NEWS

Golden Heroes Company လုပ်ငန်းခွင် ထိခိုက်မှုများ ဖြစ်ပေါ်နေ၊ အနည်းဆုံး လုပ်ခလစာကို အပြည့်မပေး

CoverLogo
511 Views

တောင်ဒဂုံစက်မှုဇုန်(၁)က Golden Heroes Company Limited (Sky Jet Company) ပိုင် စက်ရုံမှာ လုပ်ငန်းခွင် သုံး အကာအကွယ်ပစ္စည်းတွေ အလုံအလောက်မရဘဲ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

အကာအကွယ် ပစ္စည်းမရှိဘဲ လုပ်ကိုင်ရတာကြောင့်  ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပွားနေတယ်လို့လည်း ဆက်ပြောပါတယ်။

“လုပ်ငန်းခွင်ထဲမှာ နေတိုင်းနီးပါး ထိခိုက်တာတွေဖြစ်နေတာ။  အရေပြားအပူလောင်တာ၊လက်ထိခိုက်တာတို့ ဖြစ်နေတယ်။ အကာအကွယ်ပစ္စည်းက Mask(မျက်နှာဖုံး)ကိုတောင် သုံးရက် တခါပဲ ပေးတယ်။ ကျန်တာက ဘာမှမရတာ။” လို့ ပြောပါတယ်။

Golden Heroes Company Limited က ယောက်ကော်လမ်းနဲ့ လွိုင်ကော်လမ်းထောင့်၊ တောင်ဒဂုံစက်မှုဇုန်(၁) ၊ ရန်ကုန်မြို့မှာ ရှိပြီး မြန်မာနိုင်ငံသား တိုင်ရင်းသား တဦး ပိုင်ဆိုင်တယ်လို့ သိရပါတယ်။ 

ကုမ္ပဏီက ပုံနှိပ်စက်၊ ဗီနိုင်းလိပ်၊ ပုံနှိပ်ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေရောင်းဝယ်တဲ့ အပြင် အဝတ်အထည်၊ တံဆိပ်ရိုက်၊ အိပ်ချုပ်စတဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေပါ လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ထုတ်လုပ်ရေးလုပ်ငန်းက အလုပ်သမားတွေ ထိခိုက်မှုများပြီး စက်ရုံဘက်က တာဝန်ယူကုသမပေးတဲ့ အပြင် လူမှုဖူလုံရေးကြေး ပေးဆောင်ခွင့် မပေးဘူးလို့လည်း အလုပ်သမားတဦးက ပြောပါတယ်။

“လုပ်ငန်းခွင်မှာ အပူစက်၊ ဓာတုပစ္စည်းတွေနဲ့လည်း လုပ်ရတယ်။ စက်နဲ့ နီးစပ်တော့ လက်ထိတယ်၊ အပူ လောင်တယ်၊ အသက်ရှုကျပ်တယ် အဲလိုတွေဖြစ်တယ်။ ဖြစ်ပြီဆို ဆေးဆိုတာ အရက်ပျံပဲ ရှိတယ်။ ပတ်တီးတောင် မရှိလို့ အဝတ်စုတ်နဲ့ စည်းထားရတယ်။ စက်ရုံက ဒီအောက်ခြေဝန်ထမ်းတွေကို လူမှုဖူလုံရေး ပေးမဆောင်ဘူး။ တခုခုဖြစ်တာနဲ့ ကိုယ့်စာရိတ်နဲ့ ကိုယ်ကုရတာ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။

စက်ရုံမှာ လုပ်ကိုင်နေသူ ၈၀ ဝန်းကျင်ရှိပြီး အများစုက လူငယ်လုပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။ ထိခိုက် ဒဏ်ရာရရှိတဲ့ အလုပ်သမားတွေကို တာဝန်ယူကုသ မပေးတဲ့အပြင် ရက်ပျက်တယ်ဆိုပြီး စက်ရုံဘက်က လုပ်ခ လစာ ဖြတ်တောက်တယ်လို့လည်း အလုပ်သမားတဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အလုပ်သမားတယောက် လက်အရေပြား ပူလောင်တယ်။ ဖျားတယ်ပေါ့။ သူ့က အလုပ် မလာလို့ ၊ ရက်ပျက်ဆိုပြီး လုပ်ခ ဖြတ်တောက်တယ်။ ဆိုးတာက ပိုင်ရှင်အိမ်ဆောက်တာ၊ အဲကို ခေါ်ခိုင်းပြီး ဒဏ်ရာရတော့ ကု မပေးဘူး၊ အလုပ်မလာတော့ ပိုက်ဆံဖြတ်လိုက်တဘ်။ ” လို့ ပြောပါတယ်။

Golden Heroes Company Limited ထုတ်လုပ်ရေး အလုပ်သမားအများအစုက အခြေခံလစာ ၁၄၅,၀၀၀ သာရရှိနေပြီး အလုပ်သမားဝန်ကြီးဌာနက ပေးရမယ်ဆိုပြီး ထုတ်ပြန်ထားတဲ့ ထောက်ပံ့ကြေး တရက် ကျပ် တစ်ထောင်လည်း မရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 

“တိုးပေးတယ်ဆိုတဲ့ တစ်ထောင်လည်း မရဘူး။ လစာ အလွန်ဆုံးရမှ ၁၆၀,၀၀၀၊ ၁၇၀,၀၀၀ ပဲ။ အဲထဲမှာ ရက်မှန် ကြေး၊ ဆုကြေး(preformed) အဲဒါတွေပါ အဲ့လောက်ရတယ်။ ရက်ပျက်တာနဲ့ ၁၆၀,၀၀၀  အောက်ပဲ ရတယ်။” လို့ ပြောပါတယ်။ 

စက်ရုံဘက်က အလုပ်သမားကတ်တောင်းခံတာမရှိသလို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူ စာချုပ် EC ကို ချုပ်ဆိုပေးတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 

Golden Heroes Company Limited (Sky Jet Company) က မန္တလေးမြို့မှာလည်း ရုံးခွဲ ဖွင့်လှစ်ထားပြီး စုစုပေါင်း ဝန်ထမ်း ၁၀၀ လောက် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026