NEWS

H&M အမှတ်တံဆိပ်ချုပ်တဲ့ Suzhou Silk Fashion (Myanmar) အထည်ချုပ်စက်ရုံပိတ်ရက်တွေအတွက် ဒေးကြေးပေးဖို့အလုပ်သမားတွေတောင်းဆို

CoverLogo
2.4K Views

နိုင်ငံတကာအမှတ်တံဆိပ်ဖြစ်တဲ့ H&M အမှတ်တံဆိပ် အဝတ်အထည်တွေကို ချုပ်လုပ်တင်ပို့တဲ့ Suzhou Silk Fashion (Myanmar) အထည်ချုပ်စက်ရုံမှာ အော်ဒါပြတ်လပ်မှုကြောင့်ဟုဆိုကာ စက်ရုံပိတ်ထားတဲ့ရက်တွေအတွက် ဒေးကြေး ရရှိလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုလိုက်ပါတယ်။

စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်တယ်လို့ သိရပါတယ်။ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်း ထားတာမရှိဘူးလို့ လည်းသိရပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ပိတောက်လမ်းမှာဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံမှာ ဝန်ထမ်းဦးရေ ၁၀၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး  အော်ဒါ ပြတ်လပ်မှုကြောင့် ဟုဆိုကာ မတ်လ ၆ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ ပိတ်ထားမည်ဖြစ်ကြောင်း အလုပ်သမားတွေကို အသိပေးထားတယ်လို့ ဆိုပါတယ်။

ယင်းကဲ့သို့ စက်ရုံပိတ်ထားရာတွင် အလုပ်သမားတွေကို လစာမပေးဘဲ ပိတ်ထားမှာဖြစ်ကြောင်း စူပါ လီဒါတွေက ပြောဆိုကာ စာရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။

စက်ရုံမှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် အချိန်ပို အိုတီမရှိကြောင်းကြေညာခဲ့ပြီး မတ်လမှာတော့ အော်ဒါများပြတ်တောက်မှုကြောင့် လစာမပေးဘဲ ပိတ်ထားမယ်လို့ ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

"အလုပ်ပိတ်မယ်လို့ ကြေညာပြီးတော့ အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မကောက်ခံဘဲနဲ့ A4 စာရွက်ပေါ်မှာ လစာမဲ့ပိတ်မဲ့အကြောင်းကို အလုပ်သမားတွေ သဘောတူညီကြောင်း လက်မှတ်လိုက်ကောက်တယ် အလုပ်သမားတွေက သဘောမတူဘဲ စူပါ လီဒါတွေကို ကြောက်ပြီးတော့ ထိုးပေးလိုက်ကြရတယ် အလုပ်သမားတွေကတော့ ပိတ်ရက်အတွက် လစာလိုချင်တယ်"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်ထဲမှာ အပူအအေးမျှတအောင် စီမံထားမှုမရှိဘဲ အလုပ်သမားတွေ ဆေးခန်းပြတဲ့အခါမှာလည်း ဆေးဝါးလုံလောက်စွာ မရရှိတာနဲ့ ဆေးဝါးကို အခကြေးငွေဖြင့်ရောင်းချလျှက်ရှိတယ်လို့ လည်း သိရပါတယ်။

"စက်ရုံမှာ ဆေးပေးခန်းထားပေးထားပါတယ် သူနာပြုဆရာမလည်းရှိတယ် ဆေးပဲမရှိတာ တချို့ဆေးတွေဆို ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်သောက်ရတယ် ဓါတ်ဆားတစ်ထုတ်ကို ၅၀၀ အငံထုတ်က ၄၀၀ နဲ့ပေးဝယ်သောက်ရတယ် ဒါတွေက အလုပ်ရှင်ဘက်က စီမံပေးထားရမှာ အခြေအနေကတော်တော့်ကို ဆိုးနေတယ်"လို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာလည်း အထည်စံချိန်ကို အလုပ်သမားတွေချုပ်လုပ်နိုင်တာထက်ပိုတဲ့ စံချိန်အရေအတွက်က ကိုတောင်းခံပြီး စံချိန်မပြည့်ပါက သတိပေးစာလက်မှတ်ထိုးရမယ်လို့လည်း ကြီးကြပ်ရေးအလုပ်သမားတွေက ပြောဆိုတာတွေရှိနေပြီး တရုတ်နိုင်ငံသားများမှ အလုပ်သမားများကို တိုက်ရိုက်အုပ်ချုပ်နေတာ အလုပ်ခိုင်းစေရာမှာ အော်ဟစ်ဆဲဆိုခိုင်းစေတာ ကြိမ်းမောင်းတာတွေလုပ်တယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဥပဒေပါ ခွင့်ခံစားခွင့်များအပြည့်အဝမရရှိခြင်း လုပ်ငန်းအတွင်းကြီးကြပ်တဲ့ စူပါ လီဒါတွေက ညစ်ညမ်းစွာဆဲဆို ခိုင်းစေခြင်း နေ့စားဝန်ထမ်းတွေကို ၃၆၀၀ ကျပ်သာပေးချေခြင်း  နေ့စားအလုပ်သမားများ ၃ လပြည့်ပါက အလုပ်ထုတ်ခြင်းစတာတွေကို ပြုလုပ်တယ်လို့ လည်း အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026