NEWS

General Textile အထည်ချုပ်  သီတင်းကျွတ်ရက်စားအတွက် တနင်္ဂနွေ ညနက်တွေပါ အတင်းကျပ် လုပ်ကိုင်ခိုင်း

CoverLogo
1.3K Views

General  Textile အထည်ချုပ်  စက်ရုံ တာဝန်ရှိသူတွေက သီတင်းကျွတ်အတွက် ၅ ရက်ပိတ်ပေးမယ်ဆိုပြီး  စနေ နေ့မှာ ဆင်းရတဲ့ အချိန်ပိုကို ရက်စားအတွက်ဆိုပြီး  လုပ်ကိုင်ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် တနင်္ဂနွေနေ့နဲ့ ကြားရက်တွေမှာလည်း အချိန်ပို အောနိုက် (ညနက် ၁၂နာရီအထိ) အချိန်ပိုတွေကို အတင်းကျပ် လုပ်ကိုင်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ 

“လစာထုတ်တဲ့ရက်  ၅ ရက်က စနေနေ့။ အဲ့နေ့က နေ့တပိုင်း အချိန်ပိုကို  ရက်အစားဆိုပြီး ဆင်းရတယ်။  ကြားရက် တွေမှာရော၊ တနင်္ဂနွေနေ့တွေမှာပါ အောလင်းတွေ ဆက်တိုက်ဆင်းပေးရယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။

အချိန်ပို အောလင်းဆင်းရတဲ့ နေ့တွေမှာ ည ၆  နာရီခွဲအထိ ဆက်တိုက်လုပ်ကိုင်ရပြီးမှ ထမင်းစားချိန် နာရီဝတ် အနားရတယ်လို့ သိရပါတယ်။ ထမင်းစားအပြီး ည ၇  နာရီက စတင်ကာ ည ၁၂ အထိ နားချိန်မရှိ လုပ်ကိုင် ရပြီးနောက် မနက် ၄  နာရီမှ နေအိမ်ပြန်ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

ည ၁၂ နာရီ အချိန်ပို လုပ်ကိုင်အပြီး လုပ်ငန်းခွင်က  ကြမ်းပြင် ၊ခုံတွေပေါ် ဖြစ်သလို အိပ်စက်ရတယ်လို့ သိရ ပါတယ်။ ဒါ့အပြင်စက်ရုံဘက်က ပန်ကာ၊ လျှပ်စစ်မီးတွေ ပိတ်ထားတာလို့  ခြင်နဲ့ ပိုးမွှားတွေ ကိုက်ခဲ့တဲ့ ဒဏ်ပါ ခံစားရတယ်လို့လည်း  အလုပ်သမားတွေက ပြောပါတယ်။ 

“မနက် ၄ ပြန်လာပြီး အိပ်ချိန်လည်းပြန်မရတော့ဘူး ၊ အလုပ်ချိန်မီ ပြန်ဝင်ရတယ်။  ကျွန်မတို အကုန်လုံးလည်း ပင်ပန်းနေကြပြီ။ အောနိုက်တွေ ဆက်တိုက်ဆင်းနေရတာ။ အရေးကြီးလို့ အချိန်ပို ခေါ်တယ်ဆိုရင်တောင်  တနင်္ဂနွေ နေ့တော့ နားချင်တယ်။ အခု (အောက်တိုဘာ) ၁၄၊ ၁၅ ရက်တွေမှာလည်း အောနိုက် လုပ်ခိုင်းဦးမယ်လို့ ပြောနေတယ်” လို့ ပြောပါတယ်။ 

အချိန်ပို  နားရက်မရှိ လုပ်ကိုင်နေရတာကြောင် အလုပ်ပင်ပန်းပြီး ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေ ရတယ် လိုလည်း အလုပ်သမားတွေက ပြောပါတယ်။ထောက်ပံကြေး ကျပ်တထောင် ပေးဖို့ ဝန်ကြီးဌာနက ညွှန်ကြား  ခဲ့ပေမဲ့ စက်ရုံဘက်က နောက်ထပ်တလအကြာ စက်တင်ဘာလမှာ ပေးခဲ့တယ်လို့လည်း ပြောပါတယ်။  

“ ၈ လပိုင်းလစာထုတ်တော့ အဲ့ဒီထောက်ပံကြေး ၃၀၀၀၀ မပေးခဲ့ဘူး။ ၉  လပိုင်းလစာမှာ ပေါင်းပေးတယ်။ ဒါတောင် တနင်္ဂနွေပိတ်ရက်အတွက် မပေးဘူး၊  ၂၆၀၀၀ ပဲ ပေးခဲ့တယ်။” လို့ အလုပ်သမား တဦးက ပြောပါတယ်။  

ဩဂုတ်လ ၁ ရက်က စတင်ပြီး တရက်ကို ထောက်ပံကြေး ကျပ်တထောင် တိုးပေးဖို့ အလုပ်သမား ဝန်ကြီးဌာနက စက်ရုံလုပ်ငန်းတွေကို အဲ့ဒီလ ပထမအပတ်ကတည်းက  ညွှန်ကြားထားပါတယ်။  

General textile အထည်ချုပ်စက်ရုံကတော့ မှော်ဘီမြိုနယ်၊ အင်းလျက်ရွာမှာရှိပြီး အလုပ်သမား၇၀၀ ဝန်းကျင် နဲ့ လုပ်ကိုင်နေတယ်လို သိရပါတယ်။  စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး စက်ရုံသမဂ္ဂဖွဲစည်းထားတာ မရှိဘဲ WCC အဖွဲကိုတော့ ဖွဲစည်းထားတယ်လို အလုပ်သမားတွေက ပြောကြားပါတယ်။ 

စက်ရုံ ပရိဝဏ်အတွင်း အဆောက်အအုံ နှစ်လုံးရှိပြီး ဝင်ပေါက်တပေါက်တည်းကို တဘတ်စက်ရုံ  Hengda အထည်ချုပ်စက်ရုံ နဲ့ တွဲဖက်အသုံးပြုနေတယ်လို့ သိထားပါတယ်။ 

 


Related posts

Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026
Cover
Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား
Mar 11, 2026
Cover
အလုပ်သမားသမဂ္ဂခေါင်းဆောင်များအား Nay Shwe Win စက်ရုံ အလုပ်ထုတ်
Mar 10, 2026