NEWS

He MeT အထည်ချုပ် စစ်ဆေးရေးဝင်ပြီးနောက် လုပ်ငန်းခွင်ချိုးဖောက်မှု ပြောင်းလဲခြင်းမရှိဟုဆို

CoverLogo
792 Views

လှိုင်သာယာမြို့နယ် တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်း  အမှတ်(-) အလယ်ရွာ၊ မီတာရုံးဘေးမှာဖွင့်လှစ် ထားတဲ့  He MeT Company Limited အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး စက်ရုံကို ဦးစီးဌာနမှ စစ်ဆေးရေးများ လာရောက်စစ်ဆေးပေးမဲ့ ချိုးဖောက်မှုတွေ ပြုပြင်ပြောင်းလဲသွားခြင်းမရှိဘဲ ဆက်လက် ချိုးဖောက်နေတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"၂၀၂၄၊ ၆ လပိုင်း ၁၇ ရက်နေ့မှာ စက်ရုံလုပ်ငန်းခွင်ချိုးဖောက်မှုတွေကို လူမှုကွန်ယက်မှာ သတင်းဖော်ပြပြီးနောက်ပိုင်း ၂၈ ရက်နေ့မှာ အလုပ်သမား စစ်ဆေးရေးဌာနနေ ကျား ၃ ဦး မ ၂ ဦး စုစုပေါင်း ၅ ဦး လုပ်ငန်းခွင်ထဲကို လာရောက်စစ်ဆေးပါတယ်၊ အလုပ်သမား ကျား ၁ ဦး မ ၂၂ ဦး ကို ခေါ်ပြီး  လူမှုကွန်ယက်ပေါ်မှာတင်ထားတဲ့ ချိုးဖောက်မှုတွေ မှန်လားလို့မေးတယ် အလုပ်သမားတွေက ကြောက်လို့ မမှန်ဘူးဖြေတဲ့လူရှိပေမဲ့ မှန်တယ်လို့ ဖြေတဲ့လူလည်း ရှိတယ် အဲ့ရက်တစ်ရက်ပဲ အိုတီမခေါ်ဘဲ စောစောပြန်လွှတ်တယ် ဆဲသံဆိုသံလဲ မကြားရဘူး နောက်ရက်တွေတော့ အရင်အတိုင်းပဲပြန်ဖြစ်သွားတယ်"လို့ အလုပ်သမားကပြောပါတယ်။

စက်ရုံက တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး   အလုပ်သမားများ (၁၀၅၀)ကျော်ဖြင့် လုပ်ငန်းလည်ကာ    ever me၊ pageone၊ Mo Wome အမည်တံဆိပ်ဖြင့် အင်္ကျီ တွေ ချုပ်လုပ်နေပြီး အဆိုပါစက်ရုံမှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းထားခြင်းမရှိဘူးသိရပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ  အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက်ပိုတဲ့  စံချိန်များမတရားတောင်းခံတာ၊ စံချိန်တောင်း ခံရာမှာ စက်လိုင်းတစ်လိုင်းကို စူပါအပါ ၄၅ ဦးရှိပြီး ဂျာကင်အနွေးထည်တွေ တနာရီကို အထည် ၄၀ ချုပ်ပေးရတာ ၊ စံချိန်တောင်းရာမှာ စူပါများမှဆဲဆိုတာ ၊ ရိုင်းစိုင်းစွာပြောဆိုကာ စံချိန်တောင်းခံနေတာ၊ အဆိုးဆုံးကတော့ လိုင်း ၄ စူပါမှ စက်ချုပ်မိန်းကလေး၊ ယောက်ကျားလေးများကို နေ့စဉ်နဲ့အမျှမခံနိုင်အောင်ဆဲဆိုနေတာလို့ ဆိုပါတယ်။

ဆက်လက်ပြီး ချိုးဖောက်မှုတွေအနေနဲ့ အချိန်ပိုအိုတီများကို မဆင်းမနေရဆင်းရတာ ၊ အချိန်ပိုအိုတီများကို အောနိုက်၊ အောလင်းများကို  နေ့စဉ် ဆင်းနေရသည့်အပြင်ဇူလိုင် ၁၈ ရက် ၁၉ ရက်နေ့များတွင်လည်း အောနိုက်၊ အောလင်းထပ်ဆင်းရမယ်လို့  အသိပေးထားပြီး အလုပ်သမား များမှာ အမြဲတမ်း အောနိုက်၊ အောလင်းများကိုဆင်းနေရခြင်းကြောင့် ကျန်းမာရေးလည်း ထိခိုက်လာခြင်း၊ အချိန်ပိုအို တီဆင်းရသည့် လုပ်ခငွေကြေးများကိုလည်း ရှင်းပေးခြင်းလည်း မရှိဘူးလို့လည်း ပြောပါတယ်။

