NEWS

Double Packing Myanmar (Plastic Factor) ပလပ်စတစ်စက်ရုံအလုပ်သမားတွေ ဥပဒေပါအခွင့်အရေးများ ရရှိလိုဟုဆို

CoverLogo
1.1K Views

လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် အနော်ရထာလမ်းရှိ Double Packing Myanmar (Plastic Factor) စက်ရုံက အလုပ်သမားတွေဟာ စက်ရုံတွင်းခွဲခြားဆက်ဆံမှုများစွာကြုံတွေ့နေရတယ်လို့ သိရပါတယ်။

" ဝန်ထမ်းတွေကိုစက်ရုံမှာထားတယ် စက်ရုံမှာနေတဲ့ဝန်ထမ်းတွေ ရဲ့ပြဿနာစက်ရုံနဲ့မဆိုင်ဘူးလား။ ဝန်းထမ်းတွေရဲ့ ကျန်းမာရေးက​‌ စက်ရုံနဲ့မဆိုင်ဘူးလား။ လုံခြုံရေးတွေ ဆိုရင်အရက်သောက်လို့ကျန်းမာရေးဖြစ်ရင် ကားနဲ့လိုက်ပို့ရတာနဲ့ဆေးခန်းလိုက်ပို့ရတာနဲ့ဆေးဝယ်ပေးရတာနဲ့။ ကျန်တဲ့ဝန်ထမ်းတွေကျတော့ဖြစ်ချင်ရာဖြစ်အခုဝန်ထမ်းတယောက်ဆေးရုံတတ်ရတယ် အကူညီတောင်းတယ် ပထမနေ့ဆေးခန်းသွားဖို့ကားလေးနဲ့လိုက်ပို့ပေးပါပြော မသိချင်ယောင်ဆောင်တယ် ဒုတိယတခေါက်  ကားမရှိဘူးပြောတယ်မသိဘူးပြောတယ်။ အခုတတိယတခေါက်ဆေးရုံတက်ရတယ်ခွဲစိတ်ဖို့ သူငယ်ချင်းတွေပဲလိုက်ပို့ပေးတယ်သူတို့မလိုက်ဘူး။ သူတို့ကသူတို့နဲ့မဆိုင်သလိုနေကြတယ်" လို့ အလုပ်သမားကဆိုပါတယ်။ 

အဆိုပါစက်ရုံကအလုပ်သမားတွေဟာ ဒေးကြေးတစ်နေ့လုပ်ခကျပ် ၃၆၀၀၊ ၃၉၀၀၊ ၄၆၀၀နဲ့ ၄၈၀၀ အထိသာ  ရရှိခဲ့တာဖြစ်ပြီး အခြားစက်ရုံတွေက ၅၆၀၀ ကျပ်ပေးမယ်ဆိုမှသာ ၎င်းတို့က ဇွန်၁၄ ရက်နေ့ကစပြီး ဒေးကြေး တစ်နေ့လုပ်ခကျပ်၄၈၀၀ ဖြစ်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။ 

"ကျန်တော်တို့ကို ဟင်းကောင်းတရက်တော့ကျွေးတယ်  ဘာလည်းသူတို့ကစက်ရုံကိုနိုင်ငံတကာအဆင့်လက်မှတ်ယူမလို့ဆိုပြီး ဝန်ထမ်းတွေကို ပျော်ရွှင်တဲ့ပုံစံမျိုးတွေ  သူတို့ကောင်းကြောင်းတွေ အကုန် ဗီဒီယိုရိုက်တယ်။ ရိုက်ပြီးနောက်နေ့ဆိုထမင်းကစားလို့မရတော့ဘူး" လို့ အလုပ်သမားက ဆိုပါတယ်။ 

ယခင်ကကျပ်၃၆၀၀ ကျပ်သာရရှိနေတဲ့သူတွေကို  ၄၈၀၀ သို့ပေးလိုက်တာဖြစ်ပေမဲ့ ယခင်ကဒေးကြေး၄၈၀၀ကျပ်ရရှိနေတဲ့၀န်ထမ်းတွေကိုထောက်ပံ့ပေးတယ်ဆိုတဲ့ပုံစံနဲ့  ပြောဆိုခဲ့တာဖြစ်သလို  ထောက်ပံ့ကြေးအဖြစ်တစ်နေ့ ၄၀၀ ကျပ်တစ်လလျှင် ၁၂၀၀၀ ကျပ်ပေးဆောင်မယ်လို့ပြောဆိုထားတာဖြစ်တယ်လို့ သိရပါတယ်။  

“၀န်ထမ်းတွေအားလုံးဒီလို၄၈၀၀ကိုတရား၀င်ပေးတယ်လို့မပြောဘူး။ ထောက်ပံ့ကြေးအနေနဲ့ ပေးတယ်။ ခုလကစတယ်။ ၃၆၀၀ သမားတွေကို ၄၈၀၀ ပေးတယ်ပေါ့ ။  ၄၈၀၀ သမားတွေကိုတော့ ထောက်ပံ့ကြေးအနေနဲ့တစ်နေ့ 
 ၄၀၀ တစ်လကို ၁၂၀၀၀ ပေးမယ်လို့ပြောတယ်” လို့ဆိုပါတယ်။ 

