NEWS

Dong Yu စက်ရုံ တွင် ည ၁၁ နာရီထိ အချိန်ပိုခိုင်းစေပြီး လုံခြုံရေးတာဝန်မယူဟု ပြောဆို

CoverLogo
683 Views

Dong Yu စက်ရုံက အချိန်ပို ည ၁၁နာရီထိ ခိုင်းစေနေပြီး လုံခြုံရေးအတွက် တာဝန်မယူဘူးလို့ စက်ရုံတာဝန်ရှိသူတွေက ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အထည်ချုပ်စက်ရုံက မြစိမ်းရောင် စက်မှုဇုန်မှာ ရှိပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပါတယ်။ 

 

“အခုထိ ည ၁၁နာရီထိ ကဆင်းနေရတုန်းပဲ ။ အချိန်ပိုလုပ်နေတုန်း လှည့်ကင်းလာစစ်ရင် သူတို့က မီးပိတ်လိုက်မှာ လုံအောင် ပုန်း၊ မိသွားရင် တာဝန်မယူဘူး ဆိုပြီး ပြောတယ် ။ အချိန်ပိုခေါ်နေတာ၊ ဘာမှ တာဝန်ယူ မှုမရှိဘူ။ လုံခြုံမှုလည်း မရှိနဲ့ ဘယ်သူမှ မဆင်းချင်ကြဘူး။ ဒါကို ဖိအားပေး ခိုင်းတယ်၊ မဆင်းချင်ဘူး ပြောလည်း မရဘူး။ ဆင်းတော့ အိပ်ရတာ အဆင်မပြေဘူး။ မနက် ရေချိုးရတာ အဆင်မပြေဘူး ။ နေ့တိုင်းဆိုတော့  အလုပ်သမားတွေ  ပင်ပန်း လာပြီ။  စောင့်ကြည့်တာကလည်း အချင်းချင်း စကားပြောရင် ပိုက်ဆံ ဖြတ်တောက်မယ်ဆိုပြီး မန်နေဂျာက ပြောတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။  

 

စက်ရုံက ညနက် အချိန်ပို ခိုင်းစေမှုတွေ တိုင်ကြားခံရပြီးနောက် လုပ်ငန်းခွင်က အလုပ်သမားတွေကို CCTV ကနေ စောင့်ကြည့်တာတွေ စက်ရုံတာဝန်ရှိသူတွေက လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

 

“ အချိန်ပို ကိစ္စ နဲ့ အတိုင်ခံရလိုဆိုပြီး အခု ရုံးပေါ်ကနေ CCTV ထိုင်ကြည့်ပြီး မိုက်နဲ့ အော်နေတော့တာ။ လိုင်းထဲ ပတ်ပြီးကြည့်ဖို့ လူလဲ လွှတ်ထားတယ်။ အတိုင်ခံရလို ရုံးမှာ ဖြေရှင်း နေရတယ်ကြားတာ၊ အဲဒါလည်း အချိန်ပိုက ခေါ်နေတာပဲ” လို့ အလုပ်သမားတဦးက ပြောပါတယ်။

 

စက်ရုံလိုင်း မန်နေဂျာက ခေါင်းဆောင်တွေ၊ အလုပ်သမားတွေကို ခွဲခြားဆက်ဆံပြီး အလုပ်သမားတွေကို အော်ဟစ် ခိုင်းစေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ Dong Yu က WindCore တံဆိပ်ချုပ် တရုတ်နိုင်ငံသားပိုင်စက်ရုံ ဖြစ်တယ်လို့ သိထားပါတယ်။ 

 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026