NEWS

Full Way အထည်ချုပ်စက်ရုံ အပြီးပိတ်သိမ်း၊ နို့တစ်ကြေးနှင့် လုပ်သက်ခွင့်ကြေးမရ

CoverLogo
784 Views

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် မင်းဧရာလမ်း အမှတ် ၈၃ မှာဖွင့်လှစ်လည်ပတ်ခဲ့တဲ့ Full Way Myanmar Clothing အထည်ချုပ်စက်ရုံ အပြီးပိတ်သိမ်းတယ်ဆိုကာ အလုပ်သမား ၁၉၇ ဦးကို နစ်နာကြေးနဲ့ ဖေဖော်ဝါရီလုပ်ခရှင်းပေးခဲ့ပြီး နို့တစ်ကြေး တစ်လစာနှင့် လုပ်သက်ခွင့်ကြေးတွေမရရှိခဲ့ဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဇန်နဝါရီ ၁ ရက်ကစပြီး စက်ရုံတစ်လပိတ်မယ်လို့ဆိုကာ ပိတ်ထားပြီး ဇန်နဝါရီလအတွက် လုပ်ခပေးချေမှုကိုတော့ ဖေဖော်ဝါရီ ၅ ရက်မှာ အခြေခံလုပ်ခလစာနဲ့ ထောက်ပံ့ကြေးရရှိခဲ့ပေမဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ လုပ်ခလစာပေးချေရန်ဟုဆိုကာ ခေါ်ယူပြီး စက်ရုံပိတ်နစ်နာကြေးပေးချေခဲ့တာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"လစာထုတ်ပေးမယ်တဲ့ ၁၀ နာရီကနေ ၁၂ နာရီအထိ ပဲထုတ်ပေးမှာနောက်ကျရင် ထုတ်မပေးဘူးဆိုတာနဲ့သွားကြတယ် ရောက်တော့ လစာမဟုတ်ဘူး လျော်ကြေးပေးမှာတဲ့ လျော်ကြေးပေးမှာဆိုတော့ ဘယ်လိုပေးမှာလဲဆိုတော့ နို့တစ်ကြေး တွေ လုပ်သက်ခွင့်ကြေးတွေမပေးဘူး အခြေခံလစာ တစ်သိန်း ခုနှစ်သောင်းကျော်နဲ့ ၉ နှစ်သမားကို ၆ လစာနဲ့ရှင်းပေးတယ် ဘာကြေးမှမပေးဘူး လျော်ကြေး ပေးပြီး အပြီးပိတ်ပေးမယ်မပြောဘဲ လစာထုတ်ပေးမယ်ပြောပြီးခေါ်လိုက်တာ ရောက်တော့မှအဲ့လိုတွေလုပ်ပေးလိုက်တာ ညီမတို့လုပ်ထားတဲ့လုပ်သက်ကြေး တွေနာတယ် နို့တစ်ကြေးတွေမပေးတာကို ဌာနဆိုင်ရာကို တိုင်တော့လည်း ခေတ်မကောင်းတဲ့ ကာလမို့လို့ ပေးတဲ့ဟာပဲယူဆိုတာမျိုးပြောတယ် လုပ်သက်ခွင့်တွေလည်း လိုချင်တယ်လေ ပေးဆပ်ထားရတာ"လို့ အလုပ်သမားကပြောပါတယ်။ 

တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဲ့ဒီစက်ရုံဟာ ယခင်က ကိုယ်ပိုင်အော်ဒါနဲ့ ရပ်တည်ခဲ့ပေမဲ့ အော်ဒါမရှိလို့ အခြားရုံတွေက ယူချုပ်နေရတာ ၁ နှစ်လောက်ရှိပြီလို့ ဆိုပါတယ်။

လုပ်ခလစာပေးချေရာမှာ လစာနှုန်းထားကို  ဒေးကြေး ၄၈၀၀ နှုန်းနဲ့ ထောက်ပံ့ကြေး ၁၀၀၀ ကျပ် အပါ စုစုပေါင်း ၁၇၄၀၀၀ ကျပ် နဲ့ နစ်နာကြေးပေးချေမှုမှာလည်း အဲ့ဒီနှုန်းထားနဲ့ရှင်းပေးခဲ့တာလို့ ဆိုပါတယ်။

