NEWS

He MeT အထည်ချုပ်စက်ရုံ အလုပ်သမားတွေ အခွင်အရေးချိုးဖောက်ခံနေရဟုဆို

CoverLogo
925 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလယ်ရွာ တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်းမှာဖွင့်လှစ်ထားတဲ့ He MeT Company Limited အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမား ၁၀၀၀  ကျော်နဲ့ လည်ပတ်နေတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး ever.me၊ pageone၊ MO WOMAN စတဲ့အမှတ်တံဆိပ် အင်္ကျီတွေချုပ်လုပ်နေတာလို့ ဆိုပါတယ်။

ချိုးဖောက်ခံရမှုတွေကတော့ အများပြည်သူပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့တွေပါ အချိန်ပိုမဆင်းမနေရ ဆင်းနေရပေမဲ့ အချိန်ပိုကြေးကို အသည်းအသန်တောင်းနေရတာ၊ လုပ်ငန်းခွင်ထဲနေ့စားအလုပ်သမားတွေကို အခြားလုပ်သားတွေနဲ့ တန်းတူခိုင်းစေပြီး ၄၈၀၀ ကျပ်သာရှင်းပေးတာ၊ အသက် ၁၈ နှစ်မပြည့်သေးတဲ့ လူငယ် လူရွယ်အလုပ်သမား ၃၀၀ ကျော်ခန့်ထားပြီး အရွယ်ရောက်အလုပ်သမားတွေနဲ့ တန်းတူခိုင်းစေပြီး စစ်ဆေးရေးလာရောက်ပါက ပုန်းအောင်းခိုင်းထားတာစတဲ့အခြေအနေတွေရင်ဆိုင်နေရပြီး နစ်နာမှုတွေဖြစ်ပေါ်နေတယ်လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာအလုပ်သမားတွေချုပ်လုပ်နိုင်တဲ့ အထည်စံချိန်ပိုမိုတောင်းခံတာ၊ နေ့စဉ် ရိုင်းစိုင်းစွာ ပြောဆိုပြီး စံချိန်တောင်းခံတာ ၊ ကိုယ်ဝန်ရှိတဲ့ အလုပ်သမားတွေကို အလုပ်မှနုတ်ထွက်ခိုင်းတာ ၊ လူမှုဖူလုံရေးကြေးထည့်ဝင်ရပြီး ဖူလုံရေးခံစားခွင့်ရော၊ အခြားခွင့်ခံစားခွင့်တွေပါ မရရှိခြင်း စတဲ့ အချက်တွေကို ကျူးလွန်ချိုးဖောက်နေပြီး ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"အထည်စံချိန်ကို မတရားတောင်းထားပါတယ် ဘယ်လိုတောင်းတာလဲဆိုရင် စက်လိုင်းမှာ စူပါ အပါအဝင် လူ ၄၅ ဦးရှိပြီး ဂျာကင် အနွေးထည် တစ်နာရီကို အထည် ၄၀ ချုပ်ပေးရပါတယ်။ စံချိန်တောင်းရင်လည်း စူပါတွေက ရိုင်းရိုင်းစိုင်းစိုင်းဆဲဆိုပြီး တောင်းတာ အဆိုးဆုံးကတော့ လိုင်း ၄ စူပါနဲ့ လိုင်း ၆ စူပါက ယောက်ျားလေးတွေပါ စက်ချုပ်တဲ့ အမျိုးသမီးတွေကို နေ့စဉ်နဲ့အမျှ မခံနိုင်အောင် ဆဲဆိုတာပါ "လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

"အရင်က လိုင်း ၆ စူပါက အခု လိုင်း ၁၁ စူပါဖြစ်နေပါပြီး လိုင်း ၆ မှာတုန်းကအလုပ်သမားတွေအလုပ်ပျက် ရင် အလုပ်ရှင်ဘက်ကို ပျက်စာရင်းမတင်ပဲ အလုပ်လာတယ်ဆိုပြီး စာရင်းလိမ်တာတွေ လုပ်ပြီး လစာထုတ်ရင် အလုပ်သမားဆီက ပြန်ဖြတ်ယူတာတွေရှိပေမဲ့ အရေးယူတာတော့မတွေ့ဘူး"လို့ အလုပ်သမားကဆက်ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားမှ ကိုယ်ဝန်ရှိပါကလည်း အလုပ်ရှင်ဘက်က နုတ်ထွက်ခိုင်းလို့ ကိုယ်ဝန်ရှိတဲ့အလုပ်သမားတွေဟာ အလုပ်ထွက်ခဲ့ရပြီး နစ်နာမှုတွေဖြစ်နေတယ်လို့ ပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမားဥပဒေပါ ခံစားခွင့်ရှိသော ရှောင်တခင်ခွင့် ဆေးခွင့်တွေမရရှိသလို လူမှုဖူလုံရေးကြေး လစဉ်ပေးဆောင်ပေမဲ့ ခံစားခွင့်မရဘူးလို့ ပြောပါတယ်။ ဒါ့အပြင် နေမကောင်းဖြစ်ပြီးအလုပ်ပျက်ပါက ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ၁၀၀၀၀ ကျပ်ဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။

လုပ်ငန်းခွင်အတွင်းက အလုပ်သမား ၁၀၀၀ ကျော်ရှိပေမဲ့ အလုပ်သမားတွေသုံးရတဲ့ သန့်စင်ခန်းတွေဟာ သန့်ရှင်းမှုမရှိသလို သန့်ရှင်းရေးလုပ်သားတွေရဲ့ ဆဲဆိုမှုတွေပါ ခံရတယ်လို့ အလုပ်သမားတွေကပြောလာပါတယ်။လုပ်ငန်းခွင်အတွင်း အလုပ်သမားရေးရာ ညှိနှိုင်းဖြေရှင်းရေး ယန္တရားမရှိတာကြောင့် အငြင်းပွားမှုတွေကိုလည်း ဖြေရှင်းပေးတာမရှိလို့ အလုပ်သမားတွေနစ်နာမှုတွေများပြားနေတယ်လို့  သိရပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်အနေနဲ့ 
၁။ အလုပ်ရှင်ဘက်က အလုပ်သမားများကို တနင်္ဂနွေနေ့များကို အချိန်ပိုအိုတီမခေါ်ပဲ အနားပေးရန်။
၂။  စူပါများမှာ ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်းများကို အလုပ်ရှင်ဘက်က တာဝန်ယူဖြေရှင်းပေးရန်။
၃။ အလုပ်ရှင်ဘက် လူငယ်၊ လူရွယ်အလုပ်သမားများကို လူကြီးအလုပ်သမားများနဲ့ တန်းတူနခိုင်းစေရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများအသုံးပြုသော အိမ်သာများကို သန့်ရှင်စွာဆောင်ရွက်ပေးရန်။
၅။ အလုပ်ရှင်ဘက် အလုပ်သမားများ ခံစားခွင့်ရှိသော ခွင့်ရက်များ ဆေးခွင့်များခံစားခွင့်ပေးရန်။
၆။ သန့်ရှင်ရေးသမားများက အလုပ်သမားများကို ဆဲဆိုနေခြင်းက်ု အလုပ်ရှင်မှတာဝန်ယူဖြေရှင်းပေးရန် စတဲ့အချက်တွေဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေထံက သိရပါတယ်။

 


Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026