NEWS

EWTOP LOTUS စက်ရုံအလုပ်သမားတွေ ထောက်ပံ့ကြေး ၁၀၀၀ ကျပ်ပေးရန် တောင်းဆို

CoverLogo
527 Views

လှိုင်သာယာမြိုနယ်စက်မှုဇုံန်(၂)၊ မခရာ မင်းသားကြီးမောင်ပျိုးလမ်းမှာ  ဖွင့်လှစ်ထားတဲ့ EWTOP LOTUS Co,ltd စက်ရုံအလုပ်သမားများဟာ  မိမိတို့ရဲ့လုပ်ခလစာထဲမှာ တိုးပေးထားသော ထောက်ပံ့ကြေးတစ်ထောင်ကိုပါ ထည့်သွင်းပေးဖို့တောင်းဆိုထားတယ်လို့ သိရပါတယ်။ 

အရင်က အလုပ်သမားတွေကိုဒေးကြေးမှာ(၆၈၀၀) ခုက ထောက်ပံ့ ကြေး(၁၀၀၀)ကျပ်မပေးလို့ အဲဒီထောက်ပံ့ကြေး(၁၀၀၀)ကျပ်နဲ့  နှစ်ကြေးပေးရန်အတွက် ဇူလိုင် ၂၇ ရက်က ဆန္ဒပြ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

"အလုပ်ရှင်ဘက်က တိုးမပေးနိုင်ဘူးပြောတယ်။  လစာအများကြီးလိုချင်ရင် အချိန်ပိုအို တီကိုတိုးခေါ်ပေးမယ်လို့ပဲပြောလို့ အလုပ်သမားတွေက လက်မခံပဲဆက်လက်တောင်းဆိုတာ။ အဲ့တော့မှ အလုပ်ရှင်ဘက်က ထောက်ပံ့ကြေး(၁၀၀၀)ကို  နောက်လ ၈ လပိုင်း လစာထုတ်ရက်မှာပေးမယ်လို့ပြောတယ်။ တကယ်ဆို ထောက်ပံ့ကြေး (၁၀၀၀)ဆိုတာက  အလုပ်သမားတွေက မတောင်းဆိုပဲပေးကိုပေးရမှာ။  ဒါကိုအလုပ်ရှင်ဘက်က မပေးပဲမသိချင်ယောင်ဆောင်နေလို့ ဆန္ဒပြတောင်းဆိုရတာ "လို့ ဆိုပါတယ်။  

အဆိုပါစက်ရုံက အလုပ်သမားတွေရဲ့ ခံစားခွင့်ဖြစ်တဲ့ ရှောင်တစ်ခင်ခွင့်၊ ဆေးခွင်းများကို အလုပ်ရှင်ဘက်ကလုံး၀မပေးဘဲ အလုပ်သမားနေမကောင်းလို့ ဆေးခွင့်တိုင်သည်ဖြစ်စေ၊ အရေပေါ်ကိစ္စဖြစ်လို့ ရှောင်တခွင် ခွင့်တိုင်သည်ဖြစ်စေ ခွင့်မရရှိဘဲ  ရက်ပျက်လျင်လစာထဲမှ ဖြတ်တောက်ခံရတာကြောင့်   အလုပ်တစ်ရက် ပျက်လျင်ဒေးကြေး(၆၈၀၀)ကျပ်နဲ့ ရက်မှန်ကြေး (၃၀၀၀၀)ကျပ်၊ စုစုပေါင်း(၃၆၈၀၀)ကျပ် ဖြတ်တောက်ခံနေ ရခြင်းကြောင့်နစ်နာမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။  

အလုပ်သမားများတွေအနေနဲ့  လူမှုဖူလုံရေးကြေး လစဉ်လတိုင်း ထည့်၀င်ရသော်လည်း လူမှုဖူလုံရေးခံစားခွင့် မရရှိတာကြောင့်  နစ်နာမှုများရှိနေသလို  လုပ်ငန်းခွင်ထဲမှာလည်း  နေ့စားအလုပ်သမား(၄၀)ကျော်ကိုခိုင်းစေနေခြင်း၊ အသက်မပြည့်သေးသောလူငယ်၊ လူရွယ် အလုပ်သမား များလည်းခိုင်းစေနေခြင်း၊  ထိုလူငယ်၊လူရွယ်အလုပ်သမားများကို လူကြီးအလုပ်သမားများနဲ့ တန်းတူခိုင်းစေတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။  

