NEWS

Diamond Rental Myanmar Co.ltd အလုပ်သမားတဦးမှ ပေးစာ

CoverLogo
915 Views

Diamond Rental Myanmar Co.ltd အလုပ်သမားတဦးမှ ပေးစာ 

နိုဝင်ဘာ ၂၂ ၊ ၂၀၂၄ 

သို့
အယ်ဒီတာ လူကြီးမင်းများ ...
Diamond Rental Myanmar Co.ltd  အလုပ်သမားတဦးပါ ဗျ။ သတင်းမှာ မပါတဲ့ နစ်နာခဲ့ရတာတွေနဲ့ အကြောင်းအရာတချို့ကို ထပ်ဖြည့် ပြောချင်လို့ပါ။ 

Diamond Rental Myanmar Co.ltd က ဂျပန် ကုမ္ပဏီဖြစ်တယ်ဆိုတာ လူကြီးမင်းတို့လည်း သိကြမှာ ။ အဲမှာ မြန်မာ ဝန်ထမ်းတွေနဲ့ဆို စုစုပေါင်း ဝန်ထမ်း ၁၀၀ နီးပါး လုပ်ကိုင်နေပါတယ်။ 

ကုမ္ပဏီက ၂၀၁၆ ခုနှစ်မှ  တည်ထောင်ခဲ့တယ်။  အဲတုန်းက အလုပ်သမားတွေကို   အစိုးရက သတ်မှတ်ထား EC စာချုပ် ပုံစံနဲ့ ချုပ်ဆိုပြီး ကုမ္ပဏီက ခန့်ထားတော့ မဟုတ်ခဲ့ဘူး။   အခွန်တံဆိပ်ခေါင်းနဲ့ အရပ် စာချုပ် ချုပ် ပြီး အလုပ်လုပ်ခဲ့တာ။ အဲလို အရပ်စာချုပ်ချုပ်ပြီး လုပ်ခဲ့ရတာ  ၂၀၂၀ ခုနှစ် အထိပါပဲ။   

Diamond Rental Myanmar Co.ltd ရဲ့အဲဒီ အရပ် စာချုပ် ကြောင့်ပဲ အလုပ်သမားတွေ နစ်နာခဲ့ရတယ်။ 

ကျွန်တော်တို့ လေ့လာထားသလောက်ဆိုရင် EC စာချုပ်က ၂၀၁၃ ခုနှစ် ဩဂုတ်လမှာ  ပြဌာန်းထားတယ်။ အလုပ်ခန့်ပြီး ရက်ပေါင်း ၃၀ အတွင်း ဒီစာချုပ်ကို  ချုပ်ဖို့ ဆိုတာလည်းပါတယ်။ ဒီတင်မကဘူး ၂၀၁၇ ခုနှစ် ဩဂုတ်လကတည်း နိုင်ငံတော် ပြန်ထမ်းနဲ့ ထုတ်ပြန်ထားယ်။ အဲဒီ ပြန်ထမ်းမှာပဲ EC စာချုပ်ပုံစံနဲ့ ပါဝင်ရမဲ့ အချက်တွေလည်း ပူးတွဲထုတ်ပြန်ထားတာကို တွေ့ပါတယ်။ 

ဒါပေမဲ့ စာချုပ်က ဥပဒေနဲ့ မညီဘူးဆိုတာကို အလုပ်သမား ဦးစီးမှူးတွေ သိနေခဲ့ပေမဲ့ စက်ရုံဘက်ကို ဘာမှ  အကြောင်းမကြားခဲ့ဘူး။ ဘာလို့လဲဆိုရရင် ကုမ္ပဏီက ၂၀၂၁ ခုနှစ်မှာပဲ အလုပ်ခန့်ထားမှုဆိုင်ရာ သဘော တူညီချက် စာချုပ် EC  ကို ပြန်ထမ်းထဲက ပုံစံအတိုင်း ပြောင်းပြီး ချုပ်ခဲ့တာ။ 

