NEWS

Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး

CoverLogo
33 Views
 
Myanmar Labour News က အကို၊ အမတို့ရှင့် ။
Earnest Myanmar သိုးမွှေးစက်ရုံမှာ အချိန်ပိုတွေ နေ့တိုင်းဆင်းနေရလို့ တိုင်ချင်လို့ပါ။ စက်ရုံက ဦးဖိုးလှိုင်လမ်းနှင့် ဆေးရုံ ၄လမ်းထောင့်၊ ရွှေလင်ပန်းစက်မှုဇုန်၊ လှိုင်သာယာမှာပါ။
 
နေ့တိုင်း အလုပ်ဆင်းနေရတော့ လေဘာရုံးလည်း သွားမတိုင်နိုင်ပါဘူးရှင့်။ တိုင်ချင်တာကတော့ တနင်္လာကနေ စနေထိကို ည ၈နာရီထိဆင်းရတာပါပဲ ။ အချိန်ပိုတွေ ဆင်းရလည်း ညနေ ၄နာရီဆိုလည်း နားချိန်မပေးပါဘူး။
အထည်ကြေး (တစ်ကတ်ကြေး) နဲ့ဆိုပေမဲ့ အချိန်ပိုက နေ့တိုင်းဆိုတော့ အဆင်မပြေလို့ပါ ။
 
ခေါင်းဆောင်းတွေကိုပြောပြရင်လည်း မဲပြီး အလုပ်ထွက်ရမှာစိုးလို့ပါ။ တနင်္ဂနွေပိတ်ရက်လည်း ၈နာရီဆင်းရမယ် ပြောပါတယ်။ အချိန်ပို ဆင်းရမယ်ဆို ညီမတို့ကို ကြိုမပြောပါဘူး။
 
တနင်္ဂနွေနေ့နဲ့ အများပြည်သူရုံးပိတ်ရက် အလုပ်ဆင်းရရင် ဒေးကြေး ၂ဆရမယ်လို့ ညီမတို့သိထားတာပါ။အစည်းအဝေးမှာ တနင်္ဂနွေနေ့မှာ အထည်ကြေးကို ချုပ်သလောက်ပဲပေးမယ် ဒေးကြေး ၂ဆမပေးပါဘူးလို့ အလုပ်သမားတွေကို သူဌေးမက ပြောပါတယ်။
 
ပိတ်ရက်ဆင်းရင်လည်း ၁၀၀၀၀ ဖိုးပဲချုပ်ရင် အိုတီကြေးလည်းမပေးဘူး တစ်သောင်းပဲရမယ်ပြောပါတယ်။ညီမတို့က ပိတ်ရက်လည်းဆင်းရသေးတယ် တစ်ကတ်ကြေးကို ပိတ်ရက်လည်း ပုံမှန်ပဲရပေးတာပါ။ပိတ်ရက်မှာ လုပ်ခ ၂ဆရဖို့ ၂ဆချုပ်ပေးရမယ်လို့ သူဌေးမက ပြောတာပါ။
 
တပေါင်းလပြည့် (မတ်၂ရက်) က အလုပ် ဆင်းခိုင်းပါတယ်။အလုပ်သမားတွေက ကတော့ မမျှတဘူးထင်လို့ မဆင်းပါဘူး။ အဲဒီ ပိတ်ရက်အတွက်လည်း ပိုက်ဆံမရပါဘူး။အလုပ်သမားတွေမှာ အထည်ကြေးနဲ့မို့ ပိတ်ရက်အတွက်ပါ ချုပ်ရပါတယ်။ ဖိအားအောက် ကနေ ချုပ်နေရတာပါ။
 
၆ရက်ဆင်းပြီး ၁ရက်အနားပေးတဲ့ တခြား စက်ရုံတွေဆို လုပ်ခလစာအပြည့်ရပါတယ်။ ညီမတို့ကတော့ အဲ့ပိတ်ရက်စာအတွက်လည်း အထည်ချုပ်နိုင်မှ ပိတ်ရက်ကြေးရတာပါ ။ နားလှည့်ပါးရိုက်ပြီး အထည်ကြေးကိုပဲပေးတာပါ ။
 
အခု သင်္ကြန်တွင်းလည်း ဆင်းရမယ်ပြောပါတယ်။
အဲ့နေ့တွေဆင်းရရင် ဒေးကြေးသောင်းနဲ့အထည်ကြေးပေးမယ်ပြောပါတယ်။ ညီမတို့ကတော့နယ်ပြန်ချင်ပါတယ်။ ဒီပိတ်ရက်ကို တခြားအလုပ်သမားတွေက ဆင်းပြီး ညီမတို့ မဆင်းရင်လည်း အညှိုးထားမှာ ကြောက်လို့ပါ။
 
အဲ့ဒါကို လေဘာရုံးကလူကြီးတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကိုသိစေချင်တာပါရှင့်၊ ကျွန်မတို့ တကယ် နစ်နာနေလို့ ကူညီပေးပါဦးရှင့် ။

Related posts

Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026