NEWS

ESLITE စက်ရုံ အတွင်းရေးမှူးမှ လုပ်ငန်းခွင်အတွင်း အလုပ်သမားများအပေါ် ဆဲဆို ဖိအားပေး ခြိမ်းခြောက်နေဟုဆို

CoverLogo
2.3K Views

ESLITE Garment  အထည်ချုပ်စက်ရုံက ပိုင်ရှင် အတွင်းရေးမှူးဆိုသူ အမျိုးသမီးက လုပ်ငန်းခွင် အတွင်း အလုပ်သမားတွေကို ဖိအားပေး ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။ ဒီလို ဖိအားပေး ခြိမ်းခြောက်ပြောဆိုတာဟာ နှစ်ကြာနေပြီဖြစ်ပေမယ့် အခုနှစ်အတွင်း ဆိုးဆိုးဝါးဝါး ပြောဆိုတာတွေ ပြုလုပ်နေတယ်လို့ အထည်ချုပ်လုပ်သား အမျိုးသမီးက ပြောပါတယ်။

“သူဌေးရဲ့ အတွင်းရေးမှူးက ကျမတို့ ဝန်ထမ်းတွေ အပေါ် အရမ်းရိုင်းစိုင်းတယ်၊ ဝန်ထမ်းမိန်းကလေးငယ်လေး များအပေါ် ဆဲဆိုပြောဆိုတာတွေ မခံနိုင်လောက်ပါပဲ” လို အဲဒီ အထည်ချုပ်လုပ်သား အမျိုးသမီးက ပြောပါတယ်။

Eslite Garment Co.Ltd အထည်ချုပ်စက်ရုံကတော့ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ မောင်ကျန်သီးလမ်းမှာ ရှိပြီး ထိုင်ဝမ်နိုင်ငံသားတစ်ဦး ပိုင်ဆိုင်တယ်လို့ စက်ရုံက ဝန်ထမ်းတွေက ပြောပါ တယ်။

စက်ရုံပိုင်ရှင် အတွင်းရေးမှူးကတော့ ဒေါ်သိင်္ဂီဝင်း ဆိုသူဖြစ်ပြီး ESLITE Garment Co.Ltd အထည်ချုပ်စက်ရုံ အနေနဲ့ လုပ်ငန်းခွင်အတွင်းဖိနှိပ်မှုတွေကြောင့် သက်ဆိုင်ရာ အလုပ်သမားအရာရှိတွေ လာရောက် စစ်ဆေးတာ ခံထားရတယ်လို့ သိရပါတယ်။

အဲဒီလိုလာရောက်စစ်ဆေးပြီးနောက်ပိုင်း အလုပ်သမားတွေအတွက် အပေါ့အပါး သွားလာတာနဲ့ လူမှုဖူလုံရေး ကိစ္စတချို့ အဆင်ပြေခဲ့ပေမယ့် အတွင်းရေးမှူးအဖြစ်လုပ်ကိုင်သူရဲ့ အပြောအဆို ကြမ်းတမ်းမှု တွေကတော့ ပိုဆိုးလာတယ်လို့ စက်ရုံ လုပ်သက် ၂ နှစ်ကျော်ရှိ အထည်ချုပ်လုပ်သား အမျိုးသမီး တစ်ဦးက ပြောပါ တယ်။   

“အစိုးရရုံးက လူကြီးတွေ လာစစ်တယ်၊ ဒါလည်း ပြီးတော့ ဝန်ထမ်းတွေ အပေါ်ပိုပြီးပြောဆိုလာတာ။  ဆဲဆိုတာ ရော၊ အလုပ်မလုပ်ချင်ရင် ထွက်သွား၊ ထုတ်ပစ်လိုက်မယ်နဲ့ မျိုးစုံတယ်” ဆိုပြီး ပြောဆိုတယ်လို့ လုပ်သက်ရင့် အမျိုးသမီးက ပြောပါတယ်။

ESLITE Garment Co.Ltd အထည်ချုပ် စက်ရုံ အတွင်းရေးမှူးက ပိုင်ရှင်နဲ့ တိုက်ရိုက်ပြောဆို ဆက်ဆံတာ ကြောင့် စက်ရုံအတွင်း ရာထူးအကြီးဆုံးလိုဖြစ်နေပြီး အမျိုသမီးရဲ့ အပြောအဆိုကြမ်းတမ်းမှုတွေကို စက်ရုံ မန်နေဂျာဖြစ်သူကိုလည်း သွားရောက် မတိုင်တန်း ရဲကြဘူးလို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

၎င်းအတွင်းရေးမှူးက အပြောအဆို ရိုင်းဆိုင်းကြမ်းတမ်း ဖိအားပေး ခြိမ်းခြောက်တာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာတယ်လို့ စက်ရုံလုပ်သားအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ခန္ဓာကိုယ်ထိခိုက်မှုဆိုတာထက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာများတယ်။ အလုပ်ထဲမှာလည်း အရမ်းပင်ပန်းတယ်” လို့  ပြောပါတယ်။

အဆိုပါ အတွင်းရေးမှူးရဲ့  ကြမ်းတမ်းတဲ့ပြောဆိုမှုတွေကို ဖြေရှင်းပေးနိုင်ဖို့ စက်ရုံအတွင်း အလုပ်သမားသမဂ္ဂ ရှိပေမယ့် ခေါင်းဆောင်တွေမှာလည်း ပြောဆိုဖို့ အခက်အခဲတွေရှိနေပြီး သက်ဆိုင်ရာအလုပ်သမားအရာရှိရုံးတွေကို  တိုင်တန်းပေမယ့် ထိရောက်တာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

လက်ရှိ ESLITE Garment Co.Ltd အထည်ချုပ် စက်ရုံအတွင်း တရုတ်လူမျိုးကြီးကြပ်သူတွေက အထည်စံချိန်တွေ ကို  နှစ်ဆတိုးတောင်းတာတွေနဲ့ ကြိုပို့ယာဉ်တွေနောက်ကျတာတွေကြောင့်  လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေ ပိုမို ဖြစ်ပေါ် နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Eslite Garment Co.Ltd  အထည်ချုပ်စက်ရုံမှာ လုပ်သား ၂၇၀၀ ဝန်းကျင်ရှိပြီး Carhartt အမှတ်တံဆိပ် အနွေးထည် ၊ ဘောင်းဘီအတို အရှည်တွေကို ချုပ်လုပ်နေပြီး ဥရောပနိုင်ငံတွေကို တင်ပို့နေတဲ့ စက်ရုံတစ်ရုံ ဖြစ်တယ်လို့ သိရပါတယ်။

MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026