NEWS

Jing Ying အုတ်ပြားစက်ရုံတွင် EC စာချုပ်မချုပ်ဘဲ အလုပ်နှင့် မသက်ဆိုင်သည့် လုပ်ငန်းများ ခိုင်းစေ

CoverLogo
763 Views

ရန်ကုန်မြို၊ ရွှေပြည်သာမြိုနယ်၊ သာဓုကန်စက်မှုဇုန်၊ မြလမ်းက  Jing Ying  အုတ်ပြားစက်ရုံမှာ အလုပ်သမား တွေကို လုပ်ငန်းနဲ့ မပတ်သက်တဲ့ အလုပ်တွေ လုပ်ကိုင် ခိုင်းစေနေတယ်လို့  ပြောပါတယ်။ ဒီလို လုပ်ကိုင်ပေး ရတာဟာ  စက်လိုင်း လည်ပတ်မှုရပ်တာနဲ့ လုပ်ကိုင်ပေးနေရတာလို့ သိရပါတယ်။  

“ လုပ်ငန်းနဲ့ မပတ်သက်တဲ့ အလုပ်ဆိုတာ စက်ရုံရှေ့က မြက်ကို ရှင်းခိုင်းတယ်။ ရေမြောင်းဆယ်ခိုင်းတယ်။ စက်ရုံ အမိုး,တက်ဖာခိုင်းတယ်။ သံချေးချွတ်ဆိုလည်း ချွတ်ရပြန်တယ်။ ရေညှိတိုက်ဆိုလည်း တိုက်ရတယ်။ ဆိုးတာ က စက်ရုံ အလုပ်ရှင် တရုတ်နိုင်ငံသားတွေရဲ့  အတွင်းခံကို အမျိုးသမီးဝန်ထမ်းတွေကို လျှော်ခိုင်းတာပဲ။” လို ပြောပါတယ်။ 

ဒါ့အပြင် တနင်္ဂနွေ အချိန်ပိုမဆင်းလို့ ဆိုပြီး  အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ  စက်ရုံဘက်က လုပ်ငန်း  အမျိုးအစား ပြောင်းလဲ ခိုင်းစေတယ်လို့လည်း ပြောပါတယ်။ Jing Ying (Jing Ying Int’l Co.,Ltd ) အုတ်ပြားစက်ရုံကို Jing Ying International Building Material Development Co.,Ltd. အမည်နဲ့ Google Map မှာ တွေ့ရပါတယ်။ လက်ရှိ  စက်ရုံ အလုပ်သမားတချို့မှာ တရက်အနည်းဆုံး လုပ်ခလစာထက် လျော့နည်း ရရှိ နေတယ်လို့လည်း ပြောပါ တယ်။

“ အခု အလုပ်သမားတချိုရဲ့ လစာက တစ်သိန်းခွဲပဲရတယ်။ နောက်ဝင်တဲ့ လူသစ်တွေတော့ ကျပ်နှစ်သိန်း ပေးထား တယ်။ ဒီလိုပေးတော့လည်း  ကျွန်တော်တို့ကိုတော့ လစာတိုးပေးတာ မရှိဘူး။ အလုပ် လုပ်ရတာတော့ အတူတူပါပဲ။ ခွဲခြား ပေးတာပါ” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ရုံဘက်က အလုပ်ရှင်၊ အလုပ်သမား  နှစ်ဦးသဘောတူစာချုပ်(EC) ကို ချုပ်ဆိုထားတာမရှိဘူးလို့လည်း သိရပါတယ်။ ၂၀၁၃ခုနှစ်၊ ဩဂုတ်လ ၃၀ရက်မှာ ပြဌာန်းထားတဲ့ အလုပ်အကိုင် နှင့် ကျွမ်းကျင်မှု ဖွံဖြိုး တိုးတက်ရေး ဥပဒေ ပုဒ်မ ၅ မှာ “အလုပ်ရှင်သည် အလုပ်သမားအား အလုပ်တစ်ခုခုကို လုပ်ကိုင်ရန် ခန့်အပ်ပြီးပါက ရက်ပေါင်း(၃၀) အတွင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ် ချုပ်ဆိုရမည်” လို ပြဌာန်းထားပါတယ်။ 

Jing Ying (Jing Ying Int’l Co.,Ltd ) က အလုပ်သမားတွေကို အားမာန်သစ်အမည်ပါ စလစ်နဲ့  လုပ်ခလစာ ရှင်းပေးတာကို တွေ့ရပြီး ဩဂုတ်လအတွင်း အလုပ်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့အကြောင်းအရာကို  စက်ရုံဘက်က လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ လည်း အလုပ်သမားတွေက ပြောပါတယ်။  

အလားတူအကြောင်းအရာကို  အားသစ်မန်မော်တော်ကား ကုမ္ပဏီက အလုပ်သမားတွေကို  လက်မှတ်ထိုးခိုင်းခဲ့ပြီး ကုမ္ပဏီနှစ်ခု ပတ်သက်မှု ရှိမရှိတော့ Myanmar Labour News က အတည်ပြု နိုင်ခြင်းမရှိပါဘူး။ 

Jing Ying အုတ်ပြားစက်ရုံ တာဝန်ရှိသူတွေရဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို အလဆ ရုံးကို တိုင်ကြား ထားတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026