NEWS

Kfine International Garment (Myanmar) အလုပ်သမားတဦးမှ ပေးစာ

CoverLogo
689 Views

ပဲခူး Kfine ကိုယ်ဝန်ဆောင် အလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်၊ အလုပ်သမားများအား နှစ်ကြေး ထုတ်ပေးခြင်းမရှိသည့်အပြင် အလုပ်သမားရုံး တာဝန်ရှိသူက မပြောဆိုရင် ပိတ်ပင် ၊ ကျင့်ဝတ်ဖေါက်ဖျက်ပြီး တိုင်ကြားသူအမည်အား စက်ရုံဘက်ကို အလုပ်သမားရုံး တာဝန်ရှိသူက ထုတ်ပြော

#ပေးစာကဏ္ဍ

အောက်တိုဘာ ၉၊ ၂၀၂၃

(ပေးပို့သူရဲ့ မူလ သတ်ပုံအတိုင်း မဖြတ်မတောက် ဖော်ပြထားပါသည်)

ပဲခူးမြို့ မြို့ရှောင်လမ်းတွင် ဖွင့်လှစ်ထားသည့် Kfine International Garment (Myanmar) Co.,Ltd. အထည်ချုပ် စက်ရုံတွင် အလုပ်သမားများသည် EC စာချုပ် ပါ အချက်အလက်များအား ဖောက်ဖျက်ကျူးလွန်ထားပြီး အတင်းအကြပ်စေခိုင်းမှုများ ရှိနေပါသည်၊၊

နှစ်ကြေး မပေး

အခြားစက်ရုံများတွင် ၀န်ထမ်းများ ရပိုင်ခွင့် ဖြစ်သည့် နှစ်ကြေးများအား တစ်နှစ်ပြည့်ပြီး နောက်လဆို တစ်ခါထဲ တွက်ချက်ပေးသည် အလုပ်ထွက်သွားပါကလည်း ဖုန်းဆက်ပြီး လာထုတ်ခိုင်းပါသည်၊၊

ကျွန်တော်တို့ Kfine စက်ရုံတွင် နှစ်ပြည့်ပြီး အလုပ်ကထွက်ပြီးပါက နှစ်ကြေးအား ထုတ်ပေးခြင်း မရှိပါ။ နောက်တစ်ချက်မှာ တစ်နှစ်တွင် ၄ လပိုင်းနှင့် ၁၀ လပိုင်း နှစ်ကြိမ်သာ ထုတ်ပေးပြီး ကြားကာလများတွင် နှစ်ပြည့်သော်လည်း အလုပ်မှ ထွက်ပါက ပြန်လည်ထုတ်ပေးခြင်း မရှိပေ။

ကျင့်ဝတ်ဖေါက်ဖျက်သည့် အလုပ်သမားရုံး တာဝန်ရှိသူများ

ထိုအချက်ကို အလုပ်သမား ရုံးများမှ လာရောက် စစ်ဆေးရာတွင် ကျွန်တော်တို့က တိုင်ကြားပါသည်။ အလုပ်သမားရုံးမှ လူကြီးများက အခုလာရောက် စစ်ဆေးသောအချက်တွင် နှစ်ပြည့်ကြေး အချက်မပါသဖြင့် မပြောရန် ပြန်ပိတ်ပါသည်၊၊ အလုပ်သမားရုံးမှ လူကြီးပြန်သွားသည်နှင့် HR Manager မှ ကျွန်တော်တို့အား ခေါ်ပြီး ဆဲဆိုကြိမ်းမောင်းပါသည်၊၊ လည်းကောင်း အချက်ကြောင့် ပဲ လကုန်တာနှင့် ကျွန်တော်အား နေ့စဉ်ဆဲဆို ကြိမ်းမောင်း နေပါသောကြောင့် အလုပ်မှ ထွက်ခဲ့ရပါသည်၊၊

ကိုယ်ဝန်ဆောင်များအား အလုပ်မှ နုတ်ထွက်ခိုင်း

ကိုယ်ဝန်ဆောင်များအားလည်း ယခုအချိန်ထိ အလုပ်မှ နုတ်ထွက်စာ အတင်းအကျပ် တင်ခိုင်းပါတယ် ။ လုပ်သက် တစ်နှစ်ပြည့် ဖူလုံရေးကြေးဆောင်ထားတာတောင်မှ စက်ရုံက အလုပ်ထွက်ခိုင်း ပါတယ်။ ကိုယ်ဝန်ဆောင်တွေ တော့ အလုပ်စောမဆင်းစေဘဲ တရုတ်စကားပြန်များသည် နေ့လည်ထမင်းစားချိန် ဆယ်မိနစ် စောဆင်းပါတယ် ။ ညနေအလုပ်ဆင်းပါက စောဆင်းပြီး ဖယ်ရီကား ခုံဦး ပါသည်၊၊ ဖယ်ရီကား ခုံဦးတဲ့ စကားပြန်တဦးသည့် မိန်းမလျာ ဖြစ်ပြီး အလုပ်ဆင်းပါက ခေါင်းဦးတစ်လုံး တစ်ပါတည်းယူလာပြီး နှစ်ယောက်ထိုင်ရသောနေရာတွင် တစ်ယောက် တည်း ကားပေါ်တွင် အိပ်ပါသည်။ သူဘေးတွင်လည်း ဘယ်သူ့မှ ၀င်မထိုင်ခိုင်းပါဘူး ‌။ ယောက်ျာလေးများ မတ်တပ်ရပ် နေပါက ဝင်ထိုင်ခိုင်းပါသည်။ မိန်းခလေးများအား ခေါ်လည်း မထိုင်ခိုင်းပါ။ ကိုယ်ဝန်ဆောင် အမျိုးသမီးကိုတော့ ဖယ်ရီအနောက်က ထိုင်နေသည့် ညီမလေးများမှ အမြဲနေရာ ဖယ်ပေးကြပါသည် ။