ဒါ့အပြင် အလုပ်သမားများမချုပ်လုပ်နိုင်တဲ့  အထည်စံချိန်ကိုတောင်းခံနေခြင်း၊ အထည်စံချိန် တောင်းခံရာတွင် စက်လိုင်းတစ်လိုင်းကို လူဦးရေ(၃၀)သာရှိပြီး တစ်နာရီကိုလိုင်းပေါက်အထည် (၂၅)ထည် တောင်းခံခြင်း၊ ချုပ်လုပ်ရသောအထည်မှာ ဂျာကင်အထည်ဖြစ်ပြီး အလုပ်သမားတစ်ယောက်ကို (၄)ပွိုင့်(၅)ပွိုင့်အထိချုပ်လုပ်ရခြင်း၊ အလုပ်သမားများမှ အလုပ်ရှင်ဘက်ကတောင်းခံသော အထည်စံချိန် မပြည့်ပါက အော်စူပါစူပါများမှ အော်ဟစ်ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်းတွေ ပြုလုပ်လျှက်ရှိတယ်လို့လည်း သိရပါတယ်။  

"စက်လိုင်း ၁၀ က စက်ချုပ်အလုပ်သမားကို သူတို့စိတ်အလိုမကျတာနဲ့  Hp ချပစ်ပြီးHP အလုပ်ကိုလုပ်ခိုင်းတယ်။  အဲ့ဒီအလုပ်သမားက HPချတာ လက်မခံဘူးလို့ပြန်ပြောလို့ အလုပ်ကထွက်သွားရတယ်။  လုပ်ငန်းခွင်ထဲမှာတော့ သူတို့မျက်နှာသာရအောင် အလုပ်ရှင်ကြည်ဖြူအောင် အော်စူပါ၊ စူပါတွေက အလုပ် သမားကို ဖိအားပေး စိတ်ဒုက္ခတွေပေးပြီး အလုပ်ခိုင်းတယ် "လို့ အလုပ်သမားကပြော ဆိုပါတယ်။  

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသား ပိုင်စက်ရုံဖြစ်ကာ အလုပ်သမားများ (၄၀၀)ကျော်ဖြင့် လုပ်ငန်းလုပ်ကိုင်ပြီး MAJESTIC LGEON တံဆိပ် ဂျာကင်ထည်တွေ ချုပ်လုပ်ပြီးအလုပ်တက်ချိန်မှာ နံနက်(၇:၁၅)မှအလုပ်စဝင်ရပြီး ည(၆:၄၅)အထိအလုပ်ဆင်းရပေမဲ့ နေ့စဉ်အလုပ်ချိန်မရောက်မီ ၁၀မိနစ်စောပြီး အလုပ်၀င်ရတာဖြစ်တယ်လို့ ပြောပါတယ်။

စက်ရုံမှာ အလုပ်သမားများ အသုံးပြုသော သန့်စင်ခန်းမှာ သန့်ရှင်းမှုမရှိခြင်း၊ အလုပ်ရှင်ဘက်မှသိသော်လည်း ပြုပြင် ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ ပြောပါတယ်။

အခုလို လုပ်ငန်းခွင်ဆိုင်ရာ နစ်နာမှုတွေ ဖြစ်ပေါ်နေတာကြောင့် အလုပ်သမားတွေ အနေနဲ့ 
၁။ အလုပ်ရှင်ဘက်မှ ထောက်ပံ့ကြေး ၁၀၀၀ ကျပ်ကို ၈လပိုင်းလစာထုတ်လျင် သေချာစွာထည့်ပေးရန်၊ 
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ဖြစ်သော ရှောင်တခင်ခွင့်၊ ဆေးခွင့်များခံစားခွင့်ပေးရန်။ 
၃။ အလုပ်ရှင်ဘက်က တစ်ဖက်သတ်စံချိန်သတ်မှတ်ပြီး အလုပ်သမားများ မချုပ်လုပ်နိုင်သောစံချိန်ကိုမ တောင်းရန်။ ၄။ အလုပ်ရှင်ဘက်က အစည်းဝေးပြုလုပ်ပါက အလုပ်ရှင်အချိန်ထဲမှပြုလုပ်ရန်နှင့် အလုပ်သမားများကို ၁၀မိနစ်စောဝင်ခိုင်းခြင်း မပြုလုပ်ရန်။ 
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အလုပ်ဖြုတ်ချင်တိုင်းဖြုတ်နေခြင်းကို မပြုလုပ်ရန်။ 
၆။ အလုပ်သမားများ အသုံးပြုသော အိမ်သာကိုသန့်ရှင်းမှုရှိအောင် အလုပ်ရှင်ဘက်ဆောင်ရွက်ပေးရန် စတဲ့ တောင်းဆိုချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026