NEWS

Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ

CoverLogo
351 Views
 
Dishang Fashion (Myanmar) အထည်ချုပ်စက်ရုံ မီးပူတိုက်ဌာနမှာ ဖြစ်ပွားတဲ့ ကိုယ်ထိလက်ရောက်မှုမှာ နစ်နာသူကိုပါ အလုပ်ထုတ်လို့ ပါ။
 
Iron ( မီပူတိုက်) ဌာနက ဖြိုး_အောင်ဆိုတဲ့ အလုပ်သမားကို အော်စူပါ စိုးကြီး (ခေါ် ) စိုး_အောင် က ကိုယ်ထိလက်ရောက် အကြမ်းဖက်ပါတယ်။
 
ဌာနမှာ တစ်နာရီကို အထည်စံချိန် (၂၅) ထည်ပြီးဖို့ သတ်မှတ်ထားတာကို အခက်အခဲတွေကြောင့် သတ်မှတ်အထည် မရကြပါဘူး။
 
ဒါကို အောစူပါက တခြားအလုပ်သမားတွေကို မပြောဘဲ ဖြိုး_အောင်တစ်ဦးတည်းကို ရည်ရွယ်ပြီး စံချိန်မရလို့ ပြောပါတယ်။
 
ပြောတဲ့ စကားလုံးတွေက ‘ ဘာကြောင့် အထည်မရတာလဲ'၊ ‘မင်းတို့ အထည်ကို တစ်နာရီဘယ်လောက်ပေးရမည်ဆိုတာ မသိဘူးလား? စာမတတ်ဘူးလား? ဆိုပြီး နှိမ်ချမေးတာပါ။
 
အထည်ကလည်း တစ်ယောက်ထဲမရတာ မဟုတ်တဲ့ကြောင်းနဲ့ အပေါ့အပါး မသွား၊ ရေမသောက်လုပ်ပေးတာကို အောစူပါ မြင်မှာလို့ ပြောခဲ့ပါတယ်။
 
ဒီနောက် ဖြိုး_အောင်ကို အော်စူပါ စိုးကြီးက “ မင်းဘာလို့ စာရေးမကို ကြည့်တာလဲ” ဆိုပြီ လုပ်ငန်းနဲ့ မဆိုင်တဲ့ ကိစ္စကို မေးပြန်ပါတယ်။
 
ဖြိုး_အောင်က မရိုးသားစိတ်နှင့် မကြည့်ကြောင်းနဲ့ စာရေးမက အစ်ကို ကို တိုင်လို့လားဆိုပြီး မေးပါတယ်။ အော်စူပါ စိုးကြီးက ဘာမှမပြောပဲ စာရေးမကို မင်းတို့ ထိလို့မရဘူး ဆိုပြီး လက်သီးနဲ့ ကိုယ်ထိလက်ရောက် စတင် ထိုးကြိတ်ပါတယ်။
 
အနားက အလုပ်သမားတွေများ ဝိုင်းဆွဲကြပါတယ်။
 
လက်သီးနဲ့ အထိုးခံရလို့ အလုပ်သမားနှာခေါင်း ပေါက်ပြဲပြီ သွေးတွေ ကျလာပါ တယ်။ စက်ရုံ ဆေးခန်းကို ပို့ပေးပါတယ်။ စက်ရုံ Hr က အပြင် ဆေးခန်းသွားပါက “ရန်ဖြစ်လို့ မပြောဘဲ၊ နှာခေါင်းသွေးလျံတာ ပြောဖို့ မှာလိုက်ပါတယ်။
 
အလုပ်သမားတစ်ယောက်နဲ့ လူမှုဖူလုံရေးသွားဖို့ စီစဉ်တော့ အလုပ်ရှင်က လှိုင်သာယာဆေရုံးကို လိုက်ပို့ပါတယ်။
 
အဲ့ကအပြန်မှာတော့ ရန်ဖြစ်တာဖြစ်တဲ့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ EC စာချုပ်အရ နောက်ဆက်တွဲ ကြီးလေးတဲ့အပြစ် ချိုးဖောက်တယ်ဆိုပြီး အလုပ်ကနေ နှစ်ယောက်စလုံးကို ထုတ်ပါတယ်။
 