စက်ရုံစည်းကမ်းဖေါက်ဖျက်သည့် စက်ရုံစကားပြန်များ

တရုတ်စကားပြန်များသည် စက်လိုင်းထဲတွင် မုန့်ယူစားခြင်း၊အချိန်ပြည့် ဖုန်းသုံးခြင်း၊ စက်လိုင်းတိုင်းတွင် ကောင်မလေးများနှင့် ရှုပ်ခြင်း သူတို့နှာဘူးထလို့ ရသည့် မိန်းခလေးများအား မုန့်ယူလာပြီး ကျွေးခြင်း အလုပ်ချိန် တွင် ဖက်ခြင်း လက်နှင့် တို့ထိခြင်းများ ပြုလုပ်ကြပါသည်၊၊

အောစူပါများ၏ ခွဲခြားဆက်ဆံမှု

စက်လိုင်း အေားစူပါ ဇင်မာမြင့်သည် ကျွန်မ အား ‘’ငါတို့ စက်ရုံက ဗိုက်ကြီးသည် လက်မခံဘူးဆိုတာ နင်တို့ သိတယ်နော်’’ ပြောပြီး တစ်ခါထဲ ထွက်စာတင် ခိုင်းပါသည်၊၊

အောစူပါ ဂျူးမြတ်နိုင်သည် အမြဲတမ်းဆဲဆိုပါသည် လိုင်းထဲတွင် တရုတ်မအားအပိုင်ပေါင်းပြီး အရည်အချင်းမရှိပဲ အေားစူပါ ဖြစ်လာသဖြင့် လက်အောက်က ဝန်ထမ်းများအား အချိန်ပြည့် ဆဲဆိုပါသည် သူကျတော့လည်း မေးလိုက်ရင် မသိပါဘူး တရုတ်တွေရှေ့ကျရင် ဖြင့် သူသိသူတတ်သည့် ပုံစံဖြင့် အမြဲကြိမ်းမောင်း ဆဲဆိုပါသည်။ ဆဲဆိုသည့်အခါတိုင်း ထမီအောက်က အရာနှင့်ပါ တိုင်းတာ ဆဲဆိုပါသည်၊၊

သီတင်းကျွတ်ပိတ်အား တနင်္ဂနွေနေ့ အစားထိုးဆင်းခိုင်း

လာမဲ့ သီတင်းကျွတ် ပိတ်ရက် ၅ ရက်ဟု သတ်မှတ်ပြီး တနဂ်‌နွေနေ့များတွင် အစားထိုးဆင်းခိုင်းပါသည်။ တနဂ်နွေ ဆင်းခိုင်းပါက ၅၆၀၀ ထပ်ပေးမှာလား မေးတော့ မပေးဘူး အစားထိုးဆင်းရတာဟုပဲ ပြောပါသည်။ ကျွန်မတို့ စက်ရုံဟာ ဝန်ထမ်း ၁၈၀၀ နဲ့ နေ့စား ဝန်ထမ်း ၂၀၀ စုစုပေါင်း ၂၀၀၀ နှင့် လည်ပက်နေသော စက်ရုံဖြစ်ပါတယ် ။

ဖယ်ရီ အကျပ်စီးခိုင်းပြီး အောစူပါအား ထိုင်ခုံ နေရာဖယ်ပေးရ

ဖယ်ရီကားများအားလည်း တစ်စီးလျှင် ဝန်ထမ်း ၇၀ လောက်ကျပ်ပိတ်နေအောင် စီးရပါတယ် ။ HR သွားတိုင်ပါ ကလည်း ဘာတစ်ခုမှ အကြောင်းမပြန်ပါဘူး။ အေားစူပါများ ပြောပါကလည်း လုပ်နိုင်လျှင် လုပ်မလုပ်နိုင်ပါက ထွက်ဟု အေားစူပါ စန္ဒာဝင်းက ပြောဆိုပါသည်၊၊ အေားစူပါ စန္ဒာဝင်းသည် ကြပ်လည်းမစီးနိုင်ရင် ကိုယ့်အိမ်က ကားနှင့် ကိုယ်လာလို့ ပြောပါတယ်၊၊ သူတို့ခေါင်းဆောင်များအား ဖယ်ရီကားများတွင် နေရာဖယ်ခိုင်ပြီး ထားပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေကျတော့ အမြဲမတ်တပ်ပဲ လိုက်ရပါတယ်။

