NEWS

HUAFU Garment အထည်ချုပ်လုပ်သားတွေ အခွင့်အရေးချိုးဖောက်မှုတွေကြားမှာ လုပ်ကိုင်နေရ

CoverLogo
815 Views

ရန်ကုန် လှိုင်သာယာမြို့နယ် မြစိမ်းရောင်စက်မှုဇုန် မှာဖွင့်လှစ်ထားတဲ့ HUAFU Garment မှာ လုပ်သား  ၁၂၀၀ ခန့် လုပ်ကိုင်နေပြီး အထည်ချုပ်လုပ်သားတွေ အခွင့်အရေးချိုးဖောက်မှုတွေကြားလုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ နေ့စားအလုပ်သမားတွေ အများအပြားခိုင်းစေနေပေမဲ့ လုပ်သက် ၃ လ ပြည့်တဲ့ အလုပ်သမားတွေကို အတည်ပြုခန့်အပ်တာမရှိဘဲ နေ့စားအဖြစ်သာ ဆက်လက်ခိုင်းစေနေလို့ နစ်နာမှုရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

"နေ့စားအလုပ်သမားတွေက တနင်္ဂနွေပိတ်ရက်ခံစားခွင့်မရဘူး ၊ တနင်္ဂနွေ အလုပ်မလုပ်ရင် ပိုက်ဆံမရဘူးပေါ့ ပြီးတော့ လူမှုဖူလုံရေးထည့်ခွင့်လည်းမရဘူးဆိုတော့ လူမှုဖူလုံရေးဆေးခန်းတွေလည်း သွားပြီး ပြခွင့်မရှိဘူး အလုပ်သမားတွေထဲမှာ အသက်မပြည့်တဲ့ လူငယ် လူရွယ်တွေကို လူကြီးအလုပ်သမားတွေနဲ့ တန်းတူအလုပ်လုပ်ခိုင်းတာတွေ  မြင်ရကြားရတာ စိတ်မကောင်းဘူး"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက်ပိုများတဲ့ အထည်စံချိန်ကို အလုပ်ရှင်ဘက်က တဖက်သက် သတ်မှတ်တောင်းခံပြီး လူဦးရေ ၄၀ ရှိတဲ့စက်လိုင်းတစ်လိုင်းကို အလုပ်ချိန် ၁၂ နာရီအတွက် ဂျာကင် အထည် ၈၀၀ ချုပ်လုပ်ပေးရပြီး အထည်စံချိန်မရပါက ရိုင်းစိုင်းစွာ ဆဲဆိုခိုင်းစေသလို မန်နေဂျာမှ စက်လိုင်းထဲဝင်ကာ ရိုင်းရိုင်းစိုင်းစိုင်းအော်ဟစ် ပြောဆိုတာ ရုံးပေါ်က နေ မိုက်နဲ့ အော်ပြောတာတွေ ပြုလုပ်နေလို့ ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ပေးချေနေတဲ့နှုန်းထားကတော့ အလုပ်ချိန် ၈ နာရီအတွက် ၅၈၀၀ ကျပ် ရက်မှန်ကြေး ၃၀၀၀၀ ကျပ် သတ်မှတ်ထားတယ်လို့ ပြောပါတယ်။ရှောင်တခင်ခွင့်ယူပါက ဒေးကြေး မဖြတ်တောက်ပေမဲ့ တရက်ပျက်ပါက ရက်မှန်ကြေး ၃၀၀၀၀ ကျပ်လုံးဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။

"အလုပ်လုပ်ရတာ ထမင်းစားဖို့ မဖြစ်မနေလုပ်ရပေမဲ့ ဘယ်လောက်လုပ်ပေးလုပ်ပေး မကျေနပ်နိုင်ဘူးသူတို့က အလုပ်လုပ်နေရတာဘာနဲ့တူသလဲဆိုတော့ စက်ရုံထဲသွားပြီး နေ့တိုင်းအရှက်ခွဲခံနေရသလိုပဲ အလုပ်ချိန် မနက် ၈ နာရီက နေ ည ၈ နာရီ ခွဲထိ ဖယ်ရီနဲ့ပြန်ရတယ်ဆိုပေမဲ့ စစ်တပ်က စစ်ဆေး မေးမြန်းပြီး ဖမ်းတာတွေလည်း ရှိတယ် အထည်အရေးကြီးလို့ဆိုပြီး လုံးပေါက် အိုတီဆင်းရတာလဲရှိတယ် စနေနေ့တွေဆို အလုပ်သမားတွေကို ကြိုမပြောဘဲနဲ့ ညလုံးပေါက် အိုတီဆင်းခိုင်းတယ် သူတို့ခေါ်တာကို မဆင်းဘူးဆိုရင် ခွဲခြားဆက်ဆံတယ် အငြိုးအတေးထားတယ် အဲ့တာကြောင့်လည်း ညလုံးပေါက်တွေမဆင်းချင်လဲဆင်းနေရတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

အထည်ချုပ်စက်ရုံမှာ အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေး ယန္တားအတွက် လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားပေမဲ့ အလုပ်ရှင်ဘက်က စိတ်ကြိုက်ရွေးချယ်ထားလို့ စက်ရုံတွင်းက အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဆွေးနွေးပေးတာမရှိသလို လုပ်ငန်းခွင်ကို နိုင်ငံခြားသားတရုတ်နိုင်ငံသားတွေ တိုက်ရိုက်အုပ်ချုပ် နေတာလို့ ပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာအလုပ်သမားသမဂ္ဂအဖွဲ့အစည်းမရှိဘူးလို့ သိရပါတယ်။ ချုပ်လုပ်နေတဲ့အမှတ်တံဆိပ်ကတော့ PORT AUTHORITY အမှတ်တံဆိပ် ဂျာကင်ထည်တေဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်တယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်အနေနဲ့ 
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံပေးရန်။
၂။ စူပါများမှာ ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်း၊ မန်နေဂျာမှစက်လိုင်းထဲဝင်ကာ အော်ဟစ်ခြင်း၊ ရိုင်းစိုင်းစွာ ပြောဆိုခြင်း မပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများသောက်သည့်ရေကို ကောင်းမွန်စွာဆောင်ရွက်ပေးရန်။
၄။  အလုပ်ရှင်ဘက်မှ ၃လပြည့်ပြီးသော အလုပ်သမားများကို အတည်ပြုဝန်ထမ်းခန့်အပ်ပေးရန်။
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အချိန်ပိုအိုတီခေါ်ပါက ကြိုတင်ပြောရန်နှင့် အလုပ်သမားဆန္ဒ မေးမြန်းပြီးမှ ခေါ်ရန် စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026