နောက်ပြီး အလုပ်သမားက အလုပ်ဝင်ပြီဆိုကတည်းက ကုမ္ပဏီဘက် အလုပ်သမားရုံးကို အကြောင်းကြားရမဲ့  အချက်တွေလည်း ရှိနေတာ။ နောက် လူမှုဖူလုံရေးကြေး သွင်းတာတွေလည်း ရှိတယ်။ ဒါဆို အလုပ်သမားရုံးက ကုမ္ပဏီအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဘာမှ စုံစမ်းမေးမြန်းတာ မရှိခဲ့ဘူးလို့ မေးခွန်းတွေ ဖြစ်နေတယ် ဗျ။ 

တခြား ချိုး​ဖောက်တာ​တွေ လည်း ရှိပါတယ်ဗျ။ 

ကုမ္ပဏီမှာ လုပ်ခလစာထဲက လစဉ် သာရေးနာရေး ဆိုပြီး လတိုင်း ကျပ်တစ်သောင်း၊ တစ်သောင်းခွဲ ဖြတ်တယ်။  ကုမ္ပဏီရဲ့ HR ဌာနကနေ ဖြတ်နေတာ။ 

လတိုင်း အဲဒီ ပိုက်ဆံ အဖြတ်ခံရတယ်။ လတိုင်းဖြတ်ပေမဲ့ တခါတလေမှ လစာပေးတဲ့ စာရွက်မှာ ဖော်ပြတယ် ။ တခါတလေလည်း ဖော်ပြတာမျိုး မရှိဘူး။ အဲ့လိုဖြတ်တဲ့ ပိုက်ဆံတွေကို ဘယ်လောက် ရတယ်။ ဘယ်လိုသုံးတယ်။ ဘယ်လောက်ကျန်တယ်ဆိုတာ မသိရဘူး။ ထုတ်ပြန်တာလည်း မရှိခဲ့ဘူး။ EC စာချုပ်မှာလည်း အဲ့ဒါနဲ့ ပတ်သက်ပြီး ထည့်သွင်းထားတာမရှိဘူး။ ကျွန်တော်တို့လည်း အဲလို ဖြတ်နေတာကို သဘောမတူခဲ့ဘူး။ 

ကိုဗစ်ကာလမှာလည်း နိုင်ငံတော်အစိုးရက ဘယ်လိုပဲ ကြေညာ ထားထား၊  ကုမ္ပဏီက လစာငွေတွေကို တရားမဝင် ဖြတ်တယ်။ ၁၅ ရာခိုင်နှုန်းအထိ ဖြတ်တယ်။ အဲ့ဒါက ၂၀၂၃ ခုနှစ် အထိပဲ။ ကိုဗစ်ကင်းတာ ၂၀၂၂ ခုနှစ်ကတည်းက ။ ကျွန်တော်တို့ အလုပ်သမားတွေ ဘယ်လိုတွေ နစ်နာခဲ့သလဲ ဆိုတာ ဒီမှာတင် သိသာတယ်။ 

ကိုဗစ်ကာလမှာ နိုင်ငံတော်က ပေးတဲ့ ကိုဗစ်ထောက်ပံ့ကြေးဆိုလည်း မရခဲ့ဘူး။ ကျွန်တော်တို့ သိသလောက်ဆိုရင် နှစ်ကြိမ်တောင် ရှိခဲ့တာ။ အဲ့ဒါလည်း တကြိမ်မှ မရခဲ့ဘူး ။ 

Diamond Rental Myanmar Company Limited က ကုမ္ပဏီသက်တန်းတလျှောက် အကျိုးအမြတ် ကြီးကြီး  ရတာပါ။ 

