NEWS

He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ

CoverLogo
58 Views
 
He MeT (2)Co.,Ltd စက်ရုံမှာ လတိုင်း လူမှုဖူလုံရေးကြေး ထည့်ရပါတယ်။
ညီမတို နေမကောင်းဖြစ်တော့ လူမှုဖူလုံးရေး ဆေးခွင် ယူမရတော့ပါဘူး။
 
နေထိုင်မကောင်းလို အလုပ် တစ်ရက်ပျက်တော့ အလုပ်ပြန်တက်တဲ့နေ့ဆိုရင် နားမခံနိုင်အောင် ပြောဆိုတာခံရပါတယ် ရှင့်။
 
ဒီထက်ဆိုးတာက အလုပ်သမားကျန်း မာရေးမကောင်းလို့ နားနေဖို့ ကုသဖို့ အတွက် လူမှုဖူလုံရေးက ခွင့်တပတ် ပေးလိုက်ရင် စက်ရုံခေါင်းဆောင်တွေရဲ့ ပြဿနာ အရှာခံရတော့တာပါပဲ။ စူပါများက ခွင့်ရက်ရှည်မပေးဘဲ နားမခံနိုင် အောင်ပြောတယ်။ နောက် အလုပ်ကပါ ထွက်ခိုင်းပါတယ်။
 
အလုပ်သမားတွေကို ဖူလုံရေးခွင့် ခွင့်မပေးချင်လို့ အလုပ်ထွက်ခိုင်းပြီး၊ သက်သာမှအလုပ်ကို လူသစ်အနေနဲ့ အလုပ်ပြန် လျှောက်ခိုင်းတယ်။
 
အဲတော့ ဖူလုံရေကြေး လတိုင်း ထည့်နေလည်း ဆေးခွင့်မရဘဲ အလုပ်ထုတ်ခံရ၊ လုပ်သက်တွေ အလကားဖြစ် နေရတာပါ။ ဆေးခွင့်ယူလို့ အလုပ်ထုတ်မယ်ဆိုလည်း လူမှုဖူလုံကြေး မသွင်းခိုင်းဖို့ပဲ။
 
အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်တွေ အတင်းတောင်းပါတယ်။
အလုပ်သမားတွေချုပ်ရတာက ဝယ်လွန် ဂျာကင် တွေပါ။ ချုပ်တာနဲ့ အထည်ကို ထိန်းရတာဆို ၊ ထိန်းရတာ ပိုပင်ပန်းပါတယ်။
 
အထည်စံချိန် တောင်းခံတဲ့ အခါ စူပါတွေက ဆဲပြီးတောင်းပါတယ်။
စူပါတွေ တစ်ဦးနဲ့တစ်ဦးက လစာကောင်းရေးကို ပြိုင်ဆိုင်ပြီး အလုပ်သမားတွေကို ဖိအားပေးပြီး မတရား ခိုင်းပါတယ်။ ဒါက ငြင်းလို့မရပါဘူး။ လစာထုတ်ရင် စူပါတွေလစာကို စစ်ကြည့်ရင် သိကြမှာပါ။
 
အလုပ်သမားတွေကသာ တနေ့တနေ့ ဖိအားတွေကြားမှာ အလုပ်လုပ်ရပြီး လစာကောင်းကောင်းရတော့ စူပါတွေဖြစ်နေတယ်ရှင့် ၊
 
စံချိန်ရဖို့ဆို ကိုယ်ဝန်ဆောင်ထားတဲ့ အလုပ်သမားတောင် မနားရဘဲ ချုပ်ရပါတယ်။
အထည်စံချိန်မပြည့်တော့ မိုးလင်းပေါက် အချိန်ပို ဆင်းခိုင်းတယ်။ ဒီလို မိုးအလင်းဆင်းရလို့ အချိန်ပိုကြေးတွေ အများကြိးပေးမယ် မထင်ပါနဲ့ ။ တပြားမှ မရဘဲ့ အလကားဆင်းပေးရတာပါ။
 
