NEWS

Great Summer အထည်ချုပ် သတ်မှတ် လုပ်ခလစာ အပြည့်မပေး

CoverLogo
685 Views
ကျွန်တော်တို့ကို လစာက ၆၈၀၀နဲ့ရှင်းတာ ဘယ်လိုလုပ်ရမလဲဗျ။ ကူညီပါ ဦး အကိုတို့။ စက်ရုံက မြစိမ်းရောင်စက်မှုဇုန်ထဲက Dishang.group ထဲမှာချယ်ရီ စက်ရုံ(or) Great Summer အထည်ချုပ် စက်ရုံကပါ။ ဒီလမှာ အလုပ်ထွက်တဲ့ အလုပ်သမားတွေကို ဒေးကြေး ၆၈၀၀ နဲ့ပဲ ရှင်းပေးခဲ့တယ်။
 
အရေးကြီးကိစ္စနဲ့ပြန်မို့ဆိုပြီး ၃၁ရက်နေ့က အလုပ်ထွက်စာတင်ခဲ့ပါတယ် ။ ခါတိုင်းဆို အလုပ်ထွက် စာတင်ပြီး ၅ရက်နေ့ဆို တစ်ခါတည်းလစာထုက်ပေးရမှာ။
 
အဲဒါကို စက်ရုံ HRမန်နေဂျာက ၅ရက်နေ့မှာ ထုတ်မပေးပါဘူး။ ၈ရက်နေ့မှ ထုတ်ပေးမယ်ဆိုပြီး ပြောလိုက်ပါတယ်။အဲ့နေ့က အလုပ်ထွက်စာတင်လည် ညနေ ၄နာရီခွဲမှရမှာဆိုပြောတော့ အငြင်းအခုန် ဖြစ်ပါတယ်။ ကျွန်တော်လည်း နယ်ကို နောက်တနေ့ ပြန်သွားပါတယ်။ စက်ရုံက သူငယ်ချင်းက လှမ်းပြောတာ မင်းတို့ကို ၆၈၀၀နဲ့ရှင်းပေးမှာဆိုပီး စက်ရုံမှာစာကပ်ထားတယ်လို့ သိရပါတယ်။
 
အချိန်ပို တစ်လလုံး နာရီ ၇၄ နာရီလုပ်ခဲ့ရတယ်။ အဲဒီထဲက ၈ နာရီစာ အဖြတ်ခံရပါတယ်။ကျွန်တော်တို့ရတယ် great တွေကို မန်နောဂျာက လျှော့ပါတယ်။ ဒါတွေ မပြောချင်တော့ဘူး။ ဒါပေမဲ့ တစ်လလုံးနီးပါးဆင်းထားရတာတောင် ၆၈၀၀နဲ့ရှင်းပေးမှာဆိုတော့ တော်တော်လွန်နေပီထင်တယ်။ ကူညီဖြေးဖို့ တောင်းဆိုပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026