NEWS

Hope One အထည်ချုပ်တွင် အောစူပါ တဦးတည်းဆန္ဒနှင့် အချိန်ပို ဆင်းခိုင်းသည့်အပြင် ဆဲဆို ခိုင်းစေနေ

CoverLogo
1.1K Views
ကျွန်မတို့က Hope One Co.,Ltd မှာ အထည်ချုပ်လုပ်ကိုင်နေတဲ့ အခြေခံ အလုပ်သမား ဝန်ထမ်းတွေပါ ။ Hope One စက်ရုံက လှိုင်သာယာမြို့နယ်၊ အလည်ရွာ၊ မောင်ကျန်သီးလမ်း၊ အမှတ်182-9/10 မှာပါ။ ကုမ္ပဏီ စက်ရုံက ကိုယ်ပိုင် အမှတ်တံဆိပ်အပြင် Noa-ge၊ Ladies Fashion စတဲ့ အမှတ်တံဆိပ် အထည်တွေ ချုပ်နေတဲ့ ဂျပန်နိုင်ငံသားပိုင် ကုမ္ပဏီပါ။
 
စက်ရုံထဲက ခေါင်းဆောင်တဦးက အောက်ခြေ ဝန်ထမ်းတွေကို ခွဲခြားဆက်ဆံနေလို့ပါ။ လက်အောက်ခံ ဝန်ထမ်းတွေကို သန္တာမိုးဆိုတဲ့ (အောစူပါ) All Super ခေါင်းဆောင်က ခွဲခြားဆက်ဆံနေပါတယ်။ အဲဒီ အောစူပါက လိုင်း ၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၅ ၊ ၁၆ စတဲ့လိုင်းတွေကို ကိုင်တွယ်နေတဲ့ အောစူပါ ပါ။
 
Hope One စက်ရုံမှာ အောစူပါ ၃ ယောက်ရှိပါတယ်။ အမျိုးသမီး ၂ ယောက် နဲ့ အမျိုးသား တယောက် ပါ။ ဒီအောစူပါတွေထဲ့ မှာ သန္တာမိုးက အဆိုးဆုံး ခွဲခြားဆက်ဆံတာတွေ လုပ်နေတာပါ။ တခြား All Super တွေက လိုင်းထဲက အလုပ်သမားတွေ အဆင်မပြေတာရှိရင် ညှိနှိုင်းပေးပါတယ်။
 
သန္တာမိုးကတော့ တခြား အောစူပါတွေလို့ မဟုတ်ဘဲ လိုင်းက အလုပ်သမားတွေရဲ့ သဘောဆန္ဒကိုမမေးဘဲ အချိန်ပိုတွေ ဆင်းခိုင်းတာပါ။ စက်ရုံက အချိန်ပို မခေါ်ရင်တောင်၊ သူက ရုံးပေါ်ကို မရရအောင်သွားပြောပြီးတော့ အလုပ်သမားတွေကို အချိန်ပို ဆင်းခိုင်းတာမျိုးပါ။
အလုပ်သမားတွေကို ခြိမ်းခြောက်တဲ့ စကား အမြဲပြောပါတယ်။ သူပြောနေကြ စကားတခွန်းရှိ ပါတယ် ။ သူနဲ့မကင်းရင် ကောင်းအောင်နေ၊ မကောင်းဘူးထင်ရင် ကင်းအောင် နေပါတဲ့.။ အဲ့လို အမြဲ ခြိမ်းခြောက် ပြောပါတယ်။ အရမ်းလဲဆဲပါတယ်။ ခန္ဓာကိုယ်က ရှိသမျှအရာတွေနဲ့ ခိုင်းနှိုင်းပြီး ဆဲပါတယ်။ တခြား အောစူပါတွေ ဆဲသံ မကြားရပါ။ အလုပ်သမားတွေကို သန္တာမိုး တယောက်ကပဲ နိုင်ထက်မင်းလို ဆက်ဆံတာပါ။
 
လိုင်းထဲမှာ နားမလည်တဲ့ ပွိုင့်တွေဆိုလည်း ချုပ် မပြဘူး။ အဲလို ပွိုင့်တွေကို ချုပ်မပြတော့ လိုင်းထဲက အလုပ်သမားတွေ အခက်အခဲတွေ တွေ့ရပါတယ်။ စက်ရုံမှာ စနေနေ့ လစာထုပ်ပေးရင် နေ့လည် ၁၂ နာရီဆို အလုပ်ဆင်းပေးပါတယ်။
 
ပြီးခဲ့မေလ ၄ ရက်ကဆိုရင် အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မမေးဘဲ အချိန်ပိုကို ဆင်းခိုင်းပါတယ်။ တခြား အောစူပါတွေက အလုပ်သမားတွေရဲ့ သဘောဆန္ဒကို အမြဲမေးပါတယ်။ အလုပ်ချိန်မှာ စံချိန်မပြည့်ရင်လည်း အချိန်ပိုကြေးမရဘဲ အလကားဆင်းပေးရပါတယ်။ အလုပ်ချိန်အတွင်း စံချိန် မပြည့် ခဲ့တာကို အချိန်ပို အချိန် ရောက်ရင် အလုပ်သမားတွေကို သန္တာမိုးက လာပြီး ဆဲပါတယ်။
 
သူ့ကြောင့် အလုပ်ထွက်ရတဲ့ အလုပ်သမားတွေလည်း မနည်းတော့ပါဘူး။ အခုလည်း သူ့ကြောင့် အလုပ်ထွက်မဲ့ အလုပ်သမားတွေလည်း ရှိနေပါတယ်။ စက်ရုံအတွက်လည်း နစ်နာပါတယ်။ ဒါပေမဲ့ စက်ရုံတာဝန်ရှိသူတွေနဲ့ ရုံးပိုင်းလည်း မြေပြင်မှာ အလုပ်သမားတွေ ဖြစ်ပျက်နေတာတွေ ၊ ခံစား နေရတာတွေ ကို စုံစမ်းမေးမြေးတာမျိုးမရှိပါဘူး ရှင့် ။
 
ဒီကိစ္စလေးကို ဖြေရှင်းပေးစေချင်ပါတယ် ရှင့်။
 

Related posts

Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026