" ပြီးခဲ့တဲ့နှစ်တွေမှာတော့ အလုပ်အရမ်းများလို့ ဆိုပြီး လုပ်သက်ခွင့်တွေမပေးဘူး အဲ့တာတွေကို အခုကျတော့ မရှင်းပေးတော့ဘူး နို့တစ်ကြေးလဲမပေးတော့ဘူး နောက်ဆုံးထုတ်လစာပေါ့ တစ်သိန်းခုနှစ်သောင်းကျော်ပေါ့ အဲ့တာပဲရှင်းပေးလိုက်တယ်အလုပ်သမားက ၁၉၇ ယောက်ပေါ့ ဖေဖော်ဝါရီ လုပ်ခ တစ်လစာ အခြေခံလစာ ၁ သိန်း ၇ သောင်းကျော်ကို နှစ်အလိုက်ရှင်းပေးလိုက်တာ နစ်နာတာတွေက ညီမတို့က လုပ်သက်ခွင့်တွေမယူဘဲ လုပ်ခဲ့တာ ပိုက်ဆံလဲ မရဘူး အလုပ်လဲမနားရဘူး ပြီးတော့ နို့တစ်ကြေးပေါ့ သူတို့ဘက်က ပိတ်မယ်လို့ မပြောတဲ့အတွက် လစာလာထုတ်ဆိုပြီး ရှင်းပေးလိုက်တော့ နို့တစ်ကြေးပေးရမှာကို လည်း မပေးဘူး နစ်နာကြေးမှာ အခြေခံလုပ်ခအနည်းဆုံးနှုန်းနဲ့တွက်ပေးတာ မကျေနပ်ပေမဲ့ အခုက ရုံးတွေကိုကလည်း ရှိမပေးတော့ လှုပ်လို့လည်းအဆင်မပြေဘူး ငြိမ်ပြီးတော့ပဲ ပြန်သွားကြရတာပေါ့ "လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမား ၁၉၇ ဦးထဲမှာ ၁၅၀ ကျော်ဟာအမျိုးသမီးလုပ်သားတွေဖြစ်ပါတယ် ။ အဲ့ဒီထဲမှာ ကိုယ်ဝန်ဆောင်အလုပ်သမားတွေ အိမ်ထောင်ရှင်အမျိုးသမီးတွေ အများဆုံးပါဝင်ပါတယ်။

အခုလို စက်ရုံပိတ် နစ်နာကြေးပေးချေရာမှာ လုပ်သက်ရင့်အလုပ်သမားတွေအများစုပါဝင်နေပြီး လုပ်သက် ၉ နှစ်ကြာ အလုပ်သမားတစ်ဦးအတွက် ဖေဖော်ဝါရီလုပ်ခအပါအဝင် နစ်နာကြေး ၆ လစာ စုစုပေါင်း ၁၁ သိန်းကျော် သာ ရရှိခဲ့တာလို့ ဆိုပါတယ်။

အခုလို စက်ရုံပိတ်သိမ်းမှုအတွက် ၁၀ နှစ်နီးပါး တဆက်တည်းအလုပ်လုပ်ကိုင်ခဲ့တဲ့ အလုပ်သမားတစ်ယောက်အတွက် ရရှိတဲ့ နစ်နာကြေးပမာဏဟာ ၃ လစာ စားသောက်ယုံမျှသာရှိနေပြီး အသက်အရွယ်ကြောင့်လည်း အလုပ်ရှာဖို့ ခက်ခဲသွားပြီလို့ အလုပ်သမားကပြောပါတယ်။

အခုဖြစ်ဉ်နဲ့ပတ်သက်လို့ လုပ်သက်ခွင့်ကြေးနဲ့ နို့တစ်ကြေးရလိုပြီး WCC ကတဆင့် အလုပ်သမားရုံးတွေကို စာပို့တိုင်ကြားထားတယ်လို့ သိရပါတယ်။

"ညီမက ၁၁ သိန်း ကျော်လောက်ရတယ် လုပ်သက် ၉ နှစ်ပေးဆပ်ခဲ့တာအတွက် အဲ့တာ အကုန်ပဲ 
 အလုပ်သမားတွေက နှုတ်ပိတ်ပြီး ပေးသလောက်ယူသွားရတာမျိုးဖြစ်သွားပါတယ်
စက်ရုံဘက်ကိုတော့ အလုပ်သမားတွေအပေါ် မတရားဘူးလို့ထင်တယ် အလုပ်သမားတွေက နှစ်တွေနဲ့ ပေးဆပ်ထားရတာ အမှန်တကယ်ဆိုရင် နှစ်အလိုက်ကို သေချာရှင်းပေးရမှာ လုပ်သက်ခွင့် ဘယ်လောက်ကျန်လဲ လစာ ဘယ်လောက်ကို ဘယ်နှစ်နှစ်ကြာရင် ဘယ်လောက်ရမယ်ဆိုတာ တွက်ချက်ပြီးပေးသင့်တာ သူဌေးကမလာဘူး ကိုယ်စားလှယ်နဲ့ လွှဲပြီး ရှင်းပေးခဲ့တာ အလုပ်သမားဥပဒေစည်းကျပ်တဲ့ အလုပ်သမားရုံးတွေက ဖြေရှင်းပေးနိုင်တာမရှိဘူး ရှင်းရှင်းလေးပဲလေ ညီမတို့ အလုပ်သမားတွေဘက်က တခုခုမှားယွင်းခဲ့ရင် ဥပဒေဆိုတာရှိတယ် အလုပ်ရှင်ဘက်က ခုလိုမှားယွင်းတော့ ဥပဒေဆိုတာ ဘယ်မှာလဲ "လို့ အလုပ်သမားက ဆက်လက်ပြောဆိုပါတယ်။

 

 

 


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026