NEWS

Eternal fashion Co .Ltd    တွင် တဖက်သတ် တောင်းခံသည့် အထည်စံချိန်မပြည့်ပါက အချိန်ပိုနာရီများကို အခမဲ့  ခိုင်းစေနေ

CoverLogo
624 Views

တရုတ်နိုင်ငံသားပိုင် Eternal fashion Co .Ltd မှာ အလုပ်ရှင်ဘက်က တစ်ဖက်သတ် တောင်းခံတဲ့ အထည်စံချိန် မပြည့်ပါက အချိန်ပိုနာရီတွေကို အောလင်း၊ အောနိုက် လုပ်ကိုင်ခိုင်းပြီး အခကြေးငွေ ပေးချေမှု မရှိဘူးလို့ စက်ရုံအ လုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင် စက်မှုဇုန်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားအင်အား (၂၀၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

လုပ်ငန်းခွင်တွင်းမှာ သမဂ္ဂ ဖွဲ့စည်းထားတာမရှိဘူးလို့ ပြောပါတယ်။

“အလုပ်သမားတွေ မချုပ်နိုင်တဲ့စံချိန်ကို တောင်းပါတယ်။ စက်လိုင်းတစ်လိုင်းမှာ လူ (၄၀) ကျော် ရှိတာကို တစ်နာရီ ကို လိုင်းပေါက်ဝယ်လွန်အထည်  (၃၀) ကျော် တောင်းပါတယ်။ သူတို့တောင်းတဲ့စံချိန်က အလုပ်သမားတွေ အသည်းအသန်ချုပ်လည်း မရပါဘူး။ စံချိန်မရင် စူပါတွေကို ဆဲပြီးတော့ အချိန်ပိုအိုတီတွေ အလကားဆင်းခိုင်းပါ တယ်။ အထည်စံချိန်ပြည့်ဖို့ အောလင်း၊အောနိုက်တွေ အလကားဆင်းပေးရပါတယ်။ စက်ရုံထဲမှာ ဉပဒေပါခွင့်တွေ လည်း မရပါဘူး။ အလုပ်သမားတွေ တစ်ရက်ပျက်ရင် ဒေးကြေးနဲ့ ထောက်ပံ့ကြေး ပေါင်းပေးတဲ့ (၇၅၀၀) ကျပ်၊ ရက်မှန်ကြေး (၄၅၀၀၀) ကျပ် ဖြတ်တောက်ခံရပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။

စက်ရုဲထဲမှာ အသက်မပြည့်သေးတဲ့ (၁၄)၊ (၁၅) ၊(၁၆) နှစ်အရွယ် လူငယ် (၉၀) ကျော်ကို ဆေးထောက်ခံစာ မယူဘဲ လူကြီးအလုပ်သမားတွေတန်းတူ ခိုင်းစေနေပါတယ်။ ဒါ့အပြင် အလုပ်သမားတွေ အသုံးပြုရတဲ့ အိမ်သာတွေမသန့် ရှင်းတာ၊ သောက်သုံးရေ မသန့်ရှင်းတာတွေအပြင် ဖယ်ရီမလုံလောက်တဲ့ အခက်အခဲတွေလည်း ဖြစ်ပေါ်နေပါ တယ်။

“ပြီးခဲ့တဲ့ (၁၁) လပိုင်းထဲမှာ အထည်အော်ဒါတွေအရေးကြီးလို့ဆိုပြီ အလုပ်သမားတွေကို အောလင်း၊ အောနိုက်တွေ ဆင်းခိုင်းတဲ့အပြင် တနင်္ဂနွေနေ့တွေကိုပါ အချိန်ပိုတွေခေါ်ပြီး အော်ဒါပြီးအောင် ဆင်းခိုင်းပါတယ်။ အချိန်ပိုအိုတီ တွေ မတရားခိုင်းပြီး ချုပ်ရခက်တဲ့ဝယ်လွန်တွေ ချုပ်ပြီးသွားမှ အထည်မရှိလို့ဆိုပြီး စက်သမား (၄၀၀) ကျော်ကို ဟက်ပါလုပ်ဖို့ ဖိအားပေးပြီး သဘောတူကြောင်း အလုပ်ရှင်ဘက်က လက်မှတ်ထိုးခိုင်းပါတယ်။ အဲဒီလုပ်လို့လည်း ထွက်သွားတဲ့သူတွေ ရှိပါတယ်”လို့ စက်သမားတစ်ဦးက ပြောပါတယ်။

လက်ရှိဟာ စက်ရုံအလုပ်သမားတွေဟာ အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ကူညီဖြေရှင်းပေးဖို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) ကို ဆက်သွယ် အကူအညီ တောင်းခံထားပါတယ်။ 

စက်ရုံအလုပ်သမားတွေအနေနဲ့ ဖယ်ရီလုံလောက်စွာ ရရှိရေး၊ သောက်သုံးရေ သန့်ရှင်းရေး၊ ဥပဒေပါ ခွင့်ခံစားခွင့် တွေ ရရှိရေး၊ အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်ကို မတောင်းခံရေး၊ အချိန်ပိုအိုတီတွေကို အလကား မဆင်းခိုင်းရေး၊ အလုပ်သမားတွေ သဘောဆန္ဒမပါဘဲ အချိန်ပိုအိုတီတွေကို အောနိုက်၊ အောလင်း မဆင်းခိုင်းရေးနဲ့ စူပါတွေက အထည်စံချိန်တောင်းခံရာမှာ မဆဲရေးစတာတွေကို လိုလားနေတာပဲ ဖြစ်ပါတယ်။

#MyanmarLabourNews

 


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026