NEWS

Golden Spirit Trading Co.,LTD အရောင်းဝန်ထမ်းများ အခြေခံလစာ ဖြတ်တောက်ခံနေရ

CoverLogo
1.6K Views

တရားဥပဒေ စိုးမိုးမှုနည်းတာကို အခွင့်ကောင်းယူပြီး (Global Pharma)  Golden Spirit Trading Co.,LTD က အရောင်းဝန်ထမ်းတွေရဲ့ လစာတွေကို ဖြတ်ထောက်တာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမား တွေထံကသိရပါတယ်။

အဲ့ဒီကုမ္ပဏီက နိုင်ငံခြားက ဆေးတင်သွင်းပြီး မြန်မာပြည်တွင်းကို ပြန်လည်ရောင်းချနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တယ်လို့လည်း ကုမ္ပဏီအချက်အလက်တွေအရ သိရပါတယ်။

ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ နယ်ဝန်ထမ်း အပါအဝင် အရောင်း ဝန််ထမ်းပေါင်း ၁၀၀ နီးပါးရှိပြီး ရန်ကုန်မြို့ တစ်မြို့တည်းမှာ ၅၀ နီးပါရှိတယ်လို့ အရောင်း ဝန်ထမ်း တစ်ဦးက ပြောပါတယ်။

Golden Spirit Trading Co.,LTD က အရောင်းဝန်ထမ်းတွေကို မဖြစ်နိုင်တဲ့ ရောင်းချရမယ့် အရေအတွက် (target) ကို သတ်မှတ်ပြီး လိုက်လံရောင်းချစေခဲ့တယ်လို့ အဲ့ဒီ အရောင်းဝန်ထမ်း တစ်ဦးက ပြောပြပါတယ်။

“ အဲဒီ သတ်မှတ်အရောင်းမပြည့်ရင် လစာကနေ ၁၀ ရာခိုင်နှုန်းဖြတ်တယ်၊ လစာနည်းတဲ့သူတွေကို ကျပ် ၁၀၀၀၀ ဖြတ်ပါတယ်” လို့ အမည်မဖော်လို့တဲ့  အရောင်းဝန်ထမ်း  တစ်ဦးက Myanmar Labour News ကို ပြောပါတယ်။

ကုမ္ပဏီဘက်က ဆေးပစ္စည်းဈေးနှုန်းတွေ မကြာခဏပြောင်းလဲတာကြောင့် အရောင်းသမားတွေနဲ့ ဝယ်ယူသူကြား မကြာခဏ မိတ်ပျက်ရသလို မြို့နယ် တစ်မြို့တည်းမှာ အရောင်းဝန်ထမ်း ၆ ဦးအထိ ထားရှိထားတဲ့ အပြင် ကုမ္ပဏီကလည်း ဖုန်းဆက် ရောင်းချတာတွေကြောင့် အရောင်းသတ်မှတ်ချက် မပြည့်ကြဘူးလို ပြောပြပါတယ်။

“အချိန်မှာမဖြစ်နိုင်တဲ့ Target ပေးပြီး လတိုင်း လစာဖြတ်နေတာပါ။ ကုမ္ပဏီက  စျေးလည်းတင်ရုံသာမကဘဲ ရောင်းသမားက တစ်မြို့နယ်ကို ၆ ယောက်လောက်ရှိတယ်။  ရုံးကဝန်ထမ်းတွေကပါ ဖုန်းဆက် ရောင်းပါတယ်” လို့ ပြောပါတယ်။

အရောင်းသမားတွေသွားလာဖို့ ကားခအနေနဲ့ ၂ ပတ်တစ်ခါ ကားခပေးပေမဲ့လည်း ရုံးနောက်ကျပါက အဲ့ဒီကားခကို ကုမ္ပဏီက ဖြတ်တောက်တယ်လို့လည်း အရောင်းဝန်ထမ်းတွေက ပြောပါတယ်။  

အရောင်းဝန်ထမ်းတွေက လစာအနည်းဆုံး ကျပ် ၁၅၀၀၀၀ ကနေ ကျပ် ၂၀၀၀၀၀ ကြားသာ ရရှိပြီးအခြေခံလစာက လွဲပြီး တခြား အကျိုးခံစားမရှိကြဘူးလို့ လာရောက်ပြောကြားထားပါတယ်။

#MyanmarLabourNews 
#အလုပ်သမားရေးရာပေးစာကဏ္ဍ


Related posts

Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026
Cover
LZS APPAREL အထည်ချုပ် အချိန်ပို ၆ နာရီကျော် လုပ်ကိုင်ခိုင်းပြီး လုပ်ခ မပေး
Jan 29, 2026
Cover
Casico Garment အထည်ချုပ် နားချိန် မပေးဘဲ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း
Jan 28, 2026
Cover
Myanmar Ming Fan အထည်ချုပ် အတင်းအကျပ် အချိန်ပိုခိုင်း၊ ကြိုပို့မပေးဘဲ ညနက် ၉ နာရီ ပြန်ခိုင်း
Jan 28, 2026
Cover
SHUN YU (MYANMAR) Garment တွင် အချိန်ပို မဆင်းသူများအား အထည်ကြေး၊ ဆုကြေး၊ ဂရိတ်ကြေးဖြတ်မည်ဟု ခြိမ်းခြောက်
Jan 27, 2026
Cover
Mei Jie Myanmar အလုပ်နေရာ အတင်းအကျပ်ပြောင်း၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်း
Jan 27, 2026