ဂျပန်းအစိုးရရဲ့ အထောက်အပံ Official Development Assistant (ODA) အစီအစဉ်ရဲ့ မြန်မာနိုင်ငံ အတွင်းက စီမံကိန်းတွေတော်တော်များများ ပါဝင်လုပ်ကိုင်ခဲ့ရတယ်။ ရထားလမ်း အဆင့် မြှင့်တယ်၊ အကြီးစား  စီမံကိန်းထဲက တံတားဆောက်တာ၊ ဆိပ်ကမ်းတွေ၊ အထူးစီးပွားရေးဇုန်တွေရဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ မှာလည်း Diamond Rental ပါဝင်ခဲ့တယ်။ 

နောက်ဆုံး အခုဆောက်နေတဲ့ ဒလ-ရန်ကုန် တံတား စီမံကိန်း မှာလည်း ပါတယ်။  

အခု ကုမ္ပဏီမှာ ကျန်ခဲ့တဲ့ အလုပ်သမားတွေဆိုလည်း နဂိုအတိုင်း အလုပ်သမားတွေရဲ့ လုပ်ခလစာကို  ဖြတ်နေ တာပဲ။ 

ဒီလိုကာလ  ဘာမှဆို ရှားပါးပါတယ်။ အလုပ်အကိုင်က ရတဲ့ဝင်ငွေကို စိစစ်သုံးစွဲနေရတဲ့ အချိန်၊ ဘယ် အလုပ်သမားမှ အပိုငွေတွေ မထွက်ချင်ကြဘူး။ အခုတော့ သဘောတူ တူ၊ မတူ တူတူ ပေးနေရတယ်။  
ကျွန်တော်အမြင်ကတော့ ODA ရဲ့ စီမံကိန်း ကို အကောင်အထည်ဖော်တဲ့ ဂျပန်ကုမ္ပဏီက အလုပ်သမား ဥပဒေကို ချိုးဖောက် နေတာပါ။ 

မသိဘူးဆိုတဲ့ရင်တော့ တော်တော် တာဝန်မဲ့တဲ့ လုပ်ရပ်လို့ပဲ ပြောရမယ်။ မြန်မာမှာ စီမံကိန်းတွေလုပ်နေတာ ဒီဂျပန်ကုမ္ပဏီတခုတည်းလည်း မဟုတ်ပါဘူး။  တခြား ဂျပန်ကော်ပရေးရှင်းတွေလည်း ရှိမှာပါ။ ဒါဆို တခြားဂျပန် စီမံကိန်းတွေမှာလည်း အလုပ်သမားအခွင့်အရေး ချိုးဖောက်နိုင်တာပဲ။ ဥပဒေ  ချိုးဖောက်ခံတဲ့ အလုပ်သမားတဦးအနေနဲ့က ပါဝင်ပတ်သက်တဲ့ ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး အကူအညီတောင်းမှာပါပဲ ။ 

Myanmar Labour News ကနေ သက်ဆိုင်ရာ လူကြီးမင်းတွေကို အသိပေးတာပါ ။
အလုပ်သမားတဦး

#အချက်အလက်- Diamond Rental Myanmar Company Limited က စက်ယန္တရားနဲ့ စက်ကိရိယာတွေ ငှားရမ်းတဲ့ ကုမ္ပဏီဖြစ်ပြီး ရန်ကုန်မြို့၊ သီလဝါစက်မှုဇုန်၊ သီလဝါ လမ်းမကြီးမှာ  လုပ်ငန်း လုပ်ကိုင်နေတယ်လို့ သိရပါတယ်။   Diamond Rental Myanmar ရဲ့ ရှယ်ယာရှင်တွေကတော့ Mitsubishi Corporationနဲ့ Nikken Corporation တို့ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ဝက်ဆိုဒ်မှာ ဖော်ပြထားပါတယ်။  Mitsubishi Corporation ကတော့  Japan အစိုးရရဲ့ ODA အစီအစဉ် ငွေကြေးထောက်ပံ့မှုနဲ့ လုပ်ဆောင်တဲ့ မြန်မာနိုင်ငံအတွင်းက စီမံကိန်းတချို့မှာ ပါဝင် လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ 

Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews 

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026