ဒါ့အပြင် လိုင်း ၁၁ မှ လီတာမှာအလုပ်သမားများကို ပိုက်ဆံ အတိုးကြီး ၂၀တိုးနူန်းထားဖြင့်ချေးနေခြင်းကို အလုပ်ရှင်ဘက်မှ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ မသိချင်းယောင်ဆောင်နေလို့ အတိုးကြောင့် အလုပ်သမားများမှာ ဒုက္ခရောက်နေကြတယ်လို့ ပြောပါတယ်။

"အိမ်ထောင်သည် အလုပ်သမားတွေဆို ကိုယ်ဝန်ရှိလာရင် အလုပ်က ထုတ်ပစ်တယ် ဘာမှ ပြန်မပြောရဲဘဲ အလုပ်ထွက်လိုက်ရတာတွေအများကြီးပဲ အလုပ်သမား တွေ ခံစားခွင့်ရှိတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်များခံစားခွင့်မရဘူး။လူမှုဖူလုံရေးကြေး လစဉ်ပေးရပြီး ခံစားခွင့်တွေမရဘဲ နစ်နာဆုံးရှုံးနေရပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားများနေထိုင်မကောင်းလျင် အလုပ်တစ်ရက်ပျက်ပါက ဒေးကြေး(၅၈၀၀) ကျပ်၊ ရက်မှန်ကြေး(၁၀၀၀၀)ကျပ် စုစုပေါင်း (၁၅၈၀၀)ကျပ် ဖြတ်တောက်ခံရတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ထဲတွင်လည်း အလုပ်လုပ်နေစဉ် လက်ကျိုးခြင်း၊ လက်ကွဲသွားခြင်း၊ အပ်စိုက်ခြင်းထိခိုက်မှုများရှိနေခြင်း၊ ၎င်းထိခိုက်မှုများရှိလျင် အလုပ်ရှင်ဘက်မှတာဝန်မ ယူ ကုသပေးတာမရှိခြင်း၊ (၇း၃၀)အလုပ်ပြီးလို့ အိမ်ပြန်လျင်လည်း ဖယ်ရီမရောက်လာသဖြင့် စောင့်နေရခြင်း၊  အမြဲတမ်းလိုလို ည၈နာရီခွဲမှ ရောက်လာသဖြင့် အလုပ်သမားများမှာ အိမ်အပြန်အမြဲတမ်းနောက်ကျခြင်း၊ အသက်မပြည့် သော လူငယ်၊ လူရွယ် အလုပ်သမား ၃၀၀ ကျော်ကိုလည်း လူကြီးအလုပ်သမားများနဲ့ တန်းတူခိုင်းစေကာ စစ်ဆေးရေးလာပါက ပုန်းခိုင်းတာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုအလုပ်သမားအခွင့်အရေးများချိုးဖောက်ခံရတွေအပေါ်  အလုပ်သမားများက 
 ၁။ အလုပ်ရှင်ဘက် လူငယ်၊ လူရွယ်အလုပ်သမားများကို လူကြီးအလုပ်သမားများနဲ့ တန်းတူမခိုင်းစေရန်။ 
၂။ အလုပ်ရှင်ဘက် အလုပ်သမားများ ခံစားခွင့်ရှိသော ခွင့်ရက်များ ဆေးခွင့်များခံစားခွင့်ပေးရန်။ 
၃။ သန့်ရှင်ရေးသမားများက အလုပ်သမားများကို ဆဲဆိုခြင်းကို အလုပ်ရှင်မှတာဝန်ယူဖြေရှင်းပေးရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများဆေးခန်းပြလျင် လက်မှတ်ထိုးခိုင်းခြင်း မပြုလုပ်ရန်။ 
၅။ အလုပ်ရှင်ဘက်မှ ကိုယ်ဝန်ဆောင်သယ်များကို အလုပ်ထုတ်ခြင်းမပြုလုပ်ရန်။ 
၆။   စူပါများမှာ ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်းများကို အလုပ်ရှင်ဘက်က တာဝန်ယူဖြေရှင်းပေးရန်။ 
၇။ အလုပ်သမားများကို အလုပ်ရှင်ဘက်မှ အောနိုက်၊ အောလင်းများမခေါ်ရန် စတဲ့တောင်းဆိုချက်များကို ဖြေရှင်းပေးရန် လိုလားနေတယ်လို့ ပြောပါတယ်။


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026