စူပါ တွေက အာဏာပြပြီး တနင်္ဂနွေနေ့တွေ နုားရက်မပေးဘဲ ဆင်းခိုင်းပါတော့တယ်။ နားရက်ဆင်းရလဲ အချိန်ပိုကြေး မပေးပါဘူး။
အလုပ်သမားတွေ အထည်ဆုကြေးဝင်အောင်ဆိုပြီး ပုံမှန် အချိန်ပို ည ၇ခွဲအထိ ဆင်းရပါတယ်။ အဲလိုဆင်းရတော့ အလုပ်သမားတယောက်ကို ဆုကြေး ၅၀၀၀၀ ရပြီး စူပါတွေက ဆုကြေး ၅ သိန်း ရပါတယ်။
 
ဒီလိုရတော့ အလုပ်သမားတွေ စူပါတွေက အတင်းအကျပ် ဆင်းခိုင်းတော့တာပဲ။ အချိန်ပိုမဆင်းတဲ့ အလုပ်သမားဆို အလုပ်နဲ့မသက်ဆိုင်တဲ့ စကားတွေကို ရည်ရွယ်ချက်ရှိရှိဖြစ် ထည့်ပြောပြီး ဖိအားပေးတော့တာ။
 
လကုန်ရက်နားနီးလေ အထည်စံချိန်က ပုံမှန်ရက်တွေထက်ပိုတောင်းလေ။ အလုပ်သမားတွေကို ပိုပြီးဆဲလေ ပါ။
လုပ်ငန်းခွင်ထဲ လာကြည့်စေချင်ပါတယ်။
 
အိမ်သာသွားဖို့ဆို အထည်မနိုင်လို မသွားရ ။ ဒီကြားတဲ့ အောနိုက်၊ အောလင်း၊ တနင်္ဂနွေနေ့ပါမကျန် အချိန်ပိုတွေကို စက်ရုံဘက်က မဆင်းမနေရ ဆင်းခိုင်းပါတယ်။
 
တနင်္ဂနွေနေ့၊ အောလင်း၊ အောနိုက် အချိန်ပို ဆင်းရလို့လည်း ဖယ်ရီကားမပေးပါဘူး။ ကိုယ်ခရီးစရိတ်နဲ့ ကိုယ် အချိန်ပိုအိုတီအလကား ဆင်းပေးရတာပါ။
 
ကြာတော့ ညီမတိုကိုယ် ညီမတို လူမှ ဟုတ်ရဲ့လားလို ထင်မိပါတယ်။
လုပ်ငန်းခွင်ထဲမှာ အသက်မပြည့်တဲ့ ၁၄,၁၅,၁၆နှစ်အရွယ်အလုပ်သမားတွေ အများကြီးရှိတယ်။ သူတိုကို အလုပ်ဝင်လာတာ ဘာထောက်ခံချက်မှ မပါကြဘူး ၊ မှတ်ပုံတင်တောင် ပါရဲ့လား မသိပါဘူးရှင့် ။
ဒါပေမဲ့ လူကြီးအလုပ်သမားတွေနဲ့ အတူ တန်းတူခိုင်း ပါတယ်။
 
အလုပ်သမားတွေကို အလုပ်စခန့်ရင် နေ့စားအလုပ်သမားအနေနဲ့ ၂ပတ်ထားပြီး ဒေးကြေး ၄၈၀၀ ကျပ် ပဲ ပေးထားပါ တယ်။ ရက်အတော်ကြား လုပ်ပြီးမှ ၇၈၀၀ ကို တိုးပေးပါတယ်။
နောက်နှစ် ပတ်အကြာမှ ဒေးကြေး ၁၁၀၀၀ ကို တိုးပေးပါတယ်။
 
ကြိုပိုသော ဖယ်ရီကားတွေကို မနက် ၅ခွဲ ကြိုခိုင်းပါတယ်။ အလုပ်ရောက်တော့ ၆ နာရီ ခွဲ ပဲ ရှိသေးတယ် ။
စက်ရုံတံခါးလည်း မဖွင့်ဘူး။
 
မိုးရာသီဆိုတော့ အလုပ်သမားတွေ ဖြစ်သလို ထိုင်စောင့်ရပါတယ်။
နေ့တိုင်းလို ဖြစ်လာတော့ အစောလာရလို အိပ်ရေးပျက်။ မိုးရွာထဲထိုင်စောင့်ရတော့ မိုးရေစို၊ အဖျားဝင် လာပြီး ကျန်းမာရေးပါ ထိခိုက်လာရပြီး ဖျားကြနာကြပါတယ် ။
 
