NEWS

Kai Xin enterprise  နေ့စားလုပ်သားများအား ထောက်ပံ့ကြေး မပေးဘဲ၊ ဒေးကြေး ခွဲခြားတိုးမြှင့်ပေး

CoverLogo
670 Views

ဝါးတရာ စက်မှုဇုန်၊ Kai Xin enterprise  ပရိဘောဂ စက်ရုံ တာဝန်ရှိသူတွေက အစမ်းခန့်လုပ်သားတွေကို ထောက်ပံ့ကြေးမပေးတဲ့အပြင် လစဉ် ရက်သုံးဆယ်အတွက်ပဲ လစာအနေနဲ့ ရှင်းပေးလို့ နစ်နာမှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“၃ လမပြည့်တဲ့ အလုပ်သမားတွေကို ထောက်ပံ့ကြေးမရဘူး။ တရက် ၄၈၀၀ ပဲ ပေးထားတာ။ လကုန် လစာ တွက်ရင်လည်း ရက် ၃၀ အတွက်ပဲ ရတယ်။ အလုပ်သမားတဦးအတွက် တရက်လုပ်ခက နည်းတာ မဟုတ်ပါဘူး။ ဆန်ဝယ်၊ ဆီ ဝယ် လို့ရတယ်။ လုပ်အားနဲ့ ရင်းနှီးထားရတာ။ ” လို့ အလုပ်သမားတဦးက ပြောပါတယ်။

Kai Xin enterprise  စက်ရုံမှာ အမျိုးသမီး ၁၀ ယောက်ဝန်းကျင် အပါအဝင် လုပ်သား ၁၀၀ ကျော်လုပ်ကိုင် နေတယ်လို့ သိရပါ တယ်။ လက်ရှိ အမြဲတမ်းအလုပ်သမား အမျိုးသားတွေကို ကျပ် ၅၈၀၀ ပေးထားပြီး၊ စက်လိုင်းက အမျိုးသမီးလုပ်သားတွေကိုတော့  ၆၈၀၀ တိုးမြှင့်ပေးထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ရက်မှန်ကြေး၊ ဆုကြေး မတူတာက ဘာမှမဖြစ်ပါဘူး။ အခုက အခြေခံလုပ်ခ ဒေးကြေးက မတူတာက၊ ခွဲခြားတာ။ အလုပ်ချိန်နဲ့ လုပ်အားက အတူတူ စိုက်ထုတ်ရတာပါ။ “ လို့ ပြောပါတယ်။ 

စက်ရုံဘက်က လုပ်သက် ၃ လကျော်မှ  အမြဲတမ်းလုပ်သားအနေနဲ့ ခန့်ထားပြီး ၊ အဲ့လိုခန့်ထားပြီးမှ ထောက်ပံ့ ကြေးထည့်ပေးတာလို့  အလုပ်သမားတဦးက ပြောပါတယ်။ ပြီးခဲ့  ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ  မြန်မာနိုင်ငံ အတွင်းက အလုပ်သမားတွေကို နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစားမခွဲဘဲ တနိုင်ငံလုံးတပြေးညီ တထောက်ပံ့ကြေး ကျပ်တစ်ထောင်  တိုးမြှင့်ပေးဖို့ အလုပ်သမားဝန်ကြီးဌာနက စက်ရုံနဲ့ အလုပ်ရုံတွေကို ညွှန်ကြားထားပါတယ်။ နေ့စား အလုပ်သမားတွေအားလုံးလည်း ဒီကြေညာချက်နဲ့ အကျုံးဝင်ပြီး ၊ အလုပ်သမား ၁၀ ဦးနဲ့အောက် လုပ်ငန်း တွေနဲ့ သက်ဆိုင်မှုမရှိပါဘူး။  

Kai Xin enterprise ပရိဘောဂ စက်ရုံမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထားတာမရှိဘဲ၊ WCC အဖွဲ့ကိုတော့ ဖွဲ့စည်း ထားတယ်လို့ သိရပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသား ပိုင်ဆိုင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တည်ထောင်ထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026