NEWS

Dishang Fashion (Myanmar)Co ,Ltd တွင် WCC ကော်မတီက အလုပ်သမားများ သဘောဆန္ဒကို မျက်ကွယ်ပြု ကာ အလုပ်ရှင်နှင့်ပူးပေါင်းပြီး ဖိနှပ်မှုများ လုပ်ဆောင်

CoverLogo
739 Views

တရုတ်နိုင်ငံသားပိုင် Dishang Fashion (Myanmar)Co.,L.td အထည်ချုပ်စက်ရုံမှာ ဖွဲ့စည်းထားတဲ့ WCC ကော်မတီက အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မျက်ကွယ်ပြုကာ အလုပ်ရှင်နှင့်ပူးပေါင်းပြီး ဖိနှပ်တာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

ဒီစက်ရုံကို လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းကြီးမဟာမင်းခေါင်လမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားအင်အား (၈၀၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာပါ။

ONLY, RESERVED, Takashimaya စတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာ ဖြစ်ပါတယ်။ စက်ရုံမှာ သမဂ္ဂဖွဲ့စည်းထားတာ မရှိဘဲ WCC ကော်မတီက ဖိနှိပ်တာတွေလုပ်ဆောင်နေတာလို့ အမည်မဖော်လိုတဲ့အလုပ်သမားတွေကပြောပါတယ်။ 

“ကျွန်မတို့ စက်ရုံမှာ လုပ်ခလစာနဲ့ လုပ်ငန်းခွင်အခြေအနေတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြတာကို မေလက လုပ်ခဲ့ပါတယ်။ သတင်းလည်းဖော်ပြခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အလုပ်သမားတွေဘက်က အလုပ်သမားကိုယ် စားလှယ်ဆိုပြီး ယောင်္ကျားလေး (၃) ယောက်ကို WCC တင်ခဲ့ပါတယ်။ နောက်ကျတော့ သူတို့က စက်ရုံက HR နဲ့ ပူးပေါင်းပြီး အလုပ်သမားတွေကို နှိပ်ကွပ်တာတွေ စလုပ်ပါတယ်။ လုပ်ငန်းခွင်စည်းကမ်းတွေကို ပိုပြီးတင်းကြပ် လာပါတယ်။ အရင်တုန်းက စက်ရုံမှာ ချဲတို့၊ နှစ်လုံးတို့ ရောင်းဖူးတဲ့သူတွေကို ဖော်ထုတ်ပြီးအလုပ်ကထုတ်ပါတယ်။ ကွမ်းစားတဲ့သူတွေကိုလည်း အတင်းစစ်ဆေးပြီး ထုတ်တာတို့၊ နောက်ဆုံးဝမ်တိန်ပေးတာတို့ လုပ်ပါတယ်။ အိမ်သာအပေါ့၊ အလေးသွားတဲ့သူတွေကိုလည်း  အချိန်ကြာတယ်ဆိုပြီး ဝမ်တိန်ထိုးခိုင်းပါတယ်။ နည်းလမ်းအမျိုး မျိုးနဲ့ နေ့ရှိသရွေ့ ဖိနှိပ်နေပါတယ်။ အခုဆို WCC ကော်မတီတွေက အလုပ်မလုပ်တော့ဘဲ စည်းကမ်းထိန်းသိမ်းရေး လိုလိုလုပ်ပြီး အလုပ်သမားတွေကိုလိုက်ကြည့်ပြီး ဝမ်တိန်ထိုးခိုင်းပါတယ်”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြော ပါတယ်။

စက်ရုံမှာ အချိန်ပိုနာရီတွေကို တစ်နေ့ (၃) နာရီ ပုံမှန်လုပ်ကိုင်နေရပြီး အထည်လိုအပ်ချက်အရဆိုပြီး အချိန်ပို အော်လင်း၊ အောနိုက်ဆင်းခိုင်းတာတွေလည်း လုပ်ဆောင်နေပါတယ်။ 

ဒါ့အပြင် တနင်္ဂနွေပိတ်ရက်တွေကိုလည်း အချိန်ပိုခေါ်နေပြီး အခုထိ နားရက်မပေးတာ သုံးပတ်ရှိနေပြီလို့ သိရပါတယ်။

“အချိန်ပိုခေါ်ရင် WCC က အလုပ်သမားတွေ သဘောဆန္ဒမမေးဘဲ သူတို့ဘာသာ လက်မှတ်ထိုးပါတယ်။ သူတို့ လက်မှတ်ထိုးရင် အလုပ်သမားတွေက ဆင်းရပါတယ်။ သူတို့က အလုပ်သမားတွေဘက်ကို မကြည့်ဘဲ အလုပ်ရှင်  ဘက်ကိုပဲ ကြည့်ပေးနေပါတယ်။ ဒါကို အလုပ်သမားတွေက မကျေနပ်လို့ စက်ရုံထဲမှာ နံရံကပ်စာကပ်ပြီး သဘောဆန္ဒကို ထုတ်ဖာ်ပါတယ်၊ ဒါပေမယ့် အလုပ်ရှင်က အဲဒီ WCC တွေကို  HR ဌာနက လုပ်ရမယ့် အလုပ်တာဝန်တွေကို လွှဲပြောင်းလုပ်ကိုင်ခိုင်းပါတယ်။ ကျွန်မတို့က အသိအမှတ် မပြုဘူးပြောပေမယ့် အလုပ်ရှင်က ဆောင်ရွက်ပေးတာ မရှိပါဘူး”လို့ သူက ပြောပါတယ်။

လုပ်ငန်းခွင်တွင်းမှာ WCC က ချိုးဖောက်တာတွေ လုပ်ဆောင်နေတာကြောင့် ကူညီဖြေရှင်းပေးဖို့ စက်ရုံ အလုပ်သမားတွေက မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်ကို ဆက်သွယ် အကူအညီ တောင်းခံထားပါတယ်။ 

စက်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်သမားတွေ အကျိုးစီးပွားကို မကာကွယ်ပေးတဲ့ WCC ကို အလိုမရှိသလို အပေါ့၊ အလေး သွားတာတွေကို စောင့်ကြည့်ဝမ်တိန် ထိုးခိုင်းတာ မလုပ်ဖို့ ၊ အချိန်ပိုနာရီတွေကို အလုပ်သမားတွေဆန္ဒမပါဘဲ မဆင်းခိုင်းဖို့ နဲ့ အလုပ်သမားတွေ သဘောဆန္ဒမပါဘဲ အချိန်ပိုတွေ ခွင့်ပြုလက်မှတ်မထိုးပေးဖို့ စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။

#MyanmarLabourNews


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026