NEWS

G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်

CoverLogo
195 Views
 
G & F Myanmar အထည်ချုပ်စက်ရုံက လှည်းကူးမြို့နယ်ထဲက ကလီထော်ရွာမှာပါ။ ရွာဆိုတော့ ရန်ကုန်က စက်မှုဇုန်တွေကလို စက်ရုံတွေက ဥပဒေတွေ မလိုက်နာကြပါဘူး။
 
အလုပ်သမား ကျန်းမာရေး မကောင်းလို့ ဆေးခွင့်ယူနားတာပါ။ အဲဒါကို ဆေးခွင့်ယူနားတဲ့အခါ ဆေးခွင့် စာရွက်ကို အလုပ်သမား ကိုယ်တိုင် လာပေးရမယ်လို့ လိုင်းစူပါက ပြောပါတယ်ရှင့်။
 
ညီမနားမလည်တာက ကျန်းမာရေးမကောင်းလို့ အလုပ်မဆင်းနိုင်တာ ဘယ်လို စက်ရုံလာလို့ရမလဲ၊ စက်ရုံလာနိုင်ရင် အလုပ်ပဲ တခါတည်း ဆင်းတော့မှာပေါ့ ။ အခုက ဆေးစာရဖို့တောင် ဖူလုံရေးဆေးခန်းကို မနည်းသွားရတာပါ။
လိုင်းစူပါတွေကို ခိုင်းတဲ့ စက်ရုံတာဝန်ရှိသူတွေက ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားတာလား၊ ပုံသေနည်းထားပြီး အလုပ်သမားတွေကို ဖိနှိပ်နေတာလား ဆိုတာပါ။
 
လုပ်သက်ခွင့်ဖြစ်ဖြစ်၊ ရှောင်တခင်ခွင့်ဖြစ်ဖြစ် ယူပြီးတဲ အလုပ်သမားတွေဆို အလုပ်ပြန်တက်တာနဲ့ လိုင်းစူပါ ခွင့်ယူလို့ဆိုပြီး ပြောဆိုဆူပူပါတယ်။ ဒီထက်ဆိုးတာက အလုပ်သမားတွေ အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိနေတာပါရှင့်။
 
စက်ရုံက ခေါင်းဆောင်ဆိုသူတွေကို အလုပ်သမားဥပဒေတွေ သေချာလာရှင်းပြစေချင်ပါတယ် ရှင့်။
G & F Myanmar စက်ရုံမှာ လက်ရှိ YAMAMAY, GEMO,UNDIZ တံဆိပ်တွေ ချုပ်ပါတယ်။ အလုပ်သမားစုစုပေါင်း ၁၀၀၀ ကျော်ကျော်လောက်ရှိတယ်ပါရှင့် ။

Related posts

Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026