NEWS

Great Summer Myanmar Garment  အချိန်ပိုဆင်းခိုင်းပြီး ကြိုပို့ယာဉ် ထပ်စောင့်ခိုင်း

CoverLogo
417 Views

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်က Great Summer Myanmar Garment Co.,Ltd အထည်ချုပ်စက်ရုံက အများပြည်သူ အလုပ်ပိတ်ရက်တွေမှာ အချိန်ပိုဆင်းခိုင်းတဲ့အပြင်  ကြိုဖို့ယာဉ်တွေကို ထပ် စောင့်ခိုင်းတာကြောင့် ညနက်မှ နေအိမ် ပြန်နိုင်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။


“ အလုပ်ဆင်းပြီး ဖယ်ရီကို နာရီဝက်စောင့်ခိုင်းတယ်၊ အိမ်ရောက်တော့  ည ၉ နာရီရှိနေပြီ။ ညအချိန်မတော် လူဆွဲမှာကို  ကြောက်ရတာ  တစ်မျိုး၊ ကားသမားတွေကို ကြောက်ရတာ တစ်မျိုး ဖြစ်ရပါတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 


နေ့စဉ်  အလုပ်ချိန်မှာ မနက်၈ နာရီကနေ ည ၇ နာရီခွဲ အထိဖြစ်ပြီး ကြိုပိုယာဉ်စောင့်ဆိုင်းချိန်က နာရီဝက်ကျော် ကြာမြင့်တာကြောင့် နေအိမ်ပြန်ချိန် ညနက်နေရတာလို့ သိရပါတယ်။ ဖယ်ရီစောင့်ဆိုင်းရမှုကို အဆင်မပြေလို့ ညှိနှိုင်းပြောဆိုပေမဲ့ ဖယ်ရီ ယာဉ်မောင်းတွေနဲ့ အခြေအတင်ရတဲ့အပြင်  စက်ရုံ မန်နေဂျာဆိုသူက လေးလေး နက်နက် ဖြေရှင်းပေးတာမရှိဘူးလို့လည်း ပြောပါတယ်။


“အလုပ်ချိန်က မနက် ၈ နာရီစတယ်။စက်ရုံကို မနက် ၇နာရီထိုးကတည်းက ရောက်နေပြီ ။ စက်ရုံဝန်းထဲမှာ ဟွာဖုရုံ၊ဒေဝါလီရံ ၊ ရီးရှင်းဒါစက်ရုံတွေ ရှိတယ်။ ညအချိန်မတော်ပြန်ရတာ ဒီစက်ရုံပဲ။ ဖယ်ရီ ကားသမားတွေက နှမချင်း  မစာနာဘဲ ဆဲရေးတိုင်ထွာတာကိုရော၊ အစဥ်မပြေတာကိုရော ပြောပြတယ်။ အဲဒါကို အလုပ် ထွက်ချင် ထွက်ဆိုပြီး စက်ရုံမန်နေဂျာပြောတယ်။  အလုပ်ထွက်လို့ နစ်နာမှာ စက်ရုံ မဟုတ်ဘူး၊ မင်းတို့ ပဲလို့ ကိုယ်ချင်းစာ စိတ်မရှိ ပြောတာ။ “လို့ အလုပ်သမားတွေက ပြောပါတယ်။ 


စက်ရုံ စည်းကမ်းကျပ်လို့ ဝမ်တိန်း ထိုးခိုင်းပြီး ဂရိတ်ကြေး မကျန်အောင် ခေါင်းပုံဖြတ်မှာလည်း အလုပ်သမား  တွေက ကြောက်လန့်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ခွင့်မရဘဲ ရက်ပျက်ပါက အလုပ်သမားတွေရဲ့ ဂရိတ် သတ်မှတ်ချက်ကို စက်ရုံဘက်က လျှော့ချတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 


“ ဂရိတ်ချတော့ လစာမှာ လေးငါးသောင်း ကွာတာပေါ့ ၊ မရတော့ဘူး  ။ နေမကောင်းလို့ အပြင်ဆေးလည်း ယူမရ၊ HR ဆိုသူတွေရဲ့ အပြောအဆိုကလည် စက်သမားတွေကိုဆို ရိုင်းဆိုင်းတယ်” လို့ ပြောပါတယ်။ 


စက်ရုံအလုပ်သမားတွေ သုံးစွဲတဲ့ သောက်သုံးရေးဆိုတာကလည် မလာတစ်ရက် လာတစ်ရက်ဖြစ်နေလို့ အလုပ်သမားတွေမှာ ကျန်းမာရေးထိခိုက်ရတယ်လို့လည်း ပြောပါတယ်။ 


Great Summer Myanmar Garment Co.,Ltd က FieldCore တံဆိပ် အထည်တွေကို အလုပ်သမား ၃၀၀၀ ဝန်းကျင်နဲ့ ချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ 




Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026