NEWS

Great Glowin (JW) နှင့် Glowin & Win (ADK)စက်ရုံလုပ်သားများ အခွင့်အရေး ချိုးဖောက်ခံနေရခြင်းနှင့် လုပ်ငန်းခွင် ဖိနှိပ်မှုများ

CoverLogo
376 Views
(ဝန်ထမ်းများကို လူလိုမထင်ဘဲဆက်ဆံခြင်း၊ အလုပ်သမားလျှော့ချရန် ကြိုးပမ်းမှု၊ ဖယ်ရီကားပြောင်းလဲမှုနှင့် သယ်ယူပို့ဆောင်ရေး အဆင်မပြေမှု ၊ ဖိအားပေးမှု)
 
သက်ဆိုင်ရာ တာဝန်ရှိသူများအား အသိပေးပါတယ်။
 
ရန်ကုန်တိုင်းဒေသကြီး၊ ဇေကမ္ဘာဝင်းရှိ အမှတ် ၂၇၂/၂၇၃၊ ဇေကမ္ဘာ ၆ လမ်းနှင့် ၇ လမ်းတို့မှာ ရှိတဲ့ Glowin နှင့် Glowin & Win စက်ရုံက အလုပ်သမားတွေပါ။
 
စက်ရုံမှာ လုပ်ငန်းခွင်ဖိနှိပ်မှု၊ လူမှုရေးအရ ခွဲခြားဆက်ဆံမှုတွေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့ရတာတွေ ကို အသိပေးပါတယ်။
 
စက်ရုံလုပ်ငန်းခွင်မှာ စက်ရုံပိုင်ရှင်ရဲ့ အကြံပေး စကားပြန်အမျိုးသမီးက အလုပ်သမားတွေကို လူသားတစ်ဦးလို လေးစားမှုမရှိဘဲ ဆက်ဆံပါတယ်။
 
ယာဉ်မောင်းတွေ နားနေခန်းမှာ နားနေတာကို မကြိုက်လို့ အဲ့နေရာမှာ ကတ်ထူဖာတွေ ချပါတယ်။ ပေးထားတဲ့ အခန်းမှာ သွားနားတော့လည်း သော့ခတ်ပါတယ်။ ဒီလို လုပ်တော့ မိုးရွာထဲမှာ ယာဉ်မောင်းတွေ နေထိုင်ရေး အခက်အခဲ တွေ ဖြစ်ရပါတယ်။
 
ဩဂုတ်လ ၁ ရက်က စပြီး စက်ရုံနှစ်ရုံမှာ အလုပ်သမားအသစ် ခန့်တာကို ရပ်ထားပါတယ်။ ဒီစက်ရုံနှစ်ရုံကို ပေါင်းဖို့ စီစဉ်နေတယ်လို့လည်း ကြားပါတယ်။
 
လက်ရှိအလုပ်မသားတွေကို နည်းအမျိုးမျိုးနဲ့ အဆင်မပြေအောင် ဖန်တီးပြီး အလုပ်ထုတ်ဖို့ ကြိုးစားနေတာပါ။
အလုပ်သမားတွေ အလုပ်ထွက်သွားတယ်ဆိုပြီး ဖယ်ရီကားအကြီးတွေကို ရုတ်တရက် ကားသေးနဲ့ အစားထိုးခဲ့ပါတယ်။
ဒီလို အစားထိုးခဲ့လို့ ကြိုပို့ကားပေါ်မှာ အလုပ်သမားတွေ ငါးပိသိပ်၊ ငါးချဉ်သိပ်သလို ကြပ်ကြပ်တည်းတည်း လိုက်ပါရပါတယ်။
 
ဒါကို WCC နဲ့ HR ကို သွားပြောကြပါတယ်။ စက်ရုံပိုင်ရှင်ကို တင်ပြတော့ အကြံပေးစကားပြန် အမျိုးသမီးက အလုပ်သမား ၃၀၀ အလုပ်ထွက်လို့ ဆိုပြီး ပြောပါတယ်။ ကားကြီးကနေ ကားသေး ပြောင်းထားတဲ့ အကြောင်း သူဌေးကို မပြောခဲ့ပါဘူး။
 
စက်ရုံတွင်း ပြဿနာများ ဖြစ်တိုင်း တာဝန်ခံ ဖြေရှင်းပေးတဲ့ HR ဌာနကို စက်ရုံပိုင်ရှင်ရဲ့ အကြံပေးက အလုပ်သမားများအား စည်းလွတ်ဘောင်လွတ် ထုတ်ပယ်ရန် အတင်းအကျပ် ဖိအားပေးနေပါသည်။
 
HR Manager က ဥပဒေနဲ့အညီ လုပ်ဆောင်ရမယ်ဆိုပြီး ငြင်းဆန်သောအခါ အကြံပေးက HR Manager ကို "အသုံးမကျသူ" အဖြစ် ဆက်တိုက်ပြောဆိုပါတယ်။ ယာဉ်မောင်းတွေကို အလုပ်မထုတ်နိုင်လို့ဆိုပြီး ဖိအားပေးခံရပါတယ်။ "ကားသမားတွေကို သူဌေးကမထုတ်ရင်တောင် ငါ့လစာနဲ့ လျော်ကြေးပေးပြီး ထုတ်မယ်" ဆိုပြီး နှိမ်ချပြောဆိုခဲ့တာပါ။
 
ယာဉ်မောင်းတွေက အလုပ်သမားရုံးသို့ တိုင်ကြားခဲ့တဲ့ ဖြစ်စဉ်ကြောင့် စက်ရုံပိုင်ရှင်ရဲ့ အကြံပေးက မကျေနပ်သည့်စိတ်နဲ့ စက်ရုံက ကားတွေကို ရောင်းပြီး ယာဉ်မောင်းနှစ်ဦးကို အလုပ်က ထုတ်ခဲ့ပါတယ်။
 
ဒီလို လုပ်တာက လက်ရှိအလုပ်သမားတွေကို ခြိမ်းခြောက်တာလို့ ယူဆပါတယ်။ အလုပ်သမားတွေအတွက် လုပ်ငန်းခွင်လုံခြုံမှုနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရပါတယ်။
 
ဒါ့ကြောင့် အလုပ်သမား အခွင့်အရေးကို ဥပဒေအတိုင်း ကာကွယ်ပေးနိုင်ဖို့နဲ့ ဖိနှိပ်မှုတွေကို ဖြေရှင်းပေးဖို့ သက်ဆိုင်ရာကို လေးလေးနက်နက် တောင်းဆိုပါတယ်။
Glowin နှင့် Glowin & Win စက်ရုံလုပ်သားများ

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026