် ကြီး လမ်းလျှောက်ပြန်ကြရပါတယ်။ အခုလိုမျိုး အလုပ်ရှင်ဘက်က အလုပ်သမားတွေ သဘောမတူဘဲ အချိန်ပို ခေါ်နေတာကို အလုပ်သမားရုံးက တာဝန်ရှိသူတွေနဲ့ စက်ရုံမှာ အော်ဒါအပ်ထားတဲ့ Brand တွေက အလုပ်သမား တွေ အတွက် အထောက်အကူဖြစ်အောင် ပါဝင်ဖြေရှင်းပေးစေချင်ပါတယ်။
(KSENG (Myanmar) Apparel အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ (Mataland , Clique , springfield , FB sister , GEM) စတဲ့ တံဆိပ်တွေကို အလုပ်သမား (၉၀၀) ဝန်းကျင်နဲ့ ချုပ်လုပ်နပါတယ်။)
NEWS
KSENG (Myanmar) သင်္ကြန်ရက်စား လုပ်ကိုင်ခိုင်း၊ လာရောက်စစ်ဆေးပေမဲ့ စက်ရုံဘက်က အပြောင်းအလဲ မလုပ်

768 Views
Related posts

Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026

Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026

Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026

စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026

Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026

ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026

အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026

Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