ယခုအချိန်တွင် စက်ရုံတွင် အလုပ်ဆင်းချိန်သည် နှစ်ဆိုင်းဖြစ်ပါသည် လေးနာရီခွဲ တစ်ဆိုင်းနှင့် ခုနှစ်နာရီခွဲ တစ်ဆိုင်း နှစ်ဆိုင်း အလုပ်ဆင်းချိန်တွင် လေးနာရီပြန်ရသော ကျမတို့ ဝန်ထမ်းများသည် အမြဲမှတ်တိုင် အစုံ မရောက်ခြင်း ကားများအား လူဦးရေ၈၀/၉၀ ခန့် စီးခိုင်းခြင်းများ ပြုလုပ်ပါသည်။

ဥရောပ ကုန်အမှတ်တံဆိပ်ချုပ်တဲ့ စက်ရုံ

စက်ရုံသည် စက်လိုင်း (၂၀)ခန့် ရှိပါပြီး Best Seller Brand , Only Brand, ZARA Brand တွေကို အဓိက ချုပ်ပါတယ် ။

စက်ရုံနှင့် အလုပ်သမားရုံး တာဝန်ရှိသူများကြားက လာဘ်ပေး လာဘ်ယူ

အလုပ်သမား ရုံးက လူကြီးများ လာပါကလည်း ခေါင်းဆောင်များမှ ကြိုပြီးဖြေရမည့်ပုံစံများအားသင်ပေးပါသည် ပြီးရင် လစ်လို့ ကျမတို့ကဖြေပါကလည်း လူကြီးများက တစ်စုံတစ်ရာ အရေးယူခြင်း မပြုလုပ်ပေးပါ။ သူတို့ လူကြီး တွေက ရုံးခန်းထဲမှာ စက်ရုံက ပေးတာယူပြီးပြန်သွားတာပါ အစိုးရရုံးက လူကြီးများက တရုတ်နိုင်ငံသားတွေ ပိုက်ဆံထိုးတာနဲ့ ပြန်သွားတာပါ။ ဒီအတိုင်း ဆက်သွားနေရင်ဖြင့် ကျွန်မတို့ အလုပ်သမားတွေကို ခေါင်းပုံ ဖြတ်မှု ကတော့ ဆက်ရှိနေမှာပါ။

(ဒီပေးစာကို Kfine စက်ရုံအလုပ်သမားတွေက Mail က တဆင့် Myanmar Labour News ကို ပေးပို့ထား တာဖြစ်ပါတယ်။ Kfine စက်ရုံအတွင်း ချိုးဖောက်မှုတွေရှိတယ်လို့ တိုင်ကြားတယ်ဆိုပြီး ခိုင်မာမှုမရှိတဲ့ စွပ်စွဲချက်တွေနဲ့ အလုပ်သမားတချို့ကို အလုပ်ထုတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။ စက်ရုံအတွင်း ချိုးဖောက်မှုတွေရှိလို့ အလုပ်သမားအရာရှိတွေ မကြာခဏ လာရောက်စစ်ဆေးပေမဲ့ ပြောင်းလဲတာမျိုး မရှိသလို ၊ စက်ရုံလုပ်သားတချို့ကတော့ အလုပ်ကနေ အမြဲထုတ်ခံခဲ့ရတာပါ။ )


Related posts

Cover
Tha Shu (Myanmar) Glory Fashion ထမင်းစားဆောင် ကျပ်တည်း၊ စံချိန်မရလို့ တာဝန်ရှိသူများ ဆဲဆိုနေ
May 19, 2024
Cover
ရွှေ၊ဒေါ်လာစျေး မြင့်တက်နေပေမဲ့ အလုပ်သမားတွေ တရက် ၄၈၀၀ ဖြင့် လုပ်ကိုင်နေရ
May 19, 2024
Cover
ဂျော်ဒန်နိုင်ငံရှိ အထည်ချုပ်လုပ်ငန်းခွင်မှာ စာချုပ်နှင့်အညီလုပ်ခပေးချေမှုမရှိ ၊ ပြန်ခွင့်ရရန် ဒေါ်လာ ၂၀၀၀ တောင်းလို့ အလုပ်သမားကအကူအညီတောင်းခံ
May 17, 2024
Cover
ကုန်ဈေးနှုန်းမြင့်တက်ပြီး  စားဝတ်နေရေး မလောက်ငှမှုကြောင့် ဒေးကြေး နဲ့ အိုတီကြေးတိုးပေးဖို့ အလုပ်သမားတွေ အလုပ်ရပ်ပြီးတောင်းဆို
May 17, 2024
Cover
အချိန်ပိုအလွန်အကျွံဆင်းနေရလို့ အလုပ်သမားတွေအခက်တွေ့နေ
May 16, 2024
Cover
he order to further prosecute PEPSI Company has been rescheduled at 9th May
May 14, 2024
Cover
လုပ်သားအခွင့်အရေးတောင်းဆိုဖို့ ကြိုးပမ်းတဲ့အလုပ်သမား ၃၂ ဦးအလုပ်ထုတ်ခံရ
May 14, 2024