NEWS

J&F Myanmar LNY Caps စက်ရုံ အလုပ်သမားများအား HR မန်နေဂျာ ခွဲခြားဆက်ဆံနေ

CoverLogo
444 Views
(အလုပ်ခန့်ထားရေးနှင့် ရာထူးတိုးမြှင့်ရေးတွင် ခွဲခြားဆက်ဆံမှု၊ အလုပ်ထုတ်ခြင်း၊ ခေါင်းဆောင်ပိုင်း ရာထူးအတွက် ဘက်လိုက်မှု ၊ အခက်အခဲတွေကို လျစ်လျူရှုမှု)
 
J&F Myanmar LNY Caps စက်ရုံ တာဝန်ရှိသူတွေကို အသိပေးလိုပါတယ် ရှင့်။
ကျမက J&F Myanmar LNY Caps စက်ရုံ (၂) မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတဦးပါ။ စက်ရုံက လှိုင်သာယာ စက်မှုဇုန် ၂၊ ဗိုလ်ချုပ်မှတ်တိုင်အနီး၊ အိုးရှင်းနောက်ကျောမှာပါ။
 
ဒီစာကို ရေးရတဲ့ အကြောင်းရင်းကတော့ ကျွန်မတို့ စက်ရုံရဲ့ HR မန်နေဂျာက လုပ်ငန်းခွင်မှာ အရမ်းကို ခွဲခြားဆက်ဆံမှုတွေ လုပ်နေလို့ပါ။ ဒီလိုဖြစ်နေတာတွေက ကျွန်မတို့ ဝန်ထမ်းအားလုံးအတွက် တကယ်ကို စိတ်ပျက်စရာ ကောင်းပါတယ်။
 
HR မန်နေဂျာက အလုပ်ခန့်တဲ့အခါ သူ့ရဲ့ဆွေမျိုးသားချင်းတွေကိုပဲ အဓိကထားပြီး ခန့်နေပါတယ်။ လုပ်တတ်သည်ဖြစ်စေ၊ မလုပ်တတ်သည်ဖြစ်စေ၊ အတွေ့အကြုံရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ့ရဲ့ ဆွေမျိုးနဲ့ ပတ်သက်သူတွေကို အကုန် အလုပ်ခန့်ပြီး အဆင်ပြေတဲ့နေရာတွေမှာ ထားပါတယ်။
 
လုပ်ငန်းခွင်ထဲ အောက်ခြေကနေ စရမယ့်အစား ချက်ချင်းကို အထည်စစ် (QC) လိုမျိုး နေရာကောင်းတွေ ပေးတာမျိုး တွေလည်း ရှိပါတယ်။ တကယ်အရည်အချင်းရှိတဲ့သူတွေကျတော့ ပယ်ထားပြီး အတွေ့အကြုံမရှိတဲ့သူတွေကို နေရာကောင်းပေးတာမျိုးက တကယ် မတရားပါဘူး။
 
နောက်ထပ်တခုက ကျွန်မတိုစက်ရုံရဲ့အလုပ်သမားကိုယ်စာလှယ် Wcc က စက်ချုပ်အလုပ်သမားပဲ သူကို ဘာသဘောနဲ့ ရာထူးတိုးပေးတာလဲတော့ မသိဘူး။ စူပါ ရာထူးအထိ တိုးပေးတယ်။ လုပ်ငန်းခွင်သဘောက ရာထူးတိုးတာ တစ်ဆင့်ချင်း ဖြစ်ရမှာပါ။
 
ဝန်ထမ်းအသစ်တွေကို အစမ်းခန့်ကာလလည်း မပြောဘဲ အလုပ်ခန့်ပြီးတော့ ဘာမှအကြောင်းမကြားဘဲ ရုတ်တရက် အလုပ်ထုတ်ပစ်တာတွေလည်း ရှိပါတယ်။ "မနက်ဖြန် ပိုက်ဆံလာထုတ်" လို့ပြောပြီး ချက်ချင်း အလုပ်ထုတ်လိုက်ပါတယ်။ အဲဒီလို အလုပ်ထုတ်ပြီး မကြာခင်မှာပဲ သူ့ရဲ့ဆွေမျိုးကို အစားထိုးခန့် လိုက်တာတွေလည်း ရှိပါတယ်။ ဒါတွေက တကယ်ကို မလုပ်သင့်တဲ့ လုပ်ရပ်တွေပါ။
 
ခေါင်းဆောင်ပိုင်း ရာထူးတွေအတွက် ရွေးချယ်တဲ့အခါမှာလည်း HR မန်နေဂျာက သူ့အလိုကျ၊ သူ့ဘက်ကိုလိုက်မယ့်သူတွေကိုပဲ ခန့်ပါတယ်။ ဝန်ထမ်းဘက်ကနေ ရပ်တည်ပေးမယ့်သူမျိုးကိုတော့ ရာထူးတိုးမပေးဘဲ ဘက်လိုက်ပြီး ရွေးချယ်တာတွေလည်း ရှိပါတယ်။ ဒီလိုလုပ်တာကြောင့် စက်ရုံမှာ တကယ်တော်တဲ့လူတွေ တိုးတက်ခွင့်မရဘဲ သူ့အမျိုးတွေပဲ ရာထူးတက်နေတာပါ။
 
လုပ်ငန်းခွင်မှာ ဘာပြဿနာဖြစ်ဖြစ်၊ ဘာအခက်အခဲရှိရှိ သွားပြောရင် HR မန်နေဂျာက ဝန်ထမ်းတွေကိုပဲ "စက်ရုံဘက်ကိုလည်း ကြည့်ပါဦး" ဆိုပြီး ပြောပါတယ်။ တနေ့ကဆို ဖယ်ရီကားတွေ အလုပ်သမားတွေ ချပေးရမဲ့ဂိတ်အထိ မပို့လို့ မိုးရေထဲ နေတဲ့အိမ်အထဲ လမ်းလျှောက်ရမျိုး ဖြစ်လို့ ပြောတဲ့အခါ လိုင်းကားခ နည်းနည်းပဲ ပေးတာမျိုးလည်း ရှိပါတယ်။ ဒီလို ဖြေပေးတာက အလုပ်သမားတွေကအတွက် အဆင်မပြေပါဘူး။
 
ကျွန်မတို့ ဝန်ထမ်းအားလုံးဟာ ဒီလိုမတရားမှုတွေကို နေ့တိုင်း ခံစားနေရပါတယ်။ စက်ရုံမှာ အလုပ်သမား ၅၀၀ ကျော်လောက်ရှိပြီး ဒီကိစ္စတွေကို အကုန်သိကြပါတယ်။ ဒါပေမဲ့ အလုပ်ပြုတ်မှာ ကြောက်လို့ ဘယ်သူမှ မပြောရဲကြပါဘူး။ ကျွန်မတို့မှာ အားကိုးစရာမရှိဘူးလို့ ခံစားရပါတယ်။
 
ဒါကြောင့်မို့လို့ တာဝန်ရှိတဲ့ စက်ရုံမှူး အနေနဲ့ ဒီကိစ္စတွေကို သေသေချာချာ စုံစမ်းစစ်ဆေးပေးပါလို့ တောင်းဆိုပါတယ်။ အလုပ်သမားတွေ စိတ်ချမ်းသာစွာနဲ့ အလုပ်လုပ်နိုင်ဖို့အတွက် မှန်ကန်တဲ့ဆုံး ဖြတ်ချက်တွေ ချပေးပါလို့ မေတ္တာရပ်ခံပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026