NEWS

General Textile အထည်ချုပ်  သီတင်းကျွတ်ရက်စားအတွက် တနင်္ဂနွေ ညနက်တွေပါ အတင်းကျပ် လုပ်ကိုင်ခိုင်း

CoverLogo
1.2K Views

General  Textile အထည်ချုပ်  စက်ရုံ တာဝန်ရှိသူတွေက သီတင်းကျွတ်အတွက် ၅ ရက်ပိတ်ပေးမယ်ဆိုပြီး  စနေ နေ့မှာ ဆင်းရတဲ့ အချိန်ပိုကို ရက်စားအတွက်ဆိုပြီး  လုပ်ကိုင်ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် တနင်္ဂနွေနေ့နဲ့ ကြားရက်တွေမှာလည်း အချိန်ပို အောနိုက် (ညနက် ၁၂နာရီအထိ) အချိန်ပိုတွေကို အတင်းကျပ် လုပ်ကိုင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ 

“လစာထုတ်တဲ့ရက်  ၅ ရက်က စနေနေ့။ အဲ့နေ့က နေ့တပိုင်း အချိန်ပိုကို  ရက်အစားဆိုပြီး ဆင်းရတယ်။  ကြားရက် တွေမှာရော၊ တနင်္ဂနွေနေ့တွေမှာပါ အောလင်းတွေ ဆက်တိုက်ဆင်းပေးရယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။

အချိန်ပို အောလင်းဆင်းရတဲ့ နေ့တွေမှာ ည ၆  နာရီခွဲအထိ ဆက်တိုက်လုပ်ကိုင်ရပြီးမှ ထမင်းစားချိန် နာရီဝတ် အနားရတယ်လို့ သိရပါတယ်။ ထမင်းစားအပြီး ည ၇  နာရီက စတင်ကာ ည ၁၂ အထိ နားချိန်မရှိ လုပ်ကိုင် ရပြီးနောက် မနက် ၄  နာရီမှ နေအိမ်ပြန်ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

ည ၁၂ နာရီ အချိန်ပို လုပ်ကိုင်အပြီး လုပ်ငန်းခွင်က  ကြမ်းပြင် ၊ခုံတွေပေါ် ဖြစ်သလို အိပ်စက်ရတယ်လို့ သိရ ပါတယ်။ ဒါ့အပြင်စက်ရုံဘက်က ပန်ကာ၊ လျှပ်စစ်မီးတွေ ပိတ်ထားတာလို့  ခြင်နဲ့ ပိုးမွှားတွေ ကိုက်ခဲ့တဲ့ ဒဏ်ပါ ခံစားရတယ်လို့လည်း  အလုပ်သမားတွေက ပြောပါတယ်။ 

“မနက် ၄ ပြန်လာပြီး အိပ်ချိန်လည်းပြန်မရတော့ဘူး ၊ အလုပ်ချိန်မီ ပြန်ဝင်ရတယ်။  ကျွန်မတို အကုန်လုံးလည်း ပင်ပန်းနေကြပြီ။ အောနိုက်တွေ ဆက်တိုက်ဆင်းနေရတာ။ အရေးကြီးလို့ အချိန်ပို ခေါ်တယ်ဆိုရင်တောင်  တနင်္ဂနွေ နေ့တော့ နားချင်တယ်။ အခု (အောက်တိုဘာ) ၁၄၊ ၁၅ ရက်တွေမှာလည်း အောနိုက် လုပ်ခိုင်းဦးမယ်လို့ ပြောနေတယ်” လို့ ပြောပါတယ်။ 

အချိန်ပို  နားရက်မရှိ လုပ်ကိုင်နေရတာကြောင် အလုပ်ပင်ပန်းပြီး ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေ ရတယ် လိုလည်း အလုပ်သမားတွေက ပြောပါတယ်။ထောက်ပံကြေး ကျပ်တထောင် ပေးဖို့ ဝန်ကြီးဌာနက ညွှန်ကြား  ခဲ့ပေမဲ့ စက်ရုံဘက်က နောက်ထပ်တလအကြာ စက်တင်ဘာလမှာ ပေးခဲ့တယ်လို့လည်း ပြောပါတယ်။  

“ ၈ လပိုင်းလစာထုတ်တော့ အဲ့ဒီထောက်ပံကြေး ၃၀၀၀၀ မပေးခဲ့ဘူး။ ၉  လပိုင်းလစာမှာ ပေါင်းပေးတယ်။ ဒါတောင် တနင်္ဂနွေပိတ်ရက်အတွက် မပေးဘူး၊  ၂၆၀၀၀ ပဲ ပေးခဲ့တယ်။” လို့ အလုပ်သမား တဦးက ပြောပါတယ်။  

ဩဂုတ်လ ၁ ရက်က စတင်ပြီး တရက်ကို ထောက်ပံကြေး ကျပ်တထောင် တိုးပေးဖို့ အလုပ်သမား ဝန်ကြီးဌာနက စက်ရုံလုပ်ငန်းတွေကို အဲ့ဒီလ ပထမအပတ်ကတည်းက  ညွှန်ကြားထားပါတယ်။  

General textile အထည်ချုပ်စက်ရုံကတော့ မှော်ဘီမြိုနယ်၊ အင်းလျက်ရွာမှာရှိပြီး အလုပ်သမား၇၀၀ ဝန်းကျင် နဲ့ လုပ်ကိုင်နေတယ်လို သိရပါတယ်။  စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး စက်ရုံသမဂ္ဂဖွဲစည်းထားတာ မရှိဘဲ WCC အဖွဲကိုတော့ ဖွဲစည်းထားတယ်လို အလုပ်သမားတွေက ပြောကြားပါတယ်။ 

စက်ရုံ ပရိဝဏ်အတွင်း အဆောက်အအုံ နှစ်လုံးရှိပြီး ဝင်ပေါက်တပေါက်တည်းကို တဘတ်စက်ရုံ  Hengda အထည်ချုပ်စက်ရုံ နဲ့ တွဲဖက်အသုံးပြုနေတယ်လို့ သိထားပါတယ်။ 

 


Related posts

Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025