အခုဆို အချိန်ပို ည ၇ခွဲအထိဆင်းရတော့ အပြန်ဆို ဖယ်ရီကားက ည ၈နာရီကျော်မှ ရောက်လာပါတယ်။ ဖယ်ရီကို အလုပ်သမားတွေက မိုးရေထဲမှာ စောင့်ရပါတယ်။
 
ကားနောက်ကျလို့ အလုပ်သမားတွေက ပြောတော့ ကားအင်ချက်ဆိုသူတွေက အော်ဟစ်ဆဲဆိုပါတယ်။ အဲလိုဆဲတဲ့အချိန် မန်နေဂျာလည်းရှိပါတယ်။ မဆိုင်သလို နေပါတယ်။
 
ဖယ်ရီကားတွေကလည်း ကျပ်ညှပ်နေပြီး တွဲခိုစီးနေရတာက အလုပ်သမား တွေအတွက် အန္တရာယ် များတာပါ။
လိုင်း ၁၁ စူပါက အလုပ်သမားများဆီက လစာထုတ်တဲ့အခါ အစွန်းထွက်ပိုက်ဆံတွေကို မပေးဘဲဖြတ် ယူပါတယ်။
 
စက်လိုင်းထဲတွင် စူပါတွေက ဈေးရောင်းပါတယ်။
စူပါဆီက ဈေးဝယ်တဲ့ အလုပ်သမားက လစာလဲကောင်းသလို မျက်နှာလည်း ရပါတယ် ရှင့် ။
 
ကျွမ်းကျင်ကြေး အဆင့်များပေးရင်လည်း စူပါ ကြည်ဖြူ သောအလုပ်သမားဆိုရင် ကျွမ်းကျင်တာမဟုတ်ဘဲ အဆင့်ရပြီး လစာကောင်းပါတယ်။
 
အခုလိုဖြစ်နေတာကို မန်နေဂျာကို တိုင်ပါတယ်။ ဖြေရှင်းမပေးခဲ့ပါဘူး ရှင့်။
လိုင်း ၁၁မှာဆိုရင် cctv လေးလုံးတပ်ပြီး အလုပ်သမားတွေကို စောင့်ကြည့်ပါတယ်။
 
အလုပ်သမားများ အိမ်သာသွားဖိုလဲ ကြောက်ရပါတယ်၊ အိမ်သာမှာလဲ လုံခြုံရေးထား ထားပါတယ် ။
စတိုးကအလုပ်သမားတစ်ဦးက လိုင်း ၁၁ စာရေးမတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပါတယ်။ ဒါလည်း စက်ရုံဘက်က ဖြေရှင်းမပေးပါဘူး။
 
ညီမတို လုပ်ငန်းခွင် WCC မရှိပါဘူး၊ ဒါကြောင့်လည်း ဘယ်သူတိုင်ရမှန်မသိဘူးပါဘူး။
မန်နေဂျာကလည်း အရေးတယူ မရှိတော့ ညီမတို ပိုပြီးခက်ခဲနေတာပါ ရှင့်။
သက်ဆိုင်သူတွေကို သိရှိပြီး အရေးယူပေးစေချင်ပါတယ် ရှင့်။
 
( He MeT (2)Co.,Ltd စက်ရုံကို အမှတ်(၅၁)၊ တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်း၊ အလယ်ရွာ၊ မီးတာရုံဘေး၊ လှိင်သာယာမြိုနယ်မှာပါ။ အလုပ်သမားများ ၁၃၀၀ ကျော်ရှိပါတယ်။ ပိုင်ရှင်က တရုတ်နိုင်ငံသား ပါ။ CHAPTER, BEVERLY HHLLS POLO CLUB, , pangeone, MAKE TODY AMAZING စတဲ့ တံဆိပ် ဂျာကင်အင်္ကျီတွေ ချုပ်နေပါတယ် ရှင့်။

Related posts

Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
လုပ်ခတိုးပေးဖို့နဲ့ လုပ်ငန်းခွင်ဆိုင်ရာ တောင်းဆိုချက်တွေပေးဖို့ ဆန္ဒပြတောင်းဆိုမှုကို Dongxin Garment Co, Ltd လိမ်လည်ဖြေရှင်း
May 29, 2026
Cover
Dishang Fashion (Myanmar) ကိုယ်ထိလက်ရောက် ကျူးလွန်မှု နစ်နာသူအား အလုပ်ပြန်ခန့်ရန် အလုပ်သမားများ တောင်းဆိုထား
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026