NEWS

J-Land Myanmar အထည်ချုပ်စက်ရုံ ညွှန်ကြားချက်အရ ဆိုကာ လုပ်ခ လျှော့ချ

CoverLogo
1.2K Views

ဝါးတရာစက်မှုဇုန်  J-Land Myanmar အထည်ချုပ်စက်ရုံက ဒေးကြေးတိုးမြှင့် သတ်မှတ်ပေးခဲ့ပေမဲ့ အစိုးရ ညွှန်ကြားချက်အရဆိုပြီး ပြန်လည်လျှော့ချ ပိုင်းခြားသတ်မှတ် ပေးလို့ အလုပ်သမားတွေမှာ ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။ 

“ ပြီးခဲ့ မေလကတည်းက သတ်မှတ်ပြီးသား၊ တိုးပေးတဲ့ လုပ်ခလစာကိုလည်း အဲ့လမှာပဲ စပြီးပေးခဲ့တယ်။ ဒါကို အစိုးရက သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခကို ကျော်လွန်မပေးဖို့ ညွှန်ကြားထားလို့ဆိုပြီး၊ စက်ရုံဘက်က တိုးပေးထားတဲ့ ဒေးကြေးကို မူလအတိုင်း ၄၈၀၀ ပေးမယ်ဆိုပြီး အလုပ်သမားတွေကို လက်မှတ် ထိုးခိုင်းတယ်။” လို့   အလုပ်သမားတဦးက ရှင်းပြပါတယ်။ 

တရက်လုပ်အားခကို လက်ရှိ သတ်မှတ်ပမာဏထက်ပိုပေးတာက ဥပဒေကို ဖောက်ဖျက်တာမဟုတ်ဘဲ အနည်းဆုံးအခကြေးငွေ ဥပဒေ အခန်း ၇ (အလုပ်ရှင်၏ တာဝန်များ) ပုဒ်မ ၁၂ (ခ)မှာ “ ဥပဒေအရ သတ်မှတ် ထားသော အနည်းဆုံး အခကြေးငွေထက် ပို၍ ပေးနိုင်သည်” လို့ သတ်မှတ်ပြဌာန်းထားပါတယ်။ 

ဇူလိုင်လအစမှာ စက်ရုံဘက်က ဒေကြေးလျှော့ချတာကို လက်ခံတဲ့ လက်မှတ်ထိုးခိုင်းခဲ့ပြီး စက်ချုပ် အလုပ်သမားတွေကတော့ လက်မှတ်ထိုးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။ အလုပ်သမားတွေကို စက်ရုံဘက်က ကျွမ်းကျင် အဆင့် အလိုက် ဒေးကြေးကို ၅၈၀၀ ကနေ ၇၅၀၀ အထိပေးချေနေတာလို့ ဆိုပါတယ်။ ဒီလိုပေးချေနေရာကနေ အစိုးရရဲ့ ညွှန်ကြားချက်အရဆိုပြီး  ဒေးကြေးကို ၄၈၀၀ အထိ ပြန်လည်လျှော့ချပြီး ပိုတဲ့လစာကိုတော့ ထောက်ပံကြေးလို့ သတ်မှတ်ထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ဒေးကြေးကိုလည်း ထောက်ပံကြေးဆိုပြီး(တိုင်)တွေခွဲတယ်။ အိုတီမှာလည်း အဲလို ခွဲလိုက်တယ်။ ဒီလို ခွဲတာကို အလုပ်သမားတွေက မယုံကြဘူး။ စက်ရုံကလည်း ရက်မှန်ကြေး ၄၀၀၀၀ ကို အဲလို တိုင်တွေ ခွဲလိုက်တာ အခုဆို ၅၀၀၀/ ၁၀၀၀၀ ပဲ ရတော့တယ်။ အလုပ်သမားတွေက အဲလို ဖြစ်မှာ စိုးရိမ်တာ” လို့ အလုပ်သမားတဦးက ပြောပါတယ်။

ဒေကြေးတွေတိုးမြှင့်ပေးပြီးနောက် ထောက်ပံကြေးဆိုပြီး ပြောင်းလဲသတ်မှတ်တာမျိုး ပြီးခဲ့တဲ့လအတွင်းက ရွှေပြည်သာစက်မှုဇုန်က KINGSRICH (MYANMAR) FASHION CO,LTD Garment မှာလည်း ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် လုပ်ငန်းလစာ တိုးပေးတဲ့အကြောင့် လူမှုကွန်ရက်မှာ ထုတ်ပြန်ခဲ့တဲ့ လုပ်ငန်းရှင်တွေကို စစ်ကောင်စီ က ဖမ်းဆီး တရားစွဲတာတွေလည်း ပြီးခဲ့တဲ့ ဇွန်လထဲမှာ ပြုလုပ်ခဲ့ပါတယ်။ 

ဒေကြေးပိုင်းခြား(တိုင်ခွဲ)ပေးတာကို စက်ရုံဘက်က WCC အဖွဲ့ဝင်တွေ သေချာညှိနှိုင်း ပြီးဆောင်ရွက်ပေးဖို့ လိုတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူ မမာမာအေး(အမည်လွှဲ)က အခုလို ပြောပါတယ်။ 

“WCC အဖွဲ့နဲ့ သေချာ အာမခံပြီး သေချာလုပ်ထားမယ်ဆိုရင် ပြဿနာတော့  မရှိနိုင်ဘူး။ လက်ရှိက အလုပ်ရှင်  တွေကလည်း လက်တလော ဖြစ်နေတဲ့ ပြဿနာတွေကြောင့် တိုင်တွေ ခွဲပေးလိုက်တာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ အလုပ်သမားတွေ သတ်မှတ်ရရှိထားတဲ့ ငွေကြေးတွေကို လျှော့ပေးတာတို့၊ လျော့သွားတာမျိုးတော့ လက်ခံလို့ မရဘူး” လို့ ပြောပါတယ်။ 

J-Land Myanmar အထည်ချုပ်စက်ရုံ ကို ကိုရီးယားနိုင်ငံသားတဦးပိုင်ဆိုင်ပြီး စက်လိုင်း ၇ လိုင်းနဲ့ လုပ်သား တစ်ထောင်ဝန်းကျင် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ စက်ရုံအတွင်း WCC အဖွဲ့ ဖွဲ့စည်းထားပြီး စက်ရုံအလုပ်သမားသမဂ္ဂတော့ ဖွဲ့စည်းထားတာမရှိဘူးလို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026