ဒေးကြေး၃၆၀၀ကျပ်ရရှိခဲ့တဲ့အလုပ်သမားတွေဟာ   အစမ်းခန့်ကာလလို့ပြောပေမဲ့ အစမ်းခန့်ကာလက ၃လကနေ၆လအထိသာမကဘဲ  တစ်နှစ်ကျော်တွေအထိကို ဒေးကြေးကျပ် ၃၆၀၀ သာ  ရရှိခဲ့တာလို့ သိရပါတယ်။ 

မူလက၃၆၀၀ကျပ်ရရှိသူတွေသာမက ၄၈၀၀ကျပ်ရရှိတဲ့အလုပ်သမားတွေကိုလည်း  တစ်နေ့လျှင်စံချိန်ပြည့်မီမှသာ  တိုးမြင့်ပေးမှာဖြစ်သလို  ထောက်ပဲ့ကြေးအဖြစ်ပေးတဲ့ တစ်နေ့ကို၄၀၀နှုန်းနဲ့ တစ်လကို ၁၂၀၀၀ နှုန်းထောက်ပံ့ပေးမယ်ဆိုတာဟာလည်း  စံချိန်တွေပြည့်မီမှသာ  ရရှိမှာဖြစ်ပြီး စံချိန်ုပြည့်မီအောင်မချုပ်နိုင်ပါက  ရရှိမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။  

“စံချိန်မပြည့်ဘူးဆိုရင် ၄၈၀၀ သမားက အဲ့ဒီထောက်ပံ့ကြေး၄၀၀ ဖြတ်မယ်။  စံချိန်ပြည့်မှ၄၀၀ပေးမှာ။ ၃၆၀၀သမားကိုလည်း စံချိန်ပြည့်မှ ၄၈၀၀ပေးမှာ။ နေ့စားသမားတွေခန့်ထားတယ်။ သူတို့ကိုလည်းစနေတနဂ်နွေခံစားခွင့်မပေးဘူး" လို့ဆိုပါတယ်။ 

အဆိုပါအလုပ်သမားတွေဟာ  ယခင်က စက်ရုံတစ်ရုံလုံး၃၆၀၀ပဲရလို့ဆန္ဒပြခဲ့ကြလို့ ဒေးကြေးကျပ်၄၈၀၀ တိုးပေးပြီး တစ်ချို့ကိုတော့၃၆၀၀နဲ့ပဲပေးခဲ့ကာ  တောင်းဆိုတဲ့သူတွေကိုတော့ လျော်ကြေးပေး ပြီးအလုပ်ထုတ်ခဲ့တာတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

ယခုချိန်မှာဒေးကြေးနဲ့အချိန်ပိုကြေးသာရရှိပြီးအခြားသောခံစားခွင့်တွေမရရှိလို့ ဒေးကြေး၅၆၀၀ကျပ်ရရှိရန် တောင်းဆိုလိုပေမဲ့  ယခင်ကကဲ့သို့လျော်ကြေးပေးအလုပ်ထုတ်မည်ဆိုးတာကြောင့် တောင်းဆိုခြင်းမပြုလုပ်တာဖြစ်တယ်လို့လည်း သိရပါတယ်။  

“ကျွန်တော်တို့မှာ  ရက်မှန်ကြေးနဲ့ဒေးကြေးအိုတီဒါပဲရှိတာ။  ကျန်တဲ့ကျွမ်းကျင်ကြေးတွေ ဘာညာကြေးတွေလည်းမရှိပါဘူး။ ရက်မှန်ကြေးကလည်း  တစ်ရက်ပျက်ရင်တစ်သောင်း နှစ်ရက်ပျက်ရင် ၂သောင်းဖြတ်ခံရရော။ ကျွန်တော်တို့စက်ရုံကတော့ ပလက်စတစ်စက်ရုံပါ။ kingdom ရွှေငါး တို့ ၅၉တို့ ၆၄တို့ ဖြန့်တာ” လို့ဆိုပါတယ်။

အဆိုပါစက်ရုံဟာ အလုပ်သမား၇၀၀ကျော်နဲ့လည်ပတ်နေတဲ့ ထိုင်၀မ်နိုင်ငံသားပိုင် ပလက်စတစ်စက်ရုံဖြစ်ကာ  သမဂ္ဂမရှိသလို WCC လည်းမရှိဘူးလို့သိရပြီး အလုပ်သမားတွေအနေနဲ့  အဓိကတောင်းဆိုချင်တာက  စက်ရုံဘက်ကနေ ကျန်းမာရေးနဲ့သင့်တော်တဲ့အစားအစာကျွေးစေချင်ခြင်း၊  လစာထုတ်ပေးတဲ့ရက် နောက်ကျတာတွေနဲ့ လစာမဲ့ခွင့်ပေးတာတွေကို ပြင်ဆင်ဆောင်ရွက်ပေးစေချင်တာဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews

 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026