ဘာမှ သေချာ မစစ်ဆေးခဲ့ပါဘူး။
 
အော်စူပါ ကိုယ်ထိလက်ရောက် လက်သီးနှင့် ထိုးတာ ဘေးက အလုပ်သမားတွေ အားလုံးမြင်ပါတယ်။
 
အလုပ်သမားက မခုခံသည့်အတွက် အောစူပါမှာ ဘာဒဏ်ရာမှ မရှိခဲ့ဘူး။ ဒါကို စက်ရုံက ကြီးလေးတဲ့ပြစ်မှု ဆိုပြီး မစစ်ဆေးပဲ အလုပ်ထုတ်ခဲ့တာပါ။
 
လုပ်ငန်းခွင် အခက်အခဲ အခြေအနေတွေကို အလုပ်ရှင်ဆီ ဖြိုး_အောင် မကြာခဏ သွားရောက် ပြောဆိုဖူးတာကို အော်စူပါက အငြိုးထားခဲ့တာပါ။
 
စောင့်ကြည့်ပါတယ်၊ အပြစ်ရှာမရလို့ အမျိုးမျိုး ဖိအားပေးခဲ့ပါတယ်။
ဌာနအလုပ်သမားတွေ အားလုံး ဒါကို သိကြပါတယ်။
 
အော်စူပါ စိုးကြီးဟာ အလုပ်သမားအမျိုးသမီးတွေနဲ့ အလုပ်သမားတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ပါတယ်။
အကြမ်းဖက်တာတွေလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ သူ ပါ။
 
အလုပ်သမားအမျိုးသမီးတွေဆို ပုဆိုးလှန်ပြတာ၊ ရိုင်းပြစွာ ပြောဆိုတာတွေ လုပ်ပါတယ်။
 
အလုပ်သမားတွေကို အထည်မရလို့ အပြင်လူခေါ် မီးပူတိုက်ရတာကို “မင်းတို့ အိမ်က မိန်းမတွေ သူများဝင်လုပ်တော့ ၊ မင်းတို့အဆင်ပြေလား” ဆိုပြီး ရိုင်းစိုင်းတဲ့ အမူအရာတွေနဲ့ အကြမ်းဖက်ပြောဆို ခဲ့တာပါ။
 
HR သွားရောက်တိုင်ပေမဲ့ အရေးယူမှုမလုပ်တဲ့ အပြင် တိုင်ကြားတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်မယ်ဆို ခြိမ်းခြောက်ပြီး အော်စူပါကို ကာကွယ်ပါတယ်။
 
အောစူပါရဲ့ အကြမ်းဖက် စော်ကားပြောဆိုမှုတွေနဲ့ အပြုအမူတွေကို ဖြေရှင်းပေးဖို့ တိုင်ကြားထားပေမဲ့ စက်ရုံက ဖြေရှင်း မပေးပါ။
 
စက်ရုံက အလုပ်သမားတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးပြီး အကြမ်းဖက် စော်ကားပြောဆိုတဲ့ အော်စူပါကို အရေးယူမှု မပြုလုပ်ခဲ့သလို အခု ကိုယ်ထိလက်ရောက် ကိစ္စမှာ သေချာ စစ်ဆေးမှု မလုပ်ဘဲ ဖြိုး_အောင်ကို အလုပ်ထုတ်တာက စက်ရုံတာဝန်ရှိသူတွေ ဖြေရှင်းဆောင်ရွက်မှုက တရားမျှတမှု မရှိတာကို တင်ပြပါတယ်။
 
ကျူးလွန်ခံရသူကို မကုစားဘဲ့ အလုပ်မှ ထုတ်ပယ်တာက စက်ရုံရဲ့ တာဝန်ယူမှု မရှိတာပါ။ ဒါက ဘက်လိုက်မှု ဖြစ်လို့ ဖြိုး_အောင် ကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမား အားလုံးက တောင်းဆိုပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026